Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 34:5

Judson Bible

ထိန်း​သော​သူ​မ​ရှိ​သော​ကြောင့် သိုး​တို့​သည် ကွဲ​ပြား​ကြ၏။ ကွဲ​ပြား​လျက်​နေ​သော​အ​ခါ ခပ်​သိမ်း​သော တော​သား​ရဲ​စား​စ​ရာ ဖြစ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

မိ​က္ခာ​က၊ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် သိုး​ထိန်း​မ​ရှိ​သော​သိုး​ကဲ့​သို့၊ တောင်​များ​အ​ပေါ်​မှာ အ​ရပ်​ရပ်​ကွဲ​ပြား​လျက် ရှိ​ကြ​သည်​ကို ငါ​မြင်​ပြီ။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဤ​သူ​အ​ပေါင်း​တို့​သည် အ​ရှင်​မ​ရှိ​သော​ကြောင့် အ​သီး​အ​သီး ကိုယ်​နေ​ရာ​သို့ ပြန်​ကြ​ပါ​လေ​စေ​ဟု မိန့်​တော်​မူ​ကြောင်း​ကို လျှောက်​ဆို၏။

မိ​က္ခာ​က၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် သိုး​ထိန်း​မ​ရှိ​သော​သိုး​ကဲ့​သို့ တောင်​များ​အ​ပေါ်​မှာ အ​ရပ်​ရပ်​ကွဲ​ပြား​လျက်​ရှိ​ကြ​သည်​ကို ငါ​မြင်​ပြီ။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဤ​သူ​အ​ပေါင်း​တို့​သည် အ​ရှင်​မ​ရှိ​သော​ကြောင့်၊ အ​သီး​အ​သီး ကိုယ်​နေ​ရာ​သို့ ပြန်​ကြ​ပါ​လေ​စေ​ဟု မိန့်​တော်​မူ​ကြောင်း​ကို လျှောက်​ဆို၏။

အို လယ်​ပြင်​သား​အ​ပေါင်း​နှင့် တော၌​လည်​သော သား​ရဲ​အ​ပေါင်း​တို့၊ ကိုက်​စား​ခြင်း​ငှာ လာ​ကြ​လော့။

အ​ကြောင်း​မူ​ကား၊ သိုး​ထိန်း​တို့​သည် တိ​ရ​စ္ဆာန်​သ​ဘော​ရှိ၍၊ ထာ​ဝ​ရ​ဘု​ရား​ကို​မ​ရှာ​ဖွေ​သော​ကြောင့် အ​ကြံ​မ​မြောက်​ရ​ကြ။ သိုး​စု​အ​ပေါင်း​တို့​သည် အ​ရပ်​ရပ်​သို့ ကွဲ​ပြား​ရ​ကြ၏။

ထို​ကြောင့်၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ၏​လူ​တို့​ကို ကျွေး​မွေး​ရ​သော သိုး​ထိန်း​တို့​အ​မှု​မှာ သင်​တို့​သည် ငါ၏​သိုး​စု​ကို​မ​ကြည့်​ရှု၊ မ​ပြု​စု၊ အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ၍ နှင်​ထုတ်​သော​ကြောင့်၊ သင်​တို့​ပြု​သော ဒု​စ​ရိုက်​အ​ပြစ်​ကို သင်​တို့​အ​ပေါ်​မှာ ငါ​သက်​ရောက်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ဣ​သ​ရေ​လ​သည် အ​ရပ်​ရပ်​သို့​လွင့်​ပြေး​ရ​သော သိုး​ဖြစ်၏။ ခြင်္သေ့​တို့​သည် နှောင့်​ယှက်​ကြ​ပြီ။ အာ​ရှု​ရိ​ရှင်​ဘု​ရင်​သည် ရှေ့​ဦး​စွာ ကိုက်​စား​ပြီ။ နောက်​မှ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​သည် သူ၏​အ​ရိုး​တို့​ကို ချိုး​ဖဲ့​ပြီ။

သိမ်း​သွား​ရာ သ​က္က​ရာဇ်​တစ်​ဆယ်​နှစ်​ခု၊ ဒ​သ​မ​လ ငါး​ရက်​နေ့​တွင်၊ ယေ​ရု​ရှ​လင်​မြို့​မှ ပြေး၍​လွတ်​သော သူ​တစ်​ယောက်​သည် ငါ့​ထံ​သို့​ရောက်​လာ၍၊ မြို့​ကို​လုပ်​ကြံ​ပြီ​ဟု သ​တင်း​ကြား​ပြော၏။

တစ်​ပြည်​လုံး​ကို ငါ​သုတ်​သင်​ပယ်​ရှင်း​သ​ဖြင့်၊ သူ့​အ​စွမ်း​သ​တ္တိ၏​ဂုဏ်​အ​သ​ရေ​ကုန်၍၊ အ​ဘယ်​သူ​မျှ မ​လျှောက်​မ​သွား​ရ​အောင်၊ ဣ​သ​ရေ​လ​တောင်​တို့​သည် လူ​ဆိတ်​ညံ​လျက် ရှိ​ရ​ကြ​လိမ့်​မည်။

နောက်​တစ်​ဖန် တစ်​ပါး​အ​မျိုး​သား​တို့​သည် မ​လု​မ​ယူ​ရ​ကြ။ ပြည်​သား​ရဲ​တို့​သည်​လည်း ကိုက်၍​မ​စား​ရ​ကြ။ အ​ဘယ်​သူ​မျှ မ​ကြောက်​စေ​ဘဲ၊ သူ​တို့​သည် ငြိမ်​ဝပ်​စွာ နေ​ရ​ကြ​လိမ့်​မည်။

ငါ့​သိုး​တို့​သည် တောင်​များ၊ မြင့်​သော​ကုန်း​များ အ​ပေါ်​မှာ​လဲ၍ မြေ​တစ်​ပြင်​လုံး​တွင် အ​ရပ်​ရပ်​သို့ ကွဲ​ပြား​ပျံ့​လွင့်​လျက်​နေ၍၊ အ​ဘယ်​သူ​မျှ မ​လိုက်​မ​ရှာ​ကြ။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​အ​သက်​ရှင်​သည်​အ​တိုင်း၊ သိုး​ထိန်း​မ​ရှိ၊ အ​ဘယ်​သိုး​ထိန်း​မျှ ငါ့​သိုး​တို့​ကို​မ​ရှာ၊ သိုး​ထိန်း​တို့​သည် ငါ့​သိုး​တို့​ကို မ​ကျွေး​မွေး၊ ကိုယ်​ကို​သာ​ကျွေး​မွေး​သ​ဖြင့်၊ ငါ့​သိုး​တို့​သည် လု​ယူ​ရာ၊ ခပ်​သိမ်း​သော တော​သား​ရဲ​စား​စ​ရာ ဖြစ်​သော​ကြောင့်၊

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အို ဓား၊ ငါ၏​သိုး​ထိန်း​တစ်​ဖက်၊ ငါ၏​အ​ပေါင်း​အ​ဖော်​ဖြစ်​သော​သူ တစ်​ဖက်၌ နိုး​လော့။ သိုး​ထိန်း​ကို ရိုက်​သတ်​လော့။ သို့​ပြု​လျှင်၊ သိုး​တို့​သည် ကွဲ​လွင့်​ရ​ကြ​လိမ့်​မည်။ သိုး​သ​ငယ်​တို့​အ​ပေါ်၌​လည်း ငါ​သည် ငါ့​လက်​ကို တင်​ဦး​မည်။

အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ပင်​ပန်း​သည်​ဖြစ်၍ ထိန်း​သူ​မ​ရှိ​ဘဲ ပစ်​ထား​သော​သိုး​ကဲ့​သို့ ဖြစ်​ကြ၏။-

ယေ​ရှု​သည် ထွက်​ကြွ၍ လူ​များ​အ​ပေါင်း​တို့​ကို တွေ့​မြင်​တော်​မူ​လျှင်၊ ထို​သူ​တို့​သည် ထိန်း​သူ​မ​ရှိ၊ ပစ်​ထား​သော သိုး​ကဲ့​သို့ ဖြစ်​ကြ​သည်​ကို သ​နား​ခြင်း​စိတ်​တော်​ရှိ၍ များ​စွာ​သော ဆုံး​မ​ဩ​ဝါ​ဒ​ကို ပေး​တော်​မူ၏။

သိုး​ထိန်း​မူ​ကား၊ တံ​ခါး​ဝ​ဖြင့်​ဝင်​တတ်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ