Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 38:10

Judson Bible

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ထို​အ​ခါ သင်​သည် အ​ရာ​ရာ​တို့​ကို အောက်​မေ့၍ မ​ကောင်း​သော​အ​ကြံ​ကို ကြံ​စည်​လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်​ထိုင်​ခြင်း၊ ထ​ခြင်း​အ​ရာ​တို့​ကို သိ​တော်​မူ၏။ အ​ကျွန်ုပ်​အ​ကြံ​အ​စည်​တို့​ကို အ​ဝေး​က​ပင် နား​လည်​တော်​မူ၏။

အိပ်​ရာ​ပေါ်​မှာ မ​ကောင်း​သော​အ​မှု​ကို ကြံ​စည်​တတ်၏။ မ​ကောင်း​သော​လမ်း​သို့ အ​မြဲ​လိုက်၍၊ ဆိုး​ယုတ်​သော​အ​ကျင့်​ကို ရွံ​ရှာ​ခြင်း​မ​ရှိ။

သူ​တော်​ကောင်း​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ မျက်​နှာ​ရ​တတ်၏။ မ​ကောင်း​သော​အ​ကြံ​ကို ကြံ​စည်​သော​သူ​မူ​ကား၊ အ​ပြစ်​စီ​ရင်​တော်​မူ​ခြင်း​ကို​ခံ​ရ၏။

လူ​သည် အ​ထူး​ထူး အ​ပြား​ပြား ကြံ​စည်​တတ်၏။ သို့​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ အ​ကြံ​တော်​သည် တည်​လိမ့်​မည်။

ကောက်​သော​စိတ်​သ​ဘော​နှင့် ပြည့်​စုံ၍၊ မ​ကောင်း​သော​အ​ကြံ​ကို အ​စဉ် ကြံ​စည်​တတ်၏။ သူ​တစ်​ပါး​ချင်း ရန်​တွေ့​စေ​ခြင်း​ငှာ ပြု​တတ်၏။

မ​ကောင်း​သော အ​ကြံ​ကို ကြံ​စည်​သော​နှ​လုံး​တစ်​ပါး၊ အ​ပြစ်​ပြု​ရာ​သို့ အ​လျင်​အ​မြန်​ပြေး​တတ်​သော ခြေ​တစ်​ပါး၊

သို့​သော်​လည်း၊ သူ​သည် အ​ခြား​သော​အ​ကြံ၊ အ​ခြား​သော​အ​လို​ရှိ၏။ သူ​သည်​ဖျက်​ဆီး၍၊ များ​စွာ​သော​လူ​မျိုး​တို့​ကို ပယ်​ရှင်း​ခြင်း​ငှာ အ​လို​ရှိ၏။

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ငါ့​အ​ပေါ်​သို့ သက်​ရောက်၍၊ သင်​သည်​ဟော​ပြော​လော့။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်​တို့​သည် ဤ​သို့​ပြော​ဆို​ကြ​ပြီ။ သင်​တို့ ကြံ​စည်​သ​မျှ​တို့​ကို ငါ​သိ၏။

ဒု​စ​ရိုက်​ကို ပြု​ခြင်း​ငှာ အိပ်​ရာ​ပေါ်​မှာ မ​ကောင်း​သော အ​ကြံ​ကို​ကြံ၍၊ မိုး​လင်း​သော​အ​ခါ အ​ခွင့်​ရ​သည်​အ​တိုင်း ပြု​တတ်​သော သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။

လူ​အ​တွင်း​နှ​လုံး​ထဲ​က မ​ကောင်း​သော ကြံ​စည်​ခြင်း၊ သူ့​မ​ယား​ကို ပြစ်​မှား​ခြင်း၊ မိန်း​မ​လွတ်​နှင့် မှား​ယွင်း​ခြင်း၊ လူ​အ​သက်​ကို သတ်​ခြင်း၊-

ကိုယ်​တော်​ကို အပ်​နှံ​မည်​အ​ကြောင်း မာရ်​နတ်​သည် ရှိ​မုန်၏​သား ယု​ဒ​ရှ​ကာ​ရုတ်၏ စိတ်​နှ​လုံး၌ အ​ကြံ​ပေး​သွင်း​နှင့်​သ​တည်း။ ထို​အ​ခါ ည​စာ​ကို​စား​ကြ​စဉ်၊-

ပေ​တ​ရု​က​လည်း၊ အာ​န​နိ၊ သင်​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို လှည့်​စား၍၊ မြေ​ကို​ရောင်း​သော အ​ဖိုး၏​တစ်​ဖို့​ကို ထိမ်​ဝှက်​မည်​အ​ကြောင်း၊ စာ​တန်​သည် သင်၏​စိတ်​နှ​လုံး​ကို အ​ဘယ်​ကြောင့် ပြည့်​စေ​ရ​သ​နည်း။-

ပေ​တ​ရု​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​ကို စုံ​စမ်း​မည်​ဟု သ​ဘော​တူ​နှင့် အ​ဘယ်​ကြောင့် ကြံ​စည်​ကြ​သ​နည်း။ ကြည့်​ရှု​လော့။ သင်၏​ခင်​ပွန်း​ကို သင်္ဂြိုဟ်​သော သူ​တို့၏​ခြေ​သည် တံ​ခါး​နား​မှာ​ရှိ​သည်​ဖြစ်၍၊ သင့်​ကို​လည်း ဆောင်​သွား​လေ​ဦး​မည်​ဟု ဆို​သော​ခ​ဏ​ချင်း​တွင်၊-

ထို​ကြောင့် သင်၌ ယ​ခု​ဆိုး​ညစ်​သော​အ​မှု​ကို နောင်​တ​ရ​လော့။ သင်၏​စိတ်​နှ​လုံး၌ ကြံ​စည်​ခြင်း​အ​ပြစ်​ကို လွှတ်​ကောင်း​လွှတ်​လိမ့်​မည် ဖြစ်၍၊ ဘု​ရား​သ​ခင်​ကို တောင်း​ပန်​လော့။-

ထို​သို့​ဖြစ်​လျှင် မှောင်​မိုက်၌ ဝှက်​ထား​သော​အ​ရာ​တို့​ကို ပွင့်​လင်း​စေ၍ စိတ်​နှ​လုံး​အ​ကြံ​အ​စည်​များ​ကို ထင်​ရှား​စေ​လ​တ္တံ့​သော သ​ခင်​ဘု​ရား ကြွ​လာ​တော်​မ​မူ​မီ တိုင်​အောင် အ​ဘယ်​အ​မှု​ကို​မျှ အ​ဆုံး​အ​ဖြတ် မ​စီ​ရင်​ကြ​နှင့်။ ကြွ​လာ​တော်​မူ​သော​အ​ခါ၊ အ​သီး​အ​သီး​တို့​သည် ဘု​ရား​သ​ခင် ချီး​မွမ်း​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ခံ​ရ​ကြ​လ​တ္တံ့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ