Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 35:6

Judson Bible

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​အ​သက်​ရှင်​သည်​အ​တိုင်း၊ အ​သက်​သတ်​ခြင်း​အ​မှု​ကို သင်၌​ငါ​ပြု၍၊ ထို​အ​မှု​သည် သင့်​ကို​လိုက်​မည်။ အ​သက်​သတ်​ခြင်း​အ​မှု​ကို သင်​မ​မုန်း​သော​ကြောင့်၊ ထို​အ​မှု​သည် သင့်​ကို​လိုက်​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​တွင် အ​သေ​ခံ​ရ​သော သူ​တို့​ကို ပြင်​သို့​ပစ်​လိုက်​သ​ဖြင့်၊ အ​သေ​ကောင်​တို့​သည် နံ​စော်၍၊ သူ​တို့၏​အ​သွေး​ဖြင့် တောင်​တို့​သည် အ​ရည်​ဖြစ်​ကြ​လိမ့်​မည်။

မျောက်​မ​ထား​သော မိန်း​မ​နှင့်၊ လူ​အ​သက်​ကို​သတ်​သော မိန်း​မ​တို့​ကို​စီ​ရင်​သ​ကဲ့​သို့ သင့်​ကို​ငါ​စီ​ရင်၍၊ ပြင်း​စွာ​သော ဒေါ​သ​အ​မျက်​အ​သွေး​ကို ငါ​တိုက်​မည်။

သင်​မှ​ယို​သော အ​သွေး​ဖြင့် မြေ​ကို​တောင်​ထိပ်​တိုင်​အောင် စို​စေ​မည်။ မြစ်​တို့​သည် သင့်​အ​သွေး​နှင့် ပြည့်​ကြ​လိမ့်​မည်။

ထို​သို့ စိ​ရ​တောင်​ကို ငါ​သုတ်​သင်​ပယ်​ရှင်း​သ​ဖြင့် ထွက်​သွား​သော​သူ၊ ပြန်​လာ​သော​သူ​တို့​ကို ပယ်​ဖြတ်​မည်။

အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​နေ့​ရက်​သည် ခပ်​သိမ်း​သော​လူ​မျိုး​တို့​နှင့် နီး​ပြီ။ သင်​ပြု​သည်​အ​တိုင်း သင်၌ သူ​တစ်​ပါး​ပြု​လိမ့်​မည်။ သင်​ပြု​သော​အ​မှု​သည် သင့်​ခေါင်း​ပေါ်​သို့ ရောက်​ရ​လိမ့်​မည်။

သင်​တို့​သည် အ​ကြင်​တ​ရား​အ​တိုင်း သူ​တစ်​ပါး​ကို​စီ​ရင်​ကြ၏၊ ထို​တ​ရား​အ​တိုင်း စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ​မည်။ အ​ကြင်​ချိန်၊ တင်း​ပ​မာ​ဏ​နှင့် သူ​တစ်​ပါး​အား ပေး၏။ ထို​ပ​မာ​ဏ​အ​တိုင်း ကိုယ်​ခံ​ရ​ကြ​မည်။-

ပ​ရော​ဖက်​တို့၏ အ​သွေး၊ သန့်​ရှင်း​သူ​တို့၏ အ​သွေး၊ မြေ​ကြီး​ပေါ်​မှာ ကွပ်​မျက်​သော​သူ အ​ပေါင်း​တို့၏ အ​သွေး​ကို ထို​မြို့၌​တွေ့၏။

သူ​သည် အ​ကျိုး​အ​ပြစ်​ကို ဆပ်​ပေး​သည်​နည်း​တူ သူ၌ ဆပ်​ပေး​ကြ​လော့။ သူ၏​အ​ကျင့်​အ​တိုင်း နှစ်​ဆ​ထပ်၍ စီ​ရင်​ကြ​လော့။ သူ​လောင်း​သော ဖ​လား၌ သူ့​အ​ဖို့ နှစ်​ဆ​တိုး၍ လောင်း​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ