Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 34:2

Judson Bible

အ​ချင်း​လူ​သား၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး သိုး​ထိန်း​တို့​တစ်​ဖက်၌ ပ​ရော​ဖက်​ပြု၍ ဟော​ပြော​လျက်၊ သိုး​ထိန်း​တို့​အား အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ကို​ဆင့်​ဆို​ရ​မည်​မှာ၊ ကိုယ်​ကို​သာ ကျွေး​မွေး​သော ဣ​သ​ရေ​လ​အ​မျိုး သိုး​ထိန်း​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ သိုး​ထိန်း​သည် သိုး​တို့​ကို မ​ကျွေး​မွေး​ရ​သ​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

35 ပူးပေါင်းရင်းမြစ်များ  

အ​ထက်​က ရှော​လု​သည် ကျွန်​တော်​တို့၌ ရှင်​ဘု​ရင်​ဖြစ်​သော​အ​ခါ၊ ကိုယ်​တော်​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို ဆောင်​သွား​လျက်၊ သွင်း​ပြန်​လျက် နေ​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည်​ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​ကို လုပ်​ကျွေး​အုပ်​စိုး​ရ​မည်​ဟု ကိုယ်​တော်​အား မိန့်​တော်​မူ​ပြီ​ဟု လျှောက်​ဆို​ကြ၏။

မိ​မိ​သိုး​စု​ကို သိုး​ထိန်း​ကဲ့​သို့ ကျွေး​မွေး​တော်​မူ​မည်။ သိုး​သ​ငယ်​တို့​ကို ချီ၍ ပိုက်​ပွေ့​တော်​မူ​မည်။ သား​ငယ်​ရှိ​သော သိုး​မ​တို့​ကို​လည်း ဖြည်း​ညင်း​စွာ ပို့​ဆောင်​တော်​မူ​မည်။

စား​ချင်​အား​ကြီး၍ ဝမ်း​မ​ပြည့်​နိုင်​သော ခွေး​လည်း ဖြစ်​ကြ၏။ သိုး​ထိန်း​တို့​သည်​လည်း မ​ကြည့်​မ​ရှု​တတ်​ကြ။ ထို​သိုး​ထိန်း​ရှိ​သ​မျှ​တို့​သည် လမ်း​လွှဲ၍ မိ​မိ​တို့​လမ်း​သို့ လိုက်​ကြ​ပြီ။ တစ်​ယောက်​မျှ​မ​ကြွင်း၊ တ​ညီ​တ​ညွတ်​တည်း ကိုယ်​အ​ကျိုး​စီး​ပွား​ကို​သာ ရှာ​ကြ၏။

အ​ကြောင်း​မူ​ကား၊ သိုး​ထိန်း​တို့​သည် တိ​ရ​စ္ဆာန်​သ​ဘော​ရှိ၍၊ ထာ​ဝ​ရ​ဘု​ရား​ကို​မ​ရှာ​ဖွေ​သော​ကြောင့် အ​ကြံ​မ​မြောက်​ရ​ကြ။ သိုး​စု​အ​ပေါင်း​တို့​သည် အ​ရပ်​ရပ်​သို့ ကွဲ​ပြား​ရ​ကြ၏။

များ​စွာ​သော သိုး​ထိန်း​တို့​သည် ငါ့​စ​ပျစ်​ဥ​ယျာဉ်​ကို ဖျက်​ဆီး​ကြ​ပြီ။ ငါ​ရ​ထိုက်​သော​အ​ဖို့​ကို ကျော်​နင်း​ကြ​ပြီ။ ငါ​ရ​ထိုက်​သော နှစ်​သက်​ရာ​အ​ဖို့​ကို လူ​ဆိတ်​ညံ​ရာ​တော​ဖြစ်​စေ​ကြ​ပြီ။

ယဇ်​ပု​ရော​ဟိတ်​တို့​က၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​ဘယ်​မှာ​ရှိ​တော်​မူ​သ​နည်း​ဟု မ​မေး​ကြ။ ကျမ်း​တတ်​တို့​သည် ငါ့​ကို​မ​သိ​ကြ။ သင်း​အုပ်​တို့ သည် ငါ့​ကို​ပြစ်​မှား​ကြ၏။ ပ​ရော​ဖက်​တို့​သည် ဗာ​လ​ကို​အ​မှီ​ပြု၍ ဟော​ပြော​လျက်၊ ကျေး​ဇူး​မဲ့​သော​လမ်း​သို့ လိုက်​ကြ၏။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ့​ထံ​မှာ ကျက်​စား​သော​သိုး​တို့​ကို ဖျက်​ဆီး၍၊ အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ​သော သိုး​ထိန်း​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။

ငါ​သည် နှစ်​သက်​သော​သူ​တို့​ကို သင်း​အုပ်​အ​ရာ၌ ခန့်​ထား၍၊ သူ​တို့​သည် ဉာဏ်​ပ​ညာ​နှင့် ပြည့်​စုံ​လျက် သင်​တို့​ကို အုပ်​ကြ​လိမ့်​မည်။

မု​ယော​ဆန် တစ်​လက်​ဆွန်း​နှင့် မုန့်​တစ်​ဖဲ့​ကို​ရ​အံ့​သော​ငှာ၊ ငါ၏​လူ​တို့​တွင် ငါ့​ကို​ရှုတ်​ချ​ကြ​လိမ့်​မည်​လော။ မု​သား​စ​ကား​ကို နား​ထောင်​တတ်​သော ငါ၏​လူ​တို့​အား မု​သား​စ​ကား​ကို ပြော​သော​အား​ဖြင့်၊ မ​သေ​အပ်​သော သူ​တို့၏​အ​သက်​ကို​သတ်၍၊ မ​ရှင်​အပ်​သော​သူ​တို့​ကို အ​သက်​ချမ်း​သာ​ပေး​ကြ​လိမ့်​မည်​လော။

ထို​ပြည်​အ​လယ်၌ ပ​ရော​ဖက်​တို့​သည် သင်း​ဖွဲ့​ခြင်း​ကို ပြု​ကြ​ပြီ။ ဟောက်၍ အ​ကောင်​ကို​ကိုက်​ဖြတ်​သော ခြင်္သေ့​ကဲ့​သို့ လူ​တို့​ကို ကိုက်​စား​ကြ၏။ ဘ​ဏ္ဍာ​များ​နှင့် အ​ဖိုး​ထိုက်​သော​ဥ​စ္စာ​များ​ကို လု​ယူ​ကြ၏။ ပြည်​အ​လယ်၌ မု​ဆိုး​မ​တို့​ကို များ​ပြား​စေ​ကြ၏။

အ​ချင်း​လူ​သား၊ ပျက်​စီး​သော ဣ​သ​ရေ​လ​ပြည်၌ နေ​သေး​သော​သူ​တို့​က၊ အာ​ဗြ​ဟံ​သည် လူ​တစ်​ဦး​တည်း ဖြစ်​သော်​လည်း ဤ​ပြည်​ကို အ​မွေ​ခံ​ရ၏။ ငါ​တို့​မူ​ကား အ​များ​ဖြစ်​ကြ၏။ ငါ​တို့​အ​မွေ​ခံ​ရာ​ဖို့ ပေး​တော်​မူ​ပြီ​ဟု ဆို​ကြ​သော်၊

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊

ကောင်း​သော ကျက်​စား​ရာ​အ​ရပ်၌ ကျွေး​မွေး​မည်။ မြင့်​သော ဣ​သ​ရေ​လ​တောင်​တို့​အ​ပေါ်​မှာ သူ​တို့​ခြံ​ရှိ​လိမ့်​မည်။ သူ​တို့​သည် ဣ​သ​ရေ​လ​တောင်​တို့​အ​ပေါ်​မှာ ကောင်း​သော​ခြံ၌​အိပ်၍၊ ကြွယ်​ဝ​သော ကျက်​စား​ရာ၌ ကျက်​စား​ကြ​လိမ့်​မည်။

ငါ​သည် ငါ့​သိုး​များ​ကို ကျွေး​မွေး​မည်။ အိပ်​ရာ​ကို​လည်း ငါ​ပေး​မည်။

ဆင်​စွယ်​ခု​တင်​ပေါ်​မှာ​အိပ်၍ မွေ့​ရာ​ပေါ်​မှာ​လျောင်း​ခြင်း၊ သိုး​စု​ထဲ​က သိုး​သ​ငယ်​တို့​ကို​လည်း​ကောင်း၊ နွား​တင်း​ကုပ်​ထဲ​က နွား​သ​ငယ်​တို့​ကို​လည်း​ကောင်း ယူ၍​စား​ခြင်း၊

သိုး​စု​ကို စွန့်​ပစ်​သော အ​ချည်း​နှီး​သိုး​ထိန်း​သည် အ​မင်္ဂ​လာ ရှိ​စေ​သ​တည်း။ သူ၏​လက်​ရုံး​နှင့် လက်​ယာ​မျက်​စိ၌ ဓား​ဘေး ရောက်​လိမ့်​မည်။ လက်​ရုံး​သည် အ​ကုန်​အ​စင် ခြောက်​ကပ်​လိမ့်​မည်။ လက်​ယာ​မျက်​စိ​သည် အ​ကုန်​အ​စင်​မိုက်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ငါ​ရှေ့၌ ပေါ်​လာ​သော​သူ​ရှိ​သ​မျှ​တို့​သည် သူ​ခိုး​ဓား​ပြ​ဖြစ်​ကြ၏။ ထို​သူ​တို့၏​စ​ကား​သံ​ကို သိုး​တို့​သည် နား​မ​ထောင်​ကြ။-

ထို​ကြောင့်၊ လူ​အ​ပေါင်း​တို့၏​အ​သွေး​နှင့် ငါ​ကင်း​လွတ်​သည်​ဟု ယ​နေ့၌ သင်​တို့​အား ငါ​သက်​သေ​ခံ၏။-

အ​ကြောင်း​မူ​ကား၊ ငါ​မ​ရှိ​သည်​နောက်၊ ကြမ်း​တမ်း​သော တော​ခွေး​တို့​သည် သိုး​များ​ကို မ​သ​နား​ဘဲ သင်​တို့​အ​ထဲ​သို့​ဝင်​မည်​ကို​လည်း​ကောင်း၊-

အ​ကြောင်း​မူ​ကား ထို​သို့​သော​သူ​တို့​သည် ငါ​တို့​သ​ခင်​ခ​ရစ်​တော်၏ အ​မှု​ကို​မ​ဆောင်​ရွက်​ဘဲ​လျက်၊ မိ​မိ​တို့​ဝမ်း၏​အ​မှု​ကို​သာ ဆောင်​ရွက်၍၊ လော​က​ဝတ်​စ​ကား​နှင့် ချော့​မော့​သော​စ​ကား​အား​ဖြင့် စိတ်​ကောင်း​သော​သူ​တို့​ကို လှည့်​ဖြား​တတ်​ကြ၏။-

ဤ​တ​တိ​ယ​အ​ကြိမ် သင်​တို့​ဆီ​သို့​သွား​ခြင်း​ငှာ ငါ​သည်​အ​သင့်​ရှိ၏။ သင်​တို့​ကို နှောင့်​ယှက်​မည်​ဟု အ​ကြံ​မ​ရှိ။ သင်​တို့​ဥ​စ္စာ​ကို ငါ​ရှာ​သည်​မ​ဟုတ်။ သင်​တို့​ကို​သာ ရှာ၏။ သား​သ​မီး​တို့​သည် မိ​ဘ​အ​တွက် ဥ​စ္စာ​ကို ဆည်း​ပူး​ရ​သည်​မ​ဟုတ်။ မိ​ဘ​တို့​သည် သား​သ​မီး​တို့​အ​တွက် ဆည်း​ပူး​ရ၏။-

သူ​တို့​သည် လော​ဘ​လွန်​ကျူး​လျက် ချော့​မော့​သော​စ​ကား​နှင့် သင်​တို့​ကို ကုန်​သွယ်​ကြ​လိမ့်​မည်။ သူ​တို့​အ​ပြစ်​စီ​ရင်​ခြင်း​သည် ရှေး​ကာ​လ​မှ​စ၍ မ​ဖင့်​မ​နွှဲ၊ သူ​တို့​ဖျက်​ဆီး​ခြင်း​သည်​လည်း အိပ်၍​မ​ပျော်။

မေ​တ္တာ​ပွဲ​လုပ်၍ သင်​တို့​နှင့်​အ​တူ စား​သောက်​သော​အ​ခါ အား​မ​နာ​ဘဲ၊ မိ​မိ​တို့​ကို​ဝ​စွာ​ကျွေး၍ ပွဲ၌ အ​စွန်း​အ​ကွက်​ဖြစ်​ကြ၏။ ရေ​မ​ရှိ၊ လေ​တိုက်၍​လွင့်​သော မိုး​တိမ်​ကဲ့​သို့​လည်း​ကောင်း၊ ညှိုး​နွမ်း၍ အ​သီး​မ​တင်၊ နှစ်​ကြိမ်​သေ၍ နုတ်​ပစ်​သော သစ်​ပင်​ကဲ့​သို့​လည်း​ကောင်း၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ