အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ရန်သူက၊ အေ့ဟေ၊ ထာဝရတောင်တို့သည် ငါတို့လက်သို့ ရောက်ကြပြီဟု သင်တို့တစ်ဖက်၌ ဆိုမိသောကြောင့်၊
သန့်ရှင်းရာဌာနတော်ကို အထွတ်ကဲ့သို့တည်ဆောက်၍၊ မြေကြီးကဲ့သို့ အစဉ်မြဲစေတော်မူ၏။
အကျွန်ုပ်၏ဘုရားသခင်၊ လေပွေ၌ပါသွားသော အမှိုက်ကဲ့သို့လည်းကောင်း၊ လေတိုက်၍လွင့်သော ဖွဲ့ကဲ့သို့လည်းကောင်း သူတို့ကိုဖြစ်စေတော်မူပါ။
သင်သည် ထာဝရဘုရား၌ ပျော်မွေ့ရလိမ့်မည်။ မြေကြီးပေါ်မှာ မြင့်သောအရပ်တို့ကို ငါစီးစေ၍၊ သင့်အဘယာကုပ်၏ အမွေဥစ္စာနှင့် ငါကျွေးမည်ဟု ထာဝရဘုရား၏နှုတ်တော်ထွက်အမိန့်တော် ရှိ၏။
အမ္မုန်အမျိုးသားတို့ကို ရည်မှတ်၍ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလ၌ သားမရှိသလော။ အမွေခံ မရှိသလော။ မိလကုံဘုရားသည် ဂဒ်ပြည်ကို အဘယ်ကြောင့် သိမ်းယူသနည်း။ သူ့တပည့်တို့သည် ဂဒ်မြို့တို့၌ အဘယ်ကြောင့် နေကြသနည်း။
ဆင့်ဆိုရမည်မှာ၊ အရှင်ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ကြလော့။ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ရှုတ်ချလျက်ရှိသော ငါ၏သန့်ရှင်းရာဌာနကိုလည်းကောင်း၊ လူဆိတ်ညံခြင်းသို့ရောက်သော ဣသရေလပြည်ကိုလည်းကောင်း၊ အေ့ဟေဟု သင်ဆိုမိသောကြောင့်၊
အချင်းလူသား၊ တုရုမြို့က၊ အေ့ဟေ၊ တိုင်းနိုင်ငံတို့၏တံခါးဖြစ်သော ယေရုရှလင်မြို့သည် ပျက်စီးသည်ဖြစ်၍၊ ငါ့လက်သို့ ရောက်လိမ့်မည်။ ထိုမြို့ဆိတ်ညံသောကြောင့် ငါစည်ပင်လိမ့်မည်ဟု ယေရုရှလင်မြို့တစ်ဖက်၌ ဆိုမိသောကြောင့်၊
သင်က၊ ဤတိုင်းပြည်နှစ်ပြည်ကို ငါတို့သည်သိမ်း၍ ပိုင်မည်ဟု ထိုပြည်၌ ထာဝရဘုရားရှိလျက်နှင့် ဆိုမိသောကြောင့်၊
သင်က၊ ဣသရေလတောင်တို့သည် ပျက်စီး၍ ငါတို့စားစရာဖို့ ဖြစ်ကြ၏ဟု ကဲ့ရဲ့၍ပြောဆိုသော စကားအလုံးစုံတို့ကို ငါထာဝရဘုရားကြားကြောင်းကို သင်သိရလိမ့်မည်။
တစ်ဖန် အချင်းလူသား၊ ဣသရေလတောင်တို့အား ပရောဖက်ပြု၍ ဆင့်ဆိုရမည်မှာ၊ အို ဣသရေလတောင်တို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။
အကယ်စင်စစ် ငါ့ပြည်ကိုလုယူစရာဖို့ ပစ်ထားခြင်းငှာ အလွန်ဝမ်းမြောက်သောစိတ်၊ အငြိုးထားသောစိတ်ရှိ၍၊ ကိုယ်တိုင်လုယူစရာဖို့ စီရင်သော ဧဒုံအမျိုးသားအပေါင်းတို့နှင့် ကျန်ကြွင်းသော တစ်ပါးအမျိုးသားတို့ တစ်ဖက်၌ ငါသည် ဒေါသမီးထွက်၍ ပြောထားပြီ။
ငါ၏လူတို့သည် ဘေးဥပဒ်ကို ခံရသောနေ့၌ သူတို့နေရာ တံခါးအတွင်းသို့ မဝင်သင့်။ ဘေးဥပဒ်ကို ခံရသောနေ့၌ သူတို့၏ဆင်းရဲဒုက္ခကို မကြည့်မရှုသင့်။ ဘေးဥပဒ်ကို ခံရသောနေ့၌ သူတို့ဥစ္စာကို မလုမယူသင့်။
အရှင်ထာဝရဘုရားသည် ငါ၏အစွမ်းသတ္တိ ဖြစ်တော်မူ၏။ ငါ့ခြေကို သမင်ခြေကဲ့သို့ဖြစ်စေ၍၊ ငါ၏မြင့်ရာ အရပ်ပေါ်မှာ ငါ့ကိုနေရာချတော်မူမည်။ ပရောဖက်ဟဗက္ကုတ် စီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။
မြေကြီးပေါ်မှာ မြင့်မြတ်သောအရပ်တို့၌ နေရာချတော်မူသဖြင့်၊ သူသည် မြေအသီးအနှံကိုစား၍ ကျောက်ထဲကပျားရည်ကိုလည်းကောင်း၊ မီးပါကျောက်ထဲကဆီကိုလည်းကောင်း၊