ယေဇကျေလ 36:5Judson Bibleအကယ်စင်စစ် ငါ့ပြည်ကိုလုယူစရာဖို့ ပစ်ထားခြင်းငှာ အလွန်ဝမ်းမြောက်သောစိတ်၊ အငြိုးထားသောစိတ်ရှိ၍၊ ကိုယ်တိုင်လုယူစရာဖို့ စီရင်သော ဧဒုံအမျိုးသားအပေါင်းတို့နှင့် ကျန်ကြွင်းသော တစ်ပါးအမျိုးသားတို့ တစ်ဖက်၌ ငါသည် ဒေါသမီးထွက်၍ ပြောထားပြီ။ အခန်းကိုကြည့်ပါ။ |
ဤပြည်နှင့် ပြည်သားများကိုလည်းကောင်း၊ ပတ်ဝန်းကျင်၌ရှိသော လူအမျိုးမျိုးတို့ကိုလည်းကောင်း စစ်တိုက်စေခြင်းငှာ၊ ငါ၏ကျွန် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာအစရှိသော မြောက်ပြည်သား အမျိုးမျိုးအပေါင်းတို့ကို ငါမှာလိုက်၍ ဆောင်ခဲ့ပြီးလျှင်၊ ရှင်းရှင်းဖျက်ဆီး၍၊ ဤပြည်သားတို့ကို အံ့ဩဖွယ်ရာ၊ ကဲ့ရဲ့သံကိုကြားရာ၊ အစဉ်အမြဲ လူဆိတ်ညံရာ ဖြစ်စေမည်။
ပရောဖက်ပြု၍ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ သင်တို့သည် ကျန်ကြွင်းသော တစ်ပါးအမျိုးသားတို့ သိမ်းယူရာဖြစ်ရသည်တိုင်အောင်၊ သင်တို့ကို သုတ်သင်ပယ်ရှင်း၍ ပတ်လည် ကိုက်စားသောကြောင့်လည်းကောင်း၊ သင်တို့သည် လူများပြောဆိုရာ၊ ကဲ့ရဲ့ရာဖြစ်သောကြောင့်လည်းကောင်း၊
သို့သော်လည်း၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဖမ်းဆီးလုယက်ခြင်းငှာ ငါမထမီတိုင်အောင် ငါ့ကို ငံ့လင့်ကြလော့။ တိုင်းနိုင်ငံ ပြည်သားအမျိုးမျိုးတို့ကို စုဝေးစေ၍၊ ငါ့အမျက်၊ ငါ့ဒေါသအရှိန်ကို အကုန်အစင် သွန်းလောင်းမည်ဟု ငါအကြံရှိ၏။ ငါ့ဒေါသမီးသည် မြေတစ်ပြင်လုံးကို လောင်ရလိမ့်မည်။