ယေဇကျေလ 39:1Judson Bibleသို့ဖြစ်၍၊ အချင်းလူသား၊ ဂေါဂတစ်ဖက်၌ ပရောဖက်ပြု၍ အရှင်ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ရောရှ၊ မေရှက်၊ တုဗလပြည်တို့ကို အစိုးရသော အို ဂေါဂမင်း၊ ငါသည်သင့်တစ်ဖက်၌နေ၏။ အခန်းကိုကြည့်ပါ။ |
ထိုအရပ်၌ မိမိအလုံးအရင်း ရှိသမျှတို့နှင့်အတူ မေရှက်လည်းရှိ၏။ တုဗလလည်းရှိ၏။ သင်္ချိုင်းတွင်းတို့သည် ပတ်လည်၌ ရှိကြ၏။ အသက်ရှင်သောသူတို့၏နေရာ၌ သူတစ်ပါးကို ကြောက်စေတတ်သော်လည်း ထိုသူရှိသမျှတို့သည် အရေဖျားလှီးခြင်းကို မခံသောသူဖြစ်၍ ဓားဖြင့် သေလျက်နေကြ၏။
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင့်တစ်ဖက်၌ ငါနေ၏။ သင်၏ရထားတို့ကို မီးခိုးထဲမှာ မီးရှို့မည်။ သင်၏ခြင်္သေ့ပျိုတို့ကို ဓားဖြင့် ဖျက်ဆီးမည်။ သင်လုယူသောဥစ္စာကို မြေကြီးမှ ပယ်ရှင်းမည်။ သင်၏သံတမန်တို့ စကားသံကို နောက်တစ်ဖန် အဘယ်သူမျှ မကြားရ။