Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 36:3

Judson Bible

ပ​ရော​ဖက်​ပြု၍ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့​သည် ကျန်​ကြွင်း​သော တစ်​ပါး​အ​မျိုး​သား​တို့ သိမ်း​ယူ​ရာ​ဖြစ်​ရ​သည်​တိုင်​အောင်၊ သင်​တို့​ကို သုတ်​သင်​ပယ်​ရှင်း၍ ပတ်​လည် ကိုက်​စား​သော​ကြောင့်​လည်း​ကောင်း၊ သင်​တို့​သည် လူ​များ​ပြော​ဆို​ရာ၊ ကဲ့​ရဲ့​ရာ​ဖြစ်​သော​ကြောင့်​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

33 ပူးပေါင်းရင်းမြစ်များ  

အဲ၊ ငါ​တို့​အ​လို​ပြည့်​စုံ​ပြီ​ဟု မ​အောက်​မေ့​ကြ​ပါ​စေ​နှင့်။ ငါ​တို့​သည် သူ့​ကို​မျို​ပြီ​ဟု၊ မ​ပြော​ကြ​ပါ​စေ​နှင့်။

အို ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​အော်​ဟစ်​ခြင်း​ကို နား​ထောင်၍ အ​ကျွန်ုပ်၏​ပ​တ္ထ​နာ​စ​ကား​ကို မှတ်​တော်​မူ​ပါ။

ရုံး၌ ထိုင်​သော​သူ​တို့​သည် အ​ကျွန်ုပ်​တစ်​ဖက်​မှာ​ပြော​ဆို၍၊ သေ​သောက်​ကြူး​တို့​သည် အ​ကျွန်ုပ်​ကို အ​ကြောင်း​ပြု​လျက် တေး​ဖွဲ့၍ ဆို​တတ်​ကြ​ပါ၏။

သူ​တို့၏​ဘု​ရား​သ​ခင်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု တစ်​ပါး​အ​မျိုး​သား​တို့​သည် အ​ဘယ်​ကြောင့် ဆို​ရ​ကြ​ပါ​မည်​နည်း။ သွန်​ပြီး​သော ကျွန်​တော်​မျိုး၏​အ​သွေး​ဘက်​မှာ တ​ရား​စီ​ရင်​တော်​မူ​သော​အ​ကြောင်း​သည် တစ်​ပါး​အ​မျိုး​သား​တို့​တွင် အ​ကျွန်ုပ်​တို့​မျက်​မှောက်၌ ထင်​ရှား​ပါ​စေ​သော။

အ​ကျွန်ုပ်​တို့​သည် အိမ်​နီး​ချင်း​များ ကဲ့​ရဲ့​ရာ၊ ပတ်​ဝန်း​ကျင်၌ နေ​သော​သူ​များ​ပြက်​ရယ်​ပြု၍ အ​ရှက်​ခွဲ​ရာ ဖြစ်​ကြ​ပါ၏။

သင်္ချိုင်း​တွင်း​သို့​ဆင်း​သော သူ​တို့​ကဲ့​သို့​တစ်​ကိုယ်​လုံး​ပါ​လျက်၊ အ​သက်​ရှင်​လျက်​ရှိ​သော ထို​သူ​တို့​ကို မ​ရ​ဏ​နိုင်​ငံ​မျို​သ​ကဲ့​သို့ မျို​ကြ​စို့။

ထို​သို့​ပြု၍ မိ​မိ​တို့​ပြည်​ကို လူ​ဆိတ်​ညံ​ရာ​အ​ရပ်၊ အ​စဉ်​ကဲ့​ရဲ့​သံ​ကြား​ရာ​အ​ရပ် ဖြစ်​စေ​သ​ဖြင့်၊ လမ်း၌​လျှောက်​သွား​သော သူ​အ​ပေါင်း​တို့​သည်​အံ့​ဩ၍၊ မိ​မိ​တို့​ခေါင်း​ကို ညိတ်​ကြ​လိမ့်​မည်။

ခြင်္သေ့​တို့​သည် သူ့​ကို​ဟောက်၍ အ​သံ​မြည်​ကြ​ပြီ။ သူ၏​ပြည်​ကို ဖျက်​ဆီး​ကြ​ပြီ။ သူ၏​မြို့​တို့​သည် မီး​လောင်​သော​ကြောင့်၊ အ​ဘယ်​သူ​မျှ မ​နေ​ရ။

သူ​တို့​သည် ငါ​နှင်​ရာ​အ​ရပ်​ရပ်​တို့၌ ကဲ့​ရဲ့​ခြင်း၊ ပုံ​ခိုင်း​ခြင်း၊ ဆဲ​ရေး​ခြင်း၊ ကျိန်​ခြင်း​တို့​ကို ခံ​ရ​မည်​အ​ကြောင်း၊ ငါ​သည် မြေ​ပေါ်​မှာ တိုင်း​နိုင်​ငံ​ရှိ​သ​မျှ​တို့၌ နှောင့်​ယှက်​ညှဉ်း​ဆဲ​ခြင်း​သို့ သူ​တို့​ကို အပ်​လိုက်​မည်။

ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​သော လူ​မျိုး​နှစ်​မျိုး​ကို တစ်​ဖန်​ပယ်​တော်​မူ​ပြီ​ဟု ဤ​လူ​တို့​ပြော​တတ်​သော စ​ကား​ကို သင်​သည်​ဆင်​ခြင်​ပြီ​လော။ ထို​သို့​သူ​တို့​သည် ငါ၏​လူ​မျိုး​ကို လူ​မျိုး​ကဲ့​သို့​မ​မှတ်၊ မ​ထီ​မဲ့​မြင်​ပြု​ကြ​ပြီ။

ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ငါ​တို့​ကို ကိုက်​စား၍​နှိပ်​စက်​ပါ​ပြီ။ ငါ​တို့​ကို ဟင်း​လင်း​သော​အိုး ဖြစ်​စေ​ပါ​ပြီ။ န​ဂါး​မျို​တတ်​သ​ကဲ့​သို့ ငါ​တို့​ကို​မျို၍၊ ငါ​တို့​ပျော်​မွေ့​စ​ရာ​အ​ရာ​တို့​နှင့် မိ​မိ​ဝမ်း​ကို ပြည့်​စေ​ပါ​ပြီ။ ငါ​တို့​ကို နှင်​ထုတ်​ပါ​ပြီ။

ဇေ​ဒ​ကိ​မင်း​သည် အ​သက်​နှစ်​ဆယ်​တစ်​နှစ်​ရှိ​သော်၊ နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ တစ်​ဆယ်​တစ်​နှစ် စိုး​စံ​လေ၏။ မယ်​တော်​ကား၊ လိ​ဗ​န​မြို့​သူ ယေ​ရ​မိ​သ​မီး ဟာ​မု​တာ​လ​ဖြစ်​သ​တည်း။

ထာ​ဝ​ရ​ဘု​ရား​သည် သ​နား​ခြင်း​မ​ရှိ​ဘဲ၊ ယာ​ကုပ်​အ​မျိုး၏​နေ​ရာ​အ​ရပ်​ရှိ​သ​မျှ​တို့​ကို မျို​တော်​မူ​ပြီ။ အ​မျက်​တော်​ထွက်​သ​ဖြင့် ယု​ဒ​သ​တို့​သ​မီး၏​ရဲ​တိုက်​တို့​ကို မြေ​တိုင်​အောင် ဖြို​ဖျက်၍၊ နိုင်​ငံ​တော်​နှင့် မင်း​သား​တို့​ကို ရှုတ်​ချ​တော်​မူ​ပြီ။

ထာ​ဝ​ရ​ဘု​ရား​သည် ရန်​ဘက်​ပြု၍၊ ဣ​သ​ရေ​လ​အ​မျိုး​ကို​လည်း​ကောင်း၊ ဘုံ​ဗိ​မာန်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း မျို​တော်​မူ​ပြီ။ ရဲ​တိုက်​တို့​ကို ဖြို​ဖျက်​တော်​မူ​ပြီ။ ယု​ဒ​သ​တို့​သ​မီး ငို​ကြွေး​မြည်​တမ်း​သော အ​ကြောင်း​တို့​ကို များ​ပြား​စေ​တော်​မူ​ပြီ။

အ​ကျွန်ုပ်​တစ်​ဖက်၌ ထ​သော​သူ​တို့၏​အ​ပြစ်​တင်​ခြင်း၊ အ​ကျွန်ုပ်​တစ်​ဖက်၌ တစ်​နေ့​လုံး ကြံ​စည်​ခြင်း​ကို​လည်း​ကောင်း ကိုယ်​တော်​ကြား​တော်​မူ​ပြီ။

လူ​နေ​သော မြို့​တို့​သည်​လည်း ပျက်​စီး၍၊ တစ်​ပြည်​လုံး ဆိတ်​ညံ​လျက် ရှိ​ရ​လိမ့်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား ဖြစ်​ကြောင်း​ကို သင်​တို့ သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ​၏။

ငြိမ်​သက်​ခြင်း မ​ရှိ​သော်​လည်း၊ ငြိမ်​သက်​ခြင်း​ရှိ​သည်​ဟု သင်​တို့​ဆို​လျက်၊ ငါ၏​လူ​တို့​ကို လှည့်​စား​သော​ကြောင့်​လည်း​ကောင်း၊ တစ်​ယောက်​ကား အုတ်​ရိုး​ကို​တည်​လျက်၊ တစ်​ယောက်​ကား အင်္ဂ​တေ​နှင့်​မွမ်း​မံ​လျက် ပြု​သော​ကြောင့်​လည်း​ကောင်း၊

ထို​သို့​သင်​သည် ငါ့​တစ်​ဖက်၌​ဝါ​ကြွား၍ ပြော​မိ​သော​စ​ကား​အ​လုံး​စုံ​တို့​ကို ငါ​ကြား​ပြီ​ဟု မိန့်​တော်​မူ၏။

အ​ကယ်​စင်​စစ် ငါ့​ပြည်​ကို​လု​ယူ​စ​ရာ​ဖို့ ပစ်​ထား​ခြင်း​ငှာ အ​လွန်​ဝမ်း​မြောက်​သော​စိတ်၊ အ​ငြိုး​ထား​သော​စိတ်​ရှိ၍၊ ကိုယ်​တိုင်​လု​ယူ​စ​ရာ​ဖို့ စီ​ရင်​သော ဧ​ဒုံ​အ​မျိုး​သား​အ​ပေါင်း​တို့​နှင့် ကျန်​ကြွင်း​သော တစ်​ပါး​အ​မျိုး​သား​တို့ တစ်​ဖက်၌ ငါ​သည် ဒေါ​သ​မီး​ထွက်၍ ပြော​ထား​ပြီ။

အို​ဘု​ရား​ရှင်၊ ဖြောင့်​မတ်​တော်​မူ​ခြင်း တ​ရား​တော်​ရှိ​သ​မျှ​တို့​နှင့် အ​ညီ၊ သန့်​ရှင်း​သော တောင်​တော်​တည်း​ဟူ​သော ကိုယ်​တော်၏ ယေ​ရု​ရှ​လင်​မြို့​မှ ပြင်း​စွာ​သော ဒေါ​သ​အ​မျက်​တော်​ကို လွှဲ​တော်​မူ​ပါ​ဟု အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏။ အ​ကြောင်း​မူ​ကား၊ အ​ကျွန်ုပ်​တို့ အ​ပြစ်​များ​မှ​စ၍ ဘိုး​ဘေး​တို့၏​အ​ပြစ်​များ​ကြောင့်၊ ယေ​ရု​ရှ​လင်​မြို့​နှင့် ကိုယ်​တော်၏​လူ​စု​သည် ပတ်​ဝန်း​ကျင်၌​ရှိ​သော သူ​တို့​တွင် ကဲ့​ရဲ့​စ​ရာ​အ​ကြောင်း ဖြစ်​ပါ၏။

ထို​ပြည်​သည် သူ​တို့​လက်​မှ​လွတ်၍၊ သူ​တို့​မ​ရှိ​ဘဲ လူ​ဆိတ်​ညံ​လျက်​နေ​စဉ်​တွင် မိ​မိ​ဥ​ပုသ်​နေ့​တို့၌ မွေ့​လျော်​လိမ့်​မည်။ သူ​တို့​သည် ငါ့​စီ​ရင်​ထုံး​ဖွဲ့​ချက်​များ​ကို​ရွံ​ရှာ၍ မ​ထီ​မဲ့​မြင်​ပြု​သော​အ​ပြစ်​ကြောင့်၊ ခံ​ရ​သော​ဒဏ်​ကို ဝန်​ခံ​ရ​ကြ​လိမ့်​မည်။

ငါ၏​လူ​တို့​သည် ဘေး​ဥ​ပဒ်​ကို ခံ​ရ​သော​နေ့၌ သူ​တို့​နေ​ရာ တံ​ခါး​အ​တွင်း​သို့ မ​ဝင်​သင့်။ ဘေး​ဥ​ပဒ်​ကို ခံ​ရ​သော​နေ့၌ သူ​တို့၏​ဆင်း​ရဲ​ဒု​က္ခ​ကို မ​ကြည့်​မ​ရှု​သင့်။ ဘေး​ဥ​ပဒ်​ကို ခံ​ရ​သော​နေ့၌ သူ​တို့​ဥ​စ္စာ​ကို မ​လု​မ​ယူ​သင့်။

အ​သ​ရေ​ရှုတ်​ချ​ခြင်း​ကို ခံ​ရ​သော​အ​ခါ တောင်း​ပန်​ကြ၏။ ဤ​လော​က၏ အ​ညစ်​အ​ကြေး​ကဲ့​သို့​လည်း​ကောင်း၊ အ​ရပ်​ရပ်​ထဲ​က လှည်း​ပစ်​သော​တန်​မြက်​ချေး အ​မှိုက်​ကဲ့​သို့​လည်း​ကောင်း၊ ယ​ခု​တိုင်​အောင်​ဖြစ်​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို ဆောင်​သွား​တော်​မူ​သော အ​ပြည်​ပြည်​တို့၌ သင်​သည်​အံ့​ဩ​ရာ၊ ပုံ​ခိုင်း​ရာ၊ ကဲ့​ရဲ့​ရာ​ဖြစ်​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ