Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 36:34

Judson Bible

လျှောက်​သွား​သော​သူ​အ​ပေါင်း​တို့၏ မျက်​မှောက်၌ စွန့်​ပစ်​ဖူး​သော မြေ​တွင် တစ်​ဖန်​လယ်​လုပ်​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ထို​သို့ ဣ​သ​ရေ​လ​မြေ​သည် ဥ​ပုသ်​နေ့​တို့​ကို မွေ့​လျော်​စေ​ခြင်း​ငှာ၊ ယေ​ရ​မိ​ဆင့်​ဆို​သော ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​သည် ပြည့်​စုံ​ရ၏။ ထို​ပြည်​သည် လူ​ဆိတ်​ညံ​လျက်​နေ​သော ကာ​လ၊ အ​နှစ်​ခု​နစ်​ဆယ်​စေ့​အောင် ဥ​ပုသ်​နေ့​တို့​ကို စောင့်​သော​အ​ခွင့် ရှိ​သ​တည်း။ ရာ​ဇ​ဝင်​ချုပ်​ဒု​တိ​ယ​စောင်​ပြီး၏။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​ဒု​စ​ရိုက်​အ​ပြစ်​ရှိ​သ​မျှ​တို့​ကို ငါ​ရှင်း​လင်း​သော​အ​ခါ၊ မြို့​များ၌​လူ​နေ​စေ၍ ပျက်​စီး​သော​အ​ရပ်​တို့​သည် ပြု​ပြင်​ခြင်း​ရှိ​ကြ​လိမ့်​မည်။

ထို​အ​ခါ သူ​တစ်​ပါး​တို့​က၊ အ​ရင်​စွန့်​ပစ်​သော ဤ​မြေ​သည် ဧ​ဒင်​ဥ​ယျာဉ်​ကဲ့​သို့ ဖြစ်​လေ​ပြီ။ သုတ်​သင် ပယ်​ရှင်း​ပျက်​စီး​သော မြို့​တို့​သည်​လည်း ခိုင်​ခံ့၍ မြို့​သား​တို့​နှင့် ပြည့်​စုံ​ကြ​ပြီ​ဟု ပြော​ကြ​လိမ့်​မည်။

ငါ​သည် သင်​တို့​ဘက်၌​နေ၍ သင်​တို့​ရှိ​ရာ​သို့ ပြန်​လာ​သ​ဖြင့်၊ သင်​တို့​အ​ပေါ်​မှာ လယ်​လုပ်၍ မျိုး​စေ့​ကြဲ​ကြ​လိမ့်​မည်။

ထို​မှ​တစ်​ပါး၊ အ​နား​မှာ လျှောက်​သွား​သ​မျှ​သော​သူ​တို့​ရှေ့​တွင် သင့်​ကို လူ​ဆိတ်​ညံ​ရာ၊ ပတ်​လည်၌​နေ​သော လူ​အ​မျိုး​မျိုး​တို့၏ ကဲ့​ရဲ့​ရာ​ဖြစ်​စေ​မည်။

သူ​တို့​အ​ပေါ်​မှာ ငါ​သည်​လက်​ကို​ဆန့်၍၊ ဒိ​ဗ​လတ်​မြို့​နှင့် ဆိုင်​သော လွင်​ပြင်​ထက်၊ သူ​တို့ နေ​လေ​ရာ​ရာ​ပြည်​ကို သာ၍ လူ​ဆိတ်​ညံ​ရာ၊ အံ့​ဩ​ဖွယ်​ရာ ဖြစ်​စေ​သော​အ​ခါ၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ