Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 34:4

Judson Bible

အား​နည်း​သော​သိုး​ကို မ မ​စ​ကြ၊ နာ​သော​သိုး​တို့​ကို ဆေး​မ​ကု​ကြ၊ အ​ရိုး​ကျိုး​သော​သိုး​ကို အ​ဝတ်​နှင့်​မ​စည်း​ကြ၊ သူ​တစ်​ပါး​နှင်​သော သိုး​ကို လိုက်၍​မ​ဆောင်​ခဲ့​ကြ၊ ပျောက်​သော​သိုး​ကို မ​ရှာ​ကြ၊ အ​နိုင်​အ​ထက်​ပြု၍ ကြမ်း​တမ်း​စွာ စီ​ရင်​ကြ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​ကို​အ​ဘယ်​သို့ ဒဏ်​ပေး​ရ​ဦး​မည်​နည်း။ အ​ဘယ်​သို့ ထပ်​၍ ဆုံး​မ​ရ​ဦး​မည်​နည်း။ ဦး​ခေါင်း​သည် အ​နာ​သက်​သက်​ရှိ​၏။ နှ​လုံး​သည်​လည်း ခွန်​အား​အ​လျှင်း​မ​ရှိ။

သူ​က​လည်း၊ ငါ​သည် ပြု​ပြင်​နိုင်​သော​သူ မ​ဟုတ်။ ငါ့​အိမ်၌​မုန့်​လည်း​မ​ရှိ။ အ​ဝတ်​လည်း​မ​ရှိ။ ငါ့​ကို ပြည်​သား​တို့​အ​ပေါ်​မှာ မင်း​မ​ပြု​စေ​နှင့်​ဟု အ​တည့်​အ​လင်း ပြော​ဆို​လိမ့်​မည်။

သူ၏​ကင်း​စောင့်​တို့​သည် မျက်​စိ​ကန်း​ကြ၏။ ရှိ​သ​မျှ​တို့​သည် မိုက်​ကြ၏။ အ၍ မ​ဟောင်​နိုင်​သော​ခွေး၊ ယောင်​ယမ်း​သော​ခွေး၊ အိပ်​လျက် အိပ်​ချင်​အား​ကြီး​သော​ခွေး ဖြစ်​ကြ၏။

မ​တ​ရား​သော​အ​မှု​အား​ဖြင့် မိ​မိ​အိမ်​ကို​လည်း​ကောင်း၊ အ​ဓ​မ္မ​ပြု၍ အ​ထက်​ခန်း​တို့​ကို​လည်း​ကောင်း ဆောက်​သော​သူ၊ အိမ်​နီး​ချင်း​ကို အ​ခ​မ​ပေး​ဘဲ​စေ​စား၍၊ အ​လုပ်​လုပ်​သည်​အ​တွက်​ဆု​မ​ချ​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ၏။

ဂိ​လဒ်​ပြည်၌ ဗာ​လ​ဇံ​ပင်​အ​စေး​မ​ရှိ​သ​လော။ ထို​ပြည်၌ ဆေး​သ​မား​မ​ရှိ​သ​လော။ ရှိ​လျက်​ပင် ငါ၏​လူ​မျိုး​သ​တို့​သ​မီး​သည် အ​ဘယ်​ကြောင့် အ​နာ​မှ မ​ထ​မြောက်​သ​နည်း။

သူ​သည်​လည်း၊ ခြင်္သေ့​တို့​နှင့်​ပေါင်း​ဖော်၍ ခြင်္သေ့​ပျို​ဖြစ်​လျက်၊ တော​တိ​ရ​စ္ဆာန်​တို့​ကို ဖမ်း​ဆီး​ခြင်း​ငှာ၊ သင်၏​လူ​တို့​ကို​လည်း ကိုက်​စား၏။

သူ​တို့​မု​ဆိုး​များ​ကို သိ၍၊ သူ​တို့​မြို့​များ​ကို သုတ်​သင်​ပယ်​ရှင်း​လေ၏။ ဟောက်​သော​အ​သံ​ကြောင့် ပြည်​နှင့် ပြည်၌ ရှိ​သ​မျှ​တို့​သည် ဆိတ်​ညံ​လျက်​ရှိ​ကြ၏။

သံ​ကြိုး​နှင့်​ချည်​နှောင်​လျက် ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ထံ​သို့ ဆောင်​သွား၍၊ သူ၏​အ​သံ​သည် ဣ​သ​ရေ​လ​တောင်​ပေါ်​မှာ နောက်​တစ်​ဖန် မ​မြည်​စေ​ခြင်း​ငှာ နှောင်​အိမ်၌​လှောင်​ထား​ကြ၏။

ပျောက်​သော​သိုး​ကို ငါ​ရှာ​မည်။ သူ​တစ်​ပါး​နှင်​သော​သိုး​ကို လိုက်၍​ဆောင်​ခဲ့​မည်။ အ​ရိုး​ကျိုး​သော သိုး​ကို အ​ဝတ်​နှင့်​စည်း​မည်။ အား​နည်း​သော သိုး​ကို မ​စ​မည်။ ဆူ​ဖြိုး၍ အား​ရှိ​သော​သိုး​ကို​ကား၊ တ​ရား​အ​တိုင်း​ကျွေး​မွေး၍ ကွပ်​မျက်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သူ့​ကို ကြမ်း​တမ်း​စွာ​မ​စီ​ရင်​ရ။ သင်၏​ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ရ​မည်။

ဣ​သ​ရေ​လ​အ​မျိုး၊ ပျောက်​လွင့်​သော သိုး​များ​ရှိ​ရာ​သို့ အ​ရင်​သွား​ကြ​လော့။-

ထို​သူ​တို့​သည် ငယ်​သား​များ​ကို ဖမ်း​ပြီး​လျှင် တစ်​ဦး​ကို​ရိုက်၍၊ တစ်​ဦး​ကို​သတ်၍၊ တစ်​ဦး​ကို ခဲ​နှင့် ပစ်​ကြ၏။-

ကျွန်​ချင်း​တို့​ကို ရိုက်​ပုတ်​လျက် သေ​သောက်​ကြူး​သော သူ​တို့​နှင့်​တ​ကွ စား​သောက်​လျက်​နေ၏။-

အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ပင်​ပန်း​သည်​ဖြစ်၍ ထိန်း​သူ​မ​ရှိ​ဘဲ ပစ်​ထား​သော​သိုး​ကဲ့​သို့ ဖြစ်​ကြ၏။-

ထို​သို့​ဆို​သော်​လည်း၊ ငါ​တို့​သည် သင်​တို့၏​ယုံ​ကြည်​ခြင်း​ကို အ​စိုး​ရ​သည်​မ​ဟုတ်။ သင်​တို့၏ ဝမ်း​မြောက်​ခြင်း​အ​ကြောင်း​ကို ကူ​မ၍​သာ​ပြု​ကြ၏။ အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် သင်​တို့​သည် တည်​နိုင်​ကြ၏။

ထို​ကြောင့်၊ တွဲ​လွဲ​နေ​သော​လက်​တို့​နှင့် အား​မ​ရှိ​သော​ဒူး​တို့​ကို ခိုင်​ခံ့​စေ​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ