ယေဇကျေလ 37:3Judson Bibleထာဝရဘုရားကလည်း၊ အချင်းလူသား၊ ဤအရိုးတို့သည် အသက်ရှင်နိုင်သလောဟု မေးတော်မူလျှင်၊ ငါက၊ အို အရှင်ထာဝရဘုရား၊ ကိုယ်တော်သိတော်မူသည်ဟု လျှောက်လေ၏။ အခန်းကိုကြည့်ပါ။ |
ငါသည် သင့်ကို လူမျိုးအများတို့၏အဘ ဖြစ်စေ၏ဟု ကျမ်းစာ၌လာသည်နှင့်အညီ၊ ထိုအာဗြဟံသည်ကား၊ သေလွန်သောသူတို့ကို ရှင်စေတော်မူထသော၊ မဖြစ်သေးသောအရာတို့ကို ဖြစ်သောအရာကဲ့သို့ မှာထားတော်မူသော ဘုရားသခင်တည်းဟူသော၊ ကိုယ်တိုင်ယုံကြည်သော ဘုရားရှေ့တော်၌ ခပ်သိမ်းသောငါတို့၏အဘ ဖြစ်သတည်း။-
ငါသည် ကိုယ်တိုင်အားဖြင့် ဘုရားဖြစ်ကြောင်းကိုလည်းကောင်း၊ ငါမှတစ်ပါး အခြားသောဘုရားမရှိကြောင်းကိုလည်းကောင်း ကြည့်ရှုကြလော့။ ငါသည် အသက်ကိုသေစေ၏။ အသက်ကိုလည်း ရှင်စေ၏။ ငါသည် အနာပေါ်စေခြင်းငှာ ဒဏ်ခတ်၏။ အနာကိုလည်း ပျောက်စေ၏။ ငါ့လက်မှ အဘယ်သူမျှ မကယ်မနုတ်နိုင်။