Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 36:7

Judson Bible

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​ကယ်​စင်​စစ် သင်​တို့​ပတ်​လည်၌​နေ​သော တစ်​ပါး​အ​မျိုး​သား​တို့​သည် ကိုယ်​အ​ရှက်​ကွဲ​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်​ဟု ငါ​ကျိန်​ဆို​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်​တို့ အိမ်​နီး​ချင်း​တို့​သည် ကိုယ်​တော်​အား ကဲ့​ရဲ့​ခြင်း​အ​ပြစ်​ကို သူ​တို့​ရင်​ခွင်​ထဲ​သို့ ခု​နစ်​ဆ​တိုင်​အောင် ဆပ်​ပေး​တော်​မူ​ပါ​ဘု​ရား။

ဤ​ပြည်​နှင့် ပြည်​သား​များ​ကို​လည်း​ကောင်း၊ ပတ်​ဝန်း​ကျင်၌​ရှိ​သော လူ​အ​မျိုး​မျိုး​တို့​ကို​လည်း​ကောင်း စစ်​တိုက်​စေ​ခြင်း​ငှာ၊ ငါ၏​ကျွန် ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​အ​စ​ရှိ​သော မြောက်​ပြည်​သား အ​မျိုး​မျိုး​အ​ပေါင်း​တို့​ကို ငါ​မှာ​လိုက်၍ ဆောင်​ခဲ့​ပြီး​လျှင်၊ ရှင်း​ရှင်း​ဖျက်​ဆီး၍၊ ဤ​ပြည်​သား​တို့​ကို အံ့​ဩ​ဖွယ်​ရာ၊ ကဲ့​ရဲ့​သံ​ကို​ကြား​ရာ၊ အ​စဉ်​အ​မြဲ လူ​ဆိတ်​ညံ​ရာ ဖြစ်​စေ​မည်။

တစ်​ဖန်၊ ပြည်​တ​ကာ​တို့၏ အထွတ်​ဖြစ်၍ နို့​နှင့် ပျား​ရည်​စီး​သော​ပြည်၊ သူ​တို့​အား​ငါ​ပေး​သော​ပြည်​သို့ မ​ပို့​ဆောင်​ခြင်း​ငှာ၊ တော၌ ငါ​ကျိန်​ဆို၏။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို​ဆင့်​ဆို​ရ​မည်​မှာ၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ငါ​ရွေး​ကောက်၍၊ အဲ​ဂု​တ္တု​ပြည်၌ သူ​တို့​အား ထင်​ရှား​လျက်၊ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သည်​ဟု၊ ယာ​ကုပ်​အ​မျိုး​သား​တို့​အား ကျိန်​ဆို​သည်​ကာ​လ၊

နောက်​တစ်​ဖန် အ​တိုင်း​တိုင်း​အ​ပြည်​ပြည် ကဲ့​ရဲ့​အ​ပြစ်​တင်​သော စ​ကား​ကို​မ​ကြား​ရ။ နောက်​တစ်​ဖန် ကိုယ်​အ​မျိုး​သား​တို့၌ လု​ယူ​ဖျက်​ဆီး​ခြင်း​ကို မ​ပြု​ရ​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သို့​ဖြစ်၍၊ ဣ​သ​ရေ​လ​ပြည်​ကို ရည်​မှတ်၍ ပ​ရော​ဖက်​ပြု​လျက်၊ တောင်​ကြီး၊ တောင်​ငယ်၊ မြစ်​ရေ​စီး​ရာ၊ ချိုင့်​ရာ​တို့​အား အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့​သည် တစ်​ပါး​အ​မျိုး​သား​တို့ ကဲ့​ရဲ့​ခြင်း​ကို​ခံ​ရ​သော​ကြောင့်၊ ငါ​သည် ဒေါ​သ​အ​မျက်​ထွက်၍ ပြော​ပြီ။

အို ဣ​သ​ရေ​လ​တောင်​တို့၊ သင်​တို့​မူ​ကား၊ အ​ပင်​ပေါက်၍ ငါ၏​လူ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ဖို့ အ​သီး​ကို သီး​ရ​ကြ​လိမ့်​မည်။ သူ​တို့ ပြန်​လာ​ချိန်​နီး​ပြီ။

ငါ​သည် အ​စဉ်​အ​မြဲ​အ​သက်​ရှင်​ပေ၏​ဟု ငါ့​လက်​ကို ကောင်း​ကင်​သို့​ချီ၍ ကျိန်​ဆို၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ