ထိုအရိုးတို့ပတ်လည်၌ လျှောက်သွားစေတော်မူ၏။ ထိုချိုင့်မျက်နှာပြင်၌ များစွာသောအရိုးတို့သည်ရှိ၍ အလွန်သွေ့ခြောက်ကြ၏။
မြေပေါ်မှာ ထင်းကိုခုတ်၍ ခွဲသကဲ့သို့၊ မရဏနိုင်ငံတံခါးဝမှာ အကျွန်ုပ်တို့၏အရိုးများတို့သည် ကွဲပြားလျက် ရှိကြပါ၏။
တစ်ဖန် ထာဝရဘုရား၏ လက်တော်သည် ငါ့အပေါ်မှာရှိ၍ ဝိညာဉ်တော်အားဖြင့် ငါ့ကိုပြင်သို့ ဆောင်သွားလျက်၊ အရိုးတို့နှင့် ပြည့်သောချိုင့်အလယ်၌ ထားပြီးလျှင်၊
ထာဝရဘုရားကလည်း၊ အချင်းလူသား၊ ဤအရိုးတို့သည် ဣသရေလအမျိုးအပေါင်းဖြစ်ကြ၏။ ငါတို့အရိုးများသည် သွေ့ခြောက်ကြ၏။ မျှော်လင့်စရာမရှိ။ ငါတို့သည် ဆုံးရှုံးကြပြီဟု သူတို့ဆိုတတ်ကြ၏။
ထာဝရဘုရားကလည်း၊ အချင်းလူသား၊ ဤအရိုးတို့သည် အသက်ရှင်နိုင်သလောဟု မေးတော်မူလျှင်၊ ငါက၊ အို အရှင်ထာဝရဘုရား၊ ကိုယ်တော်သိတော်မူသည်ဟု လျှောက်လေ၏။
ထိုတောင်တို့သည် ယော်ဒန်မြစ်အနောက်၊ နေဝင်ရာဘက်မှာ ခါနနိလူတို့နေရာ အရပ်တည်းဟူသော၊ မောရေသပိတ်တောအနား၊ ဂိလဂါလမြို့နှင့်ဆိုင်သော လွင်ပြင်၌ ရှိသည်မဟုတ်လော။