Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 34:6

Judson Bible

ငါ့​သိုး​တို့​သည် တောင်​များ၊ မြင့်​သော​ကုန်း​များ အ​ပေါ်​မှာ​လဲ၍ မြေ​တစ်​ပြင်​လုံး​တွင် အ​ရပ်​ရပ်​သို့ ကွဲ​ပြား​ပျံ့​လွင့်​လျက်​နေ၍၊ အ​ဘယ်​သူ​မျှ မ​လိုက်​မ​ရှာ​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ပျောက်​သော​သိုး​ကဲ့​သို့ အ​ကျွန်ုပ်​သည် လမ်း​လွဲ​ပါ​ပြီ။ ကိုယ်​တော်၏​ကျွန်​ကို ရှာ​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ပ​ညတ်​တော်​တို့​ကို မ​မေ့​မ​လျော့​ပါ။

လက်​ယာ​ဘက်​သို့ အ​ကျွန်ုပ်​ကြည့်​ရှု​သော​အ​ခါ၊ အ​ကျွန်ုပ်​သိ​ကျွမ်း​သော​သူ မ​ရှိ​ပါ။ ပြေး​လွတ်​ရာ​လမ်း​လည်း ပိတ်​ပါ၏။ အ​ကျွန်ုပ်​အ​သက်​ကို နှ​မြော​သော​သူ မ​ရှိ​ပါ။

ကိုယ်​တိုင်​ဖွား​မြင်​သော သား​တို့​တွင်၊ သင့်​ကို လမ်း​ပြ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ ကိုယ်​တိုင်​မွေး​စား​သော သား​တို့​တွင်၊ သင့်​ကို လက်​ဆွဲ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။

အ​ကြောင်း​မူ​ကား၊ သိုး​ထိန်း​တို့​သည် တိ​ရ​စ္ဆာန်​သ​ဘော​ရှိ၍၊ ထာ​ဝ​ရ​ဘု​ရား​ကို​မ​ရှာ​ဖွေ​သော​ကြောင့် အ​ကြံ​မ​မြောက်​ရ​ကြ။ သိုး​စု​အ​ပေါင်း​တို့​သည် အ​ရပ်​ရပ်​သို့ ကွဲ​ပြား​ရ​ကြ၏။

မိုး​မ​ချုပ်​မီ၊ မိုက်​သော​တောင်​ပေါ်​မှာ သင်​တို့​သည် ထိ​ခိုက်၍​မ​လဲ​မီ၊ အ​လင်း​ကို​မျှော်​လင့်​သော​အ​ခါ၊ သေ​မင်း​အ​ရိပ်၊ ထူ​ထပ်​သော မှောင်​မိုက်​ကို ဖြစ်​စေ​တော်​မ​မူ​မီ၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လော့။

ယေ​ရု​ရှ​လင်​မြို့​ကို အ​ပြစ်​မှ​ငါ​လွှတ်​မည်​အ​ကြောင်း၊ တ​ရား​သ​ဖြင့်​ကျင့်​သော မြို့​သား၊ သ​စ္စာ​စောင့်​သော မြို့​သား တစ်​စုံ​တစ်​ယောက်​မျှ​ရှိ​လျှင်၊ ထို​သူ​ကို​တွေ့​အံ့​သော​ငှာ၊ မြို့​လမ်း​တို့​၌ တောင်​မြောက်​ပြေး၍၊ ကျယ်​သော​အ​ရပ်​တို့၌ ရှာ​ဖွေ​ကြည့်​ရှု​ကြ​လော့။

ငါ၏​လူ​တို့​သည် ပျောက်​သော​သိုး​ဖြစ်​ကြ​ပြီ။ သိုး​ထိန်း​တို့​သည် တောင်​များ​ပေါ်​မှာ လမ်း​လွဲ​စေ​ကြ​ပြီ။ သူ​တို့​သည် တောင်​တစ်​လုံး​မှ​တစ်​လုံး​သို့ လမ်း​လွဲ​သွား၍၊ ငြိမ်​ဝပ်​သော​အ​ရပ်​ကို မေ့​လျော့​ကြ​ပြီ။

သို့​ဖြစ်၍၊ အ​ချင်း​သိုး​ထိန်း​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​ထောင်​ကြ​လော့။

သို့​ရာ​တွင် လွတ်​သော​သူ​တို့​သည် လွတ်​သော​အ​ခါ၊ အ​သီး​အ​သီး မိ​မိ​တို့​အ​ပြစ်​ကြောင့် စိတ်​မ​သာ ညည်း​တွား​လျက်၊ ချိုင့်​သား​ချိုး​ကဲ့​သို့ တောင်​ပေါ်​မှာ ရှိ​ကြ​လိမ့်​မည်။

သူ​တို့​သည် ငါ့​ထံ​မှ​ထွက်၍ လည်​သော​ကြောင့် အ​မင်္ဂ​လာ​ရှိ​ကြ၏။ ငါ့​ကို​ပြစ်​မှား​သော​ကြောင့် ဖျက်​ဆီး​ဖို့​ရာ ဖြစ်​ကြ၏။ သူ​တို့​ကို ငါ​ရွေး​နုတ်​သော်​လည်း၊ ငါ့​တစ်​ဖက်၌ မု​သား​စ​ကား​ကို ပြော​ကြ၏။

ခပ်​သိမ်း​သော လူ​မျိုး​တ​ကာ​တို့​ကို ငါ​သည် စု​ဝေး​စေ၍ ယော​ရှ​ဖတ်​ချိုင့်​သို့ ခေါ်​ခဲ့​မည်။ သူ​တို့​သည် ငါ့​ပြည်​ကို ဝေ​ဖန်၍ အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​တို့​တွင် ကွဲ​ပြား​စေ​သော ငါ၏​အ​မွေ​လူ​ဣ​သ​ရေ​လ​အ​မျိုး​ဘက်​မှာ ငါ​သည် တ​ရား​စီ​ရင်​မည်။

ဤ​သိုး​ခြံ​သို့​မ​ဝင်​သော အ​ခြား​သိုး​တို့​ကို​လည်း ငါ​ပိုင်​သေး၏။ ထို​သိုး​တို့​ကို ငါ​ဆောင်​ခဲ့​ရ​မည်။ သူ​တို့​သည်​လည်း ငါ့​စ​ကား​သံ​ကို နား​ထောင်​သ​ဖြင့်၊ သိုး​ခြံ​တစ်​ခု သိုး​ထိန်း​တစ်​ပါး​တည်း ရှိ​ရ​လိမ့်​မည်။-

သင်​တို့​သည် အ​ထက်​က​လမ်း​လွဲ၍ ပျောက်​သော​သိုး​ကဲ့​သို့ ဖြစ်​ကြ၏။ ယ​ခု​မူ​ကား၊ သိုး​ထိန်း​တည်း​ဟူ​သော သင်​တို့၏​ဝိ​ညာဉ်​တို့​ကို အုပ်​စိုး​ကြည့်​ရှု​တော်​မူ​သော အ​ရှင်​ထံ​သို့ ပြန်​ရောက်​ကြ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ