Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 38:19

Judson Bible

အ​ကယ်​စင်​စစ် ထို​အ​ခါ ဣ​သ​ရေ​လ​ပြည်၌ ကြီး​စွာ​သော လှုပ်​ရှား​ခြင်း​ဖြစ်​လိမ့်​မည်​ဟု ငါ၏​ဒေါ​သ​မီး​လောင်​လျက် ငါ​ပြော​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ အ​မျက်​တော်​ထွက်​သော​အား​ဖြင့် မြေ​ကြီး​တုန်​လှုပ်၍၊ တောင်​အ​မြစ်​တို့​သည် တ​ရွေ့​ရွေ့​လှုပ်​ရှား​ကြ၏။

နှာ​ခေါင်း​တော်​ထဲ​က မီး​ခိုး​ထွက်၍၊ နှုတ်​တော်​ထဲ​က မီး​လောင်​သော​အား​ဖြင့်၊ မီး​ခဲ​တောက်​လေ၏။

အို ထာ​ဝ​ရ​ဘု​ရား၊ အ​မျက်​တော်​သည် အ​လျှင်း​မ​ငြိမ်း​ဘဲ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ထွက်​ပါ​မည်​နည်း။ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး စိတ်​တော်​သည် မ​ပြေ၊ မီး​ကဲ့​သို့ လောင်​ပါ​မည်​နည်း။

ထာ​ဝ​ရ​ဘု​ရား​သည် သူ​ရဲ​ကဲ့​သို့ ထွက်​ကြွ၍၊ စစ်​သူ​ရဲ​ကဲ့​သို့ ကိုယ်​စိတ်​ကို ကိုယ်​နှိုး​ဆော်​တော်​မူ​လိမ့်​မည်။ အော်​ဟစ်​ကြွေး​ကြော်၍ ရန်​သူ​တို့​တစ်​ဖက်၌ အား​ထုတ်​တော်​မူ​လိမ့်​မည်။

တောင်​ကြီး​တောင်​ငယ်​များ​ကို သွေ့​ခြောက်​စေ​မည်။ သူ​တို့​အ​ပင် ရှိ​သ​မျှ​တို့​ကို​လည်း ညှိုး​နွမ်း​စေ​မည်။ မြစ်​များ​ကို ကုန်း​ဖြစ်​စေ​မည်။ ရေ​ကန်​များ​ကို ခန်း​ခြောက်​စေ​မည်။

အ​ကယ်​စင်​စစ် ငါ့​ပြည်​ကို​လု​ယူ​စ​ရာ​ဖို့ ပစ်​ထား​ခြင်း​ငှာ အ​လွန်​ဝမ်း​မြောက်​သော​စိတ်၊ အ​ငြိုး​ထား​သော​စိတ်​ရှိ၍၊ ကိုယ်​တိုင်​လု​ယူ​စ​ရာ​ဖို့ စီ​ရင်​သော ဧ​ဒုံ​အ​မျိုး​သား​အ​ပေါင်း​တို့​နှင့် ကျန်​ကြွင်း​သော တစ်​ပါး​အ​မျိုး​သား​တို့ တစ်​ဖက်၌ ငါ​သည် ဒေါ​သ​မီး​ထွက်၍ ပြော​ထား​ပြီ။

သို့​ဖြစ်၍၊ ဣ​သ​ရေ​လ​ပြည်​ကို ရည်​မှတ်၍ ပ​ရော​ဖက်​ပြု​လျက်၊ တောင်​ကြီး၊ တောင်​ငယ်၊ မြစ်​ရေ​စီး​ရာ၊ ချိုင့်​ရာ​တို့​အား အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့​သည် တစ်​ပါး​အ​မျိုး​သား​တို့ ကဲ့​ရဲ့​ခြင်း​ကို​ခံ​ရ​သော​ကြောင့်၊ ငါ​သည် ဒေါ​သ​အ​မျက်​ထွက်၍ ပြော​ပြီ။

ဤ​အ​မှု​တွင် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော​ယာ​ကုပ်​အ​မျိုး​ကို ငါ​တစ်​ဖန်​ဆောင်​ခဲ့၍၊ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​ကို ကယ်​မ​သ​နား​သ​ဖြင့်၊ ငါ၏​နာ​မ​မြတ်​အ​ဖို့​အ​လို​ငှာ စိတ်​အား​ကြီး​မည်။

မာ​ဂေါ​ဂ​ပြည်​နှင့် ပင်​လယ်​ကမ်း​နား​မှာ ငြိမ်​ဝပ်​စွာ​နေ​သော သူ​တို့​အ​ပေါ်​သို့ မီး​ကို​ငါ​လွှတ်​လိုက်၍၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်။

ထို​သို့ ငါ့​အ​မျက်​အ​လို ပြည့်​စုံ​လိမ့်​မည်။ ငါ့​ဒေါ​သ​အ​ရှိန်​ကို သူ​တို့​အ​ပေါ်​မှာ တည်​စေ​ပြီး​မှ၊ ငါ့​စိတ်​ပြေ​လိမ့်​မည်။ သူ​တို့၌ ငါ့​ဒေါ​သ​စိတ်​အ​လို​ကို ပြည့်​စုံ​စေ​သော​အ​ခါ၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် စိတ်​အား​ကြီး၍ မိန့်​တော်​မူ​ကြောင်း​ကို သူ​တို့​သိ​ရ​ကြ​လိမ့်​မည်။

သို့​ပြု​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည် ပြည်​တော်​ကို မ​စ​ချင်​သော စိတ်​အား​ကြီး၍ မိ​မိ​လူ​တို့​ကို ကယ်​မ​သ​နား​တော်​မူ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း ဇိ​အုန်​တောင်​ပေါ်​က ကြွေး​ကြော်၍၊ ယေ​ရု​ရှ​လင်​မြို့​ထဲ​က အ​သံ​ကို​လွှင့်​တော်​မူ​သ​ဖြင့်၊ မိုး​ကောင်း​ကင်​နှင့် မြေ​ကြီး​သည် တုန်​လှုပ်​လိမ့်​မည်။ သို့​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့၏​ခို​လှုံ​ရာ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ အ​စွမ်း​သ​တ္တိ ဖြစ်​တော်​မူ​လိမ့်​မည်။

အ​ပြစ်​ရှိ​သည်​ဟု ထာ​ဝ​ရ​ဘု​ရား​သည် ယုံ​လွယ်၍ ဒဏ်​ပေး​သော​ဘု​ရား ဖြစ်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ဒဏ်​ပေး၍ အ​မျက် ပြင်း​ထန်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ရန်​ဘက်​ပြု​သော​သူ​တို့​ကို ဒဏ်​ပေး၍၊ ရန်​သူ​တို့​ကို အ​ငြိုး​ထား​တော်​မူ၏။

ငါ​နှင့် ပြော​ဆို​သော ကောင်း​ကင်​တ​မန်​က​လည်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို၍ ကြွေး​ကြော်​ရ​မည်​မှာ၊ ငါ​သည် ယေ​ရု​ရှ​လင်​မြို့​နှင့် ဇိ​အုန်​တောင်​အ​ဖို့ အ​လွန်​ကြင်​နာ​သော​စိတ်​အား​ကြီး၏။

ထို​သူ​ကို ထာ​ဝ​ရ​ဘု​ရား နှ​မြော​တော်​မ​မူ။ အ​ပြစ်​ရှိ​သည်​ဟု ထင်​လွယ်​သော​စိတ်၊ အ​မျက်​တော်​အ​ရှိန် မီး​ခိုး​ထွက်၍ ဤ​ကျမ်း​စာ၌​ရေး​ထား​သော အ​မင်္ဂ​လာ​ရှိ​သ​မျှ​တို့​သည် ထို​သူ​အ​ပေါ်​မှာ တည်​နေ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် သူ၏​အ​မည်​ကို မိုး​ကောင်း​ကင်​အောက်၌ ချေ​တော်​မူ​လိမ့်​မည်။

ငါ​သည် အ​မျက်​ထွက်၍​မီး​ရှို့​သ​ဖြင့်၊ အ​နက်​ဆုံး​သော​မ​ရ​ဏ​နိုင်​ငံ​သို့ လောင်​လိမ့်​မည်။ မြေ​နှင့် မြေ​အ​သီး​အ​နှံ​ကို​ကျွမ်း​စေ၍ တောင်​ခြေ​ရင်း​တိုင်​အောင် လောင်​လိမ့်​မည်။

အ​ထက်​က ဗျာ​ဒိတ်​တော်​အ​သံ​သည် မြေ​ကြီး​ကို​လှုပ်​သည် ဖြစ်၍၊ ယ​ခု​တစ်​ဖန် ငါ​သည် မြေ​ကြီး​နှင့် ကောင်း​ကင်​ကို လှုပ်​ဦး​မည်​ဟု က​တိ​တော်​ရှိ၏။-

ငါ​တို့​ဘု​ရား​သ​ခင်​သည် လောင်​သော​မီး ဖြစ်​တော်​မူ၏။

ထို​အ​ချိန်​နာ​ရီ၌ ကြီး​စွာ​သော မြေ​လှုပ်​ခြင်း ဖြစ်၍၊ မြို့​ရိုး ဆယ်​စု​တစ်​စု​ပြို​လေ၏။ ထို​မြေ​လှုပ်​ခြင်း၌ လူ​ခု​နစ်​ထောင်​သေ​ကြ၏။ ကြွင်း​သော​သူ​တို့​သည် ကြောက်​ရွံ့၍ ကောင်း​ကင်​ဘုံ၏ အ​ရှင်​ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​ကြ၏။-

လျှပ်​စစ်​ပြက်​ခြင်း၊ အ​သံ​မြည်​ခြင်း၊ မိုး​ချုန်း​ခြင်း၊ ကြီး​စွာ​သော မြေ​လှုပ်​ခြင်း​ဖြစ်​ကြ၏။ မြေ​ကြီး​အ​ပေါ်​မှာ လူ​တို့​ဖြစ်​သည့် ကာ​လ​မှ​စ၍ ထို​သို့​သော လ​က္ခ​ဏာ​နှင့် ထို​မျှ​လောက် ပြင်း​ထန်​စွာ​သော မြေ​လှုပ်​ခြင်း​သည် မ​ဖြစ်​စ​ဖူး။

အ​ချိန် အ​ခွက်​တစ်​ဆယ်​ရှိ​သော မိုး​သီး​သည် ကောင်း​ကင်​က လူ​တို့​အ​ပေါ်​သို့ ကျ​လေ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ