Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 34:15

Judson Bible

ငါ​သည် ငါ့​သိုး​များ​ကို ကျွေး​မွေး​မည်။ အိပ်​ရာ​ကို​လည်း ငါ​ပေး​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်​သည် ချမ်း​သာ​ပေး​တော်​မူ​လျှင် အ​ဘယ်​သူ​နှောင့်​ယှက်​နိုင်​သ​နည်း။ မျက်​နှာ​လွှဲ​တော်​မူ​လျှင် လူ​တစ်​မျိုး​လုံး​ဖြစ်​စေ၊ တစ်​ယောက်​တည်း​ဖြစ်​စေ၊ အ​ဘယ်​သူ​သည် မျက်​နှာ​တော်​ကို ဖူး​မြင်​နိုင်​သ​နည်း။

သို့​သော်​လည်း၊ ခိုင်​ခံ့​သော​မြို့​သည်၊ ဆိတ်​ညံ​သော​အ​ရပ်၊ တော​ကဲ့​သို့​စွန့်၍ ပစ်​ထား​သော​နေ​ရာ ဖြစ်​လိမ့်​မည်။ ထို​အ​ရပ်၌ နွား​သ​ငယ်​သည် ကျက်​စား​လျက်၊ အိပ်​လျက်​နေ၍၊ အ​ညွန့်​များ​ကို ကိုက်​စား​လိမ့်​မည်။

မိ​မိ​သိုး​စု​ကို သိုး​ထိန်း​ကဲ့​သို့ ကျွေး​မွေး​တော်​မူ​မည်။ သိုး​သ​ငယ်​တို့​ကို ချီ၍ ပိုက်​ပွေ့​တော်​မူ​မည်။ သား​ငယ်​ရှိ​သော သိုး​မ​တို့​ကို​လည်း ဖြည်း​ညင်း​စွာ ပို့​ဆောင်​တော်​မူ​မည်။

ငါ​သည် နှစ်​သက်​သော​သူ​တို့​ကို သင်း​အုပ်​အ​ရာ၌ ခန့်​ထား၍၊ သူ​တို့​သည် ဉာဏ်​ပ​ညာ​နှင့် ပြည့်​စုံ​လျက် သင်​တို့​ကို အုပ်​ကြ​လိမ့်​မည်။

ငါ၏​လူ​တို့​သည် ပျောက်​သော​သိုး​ဖြစ်​ကြ​ပြီ။ သိုး​ထိန်း​တို့​သည် တောင်​များ​ပေါ်​မှာ လမ်း​လွဲ​စေ​ကြ​ပြီ။ သူ​တို့​သည် တောင်​တစ်​လုံး​မှ​တစ်​လုံး​သို့ လမ်း​လွဲ​သွား၍၊ ငြိမ်​ဝပ်​သော​အ​ရပ်​ကို မေ့​လျော့​ကြ​ပြီ။

အ​ချင်း​လူ​သား၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး သိုး​ထိန်း​တို့​တစ်​ဖက်၌ ပ​ရော​ဖက်​ပြု၍ ဟော​ပြော​လျက်၊ သိုး​ထိန်း​တို့​အား အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ကို​ဆင့်​ဆို​ရ​မည်​မှာ၊ ကိုယ်​ကို​သာ ကျွေး​မွေး​သော ဣ​သ​ရေ​လ​အ​မျိုး သိုး​ထိန်း​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ သိုး​ထိန်း​သည် သိုး​တို့​ကို မ​ကျွေး​မွေး​ရ​သ​လော။

သိုး​ထိန်း​တစ်​ဦး​ကို​လည်း ငါ​ခန့်​ထား၍ သူ​သည် ကျွေး​မွေး​လိမ့်​မည်။ ငါ၏​ကျွန်​ဒါ​ဝိဒ်​သည် သူ​တို့​ကို ကျွေး​မွေး၍ သိုး​ထိန်း​လုပ်​ရ​လိမ့်​မည်။

ထို​ကာ​လ၌ ငါ​သည် သူ​တို့​အ​တွက်၊ တော​သား​ရဲ၊ မိုး​ကောင်း​ကင်​ငှက်၊ မြေ​ပေါ်​မှာ တွား​တတ်​သော​တိ​ရ​စ္ဆာန်​များ​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့၍၊ လေး၊ ဓား၊ စစ်​တိုက်​လက်​နက်​တို့​ကို မြေ​ပေါ်​က ပယ်​ရှား​သ​ဖြင့် သူ​တို့​သည် စိုး​ရိမ်​ခြင်း​မ​ရှိ​ဘဲ အိပ်​ရ​ကြ​လိမ့်​မည်။

ကျန်​ကြွင်း​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မ​တ​ရား​သော​အ​မှု​ကို မ​ပြု​ရ​ကြ။ မု​သား​မ​ပြော​ရ​ကြ။ သူ​တို့ နှုတ်၌ လှည့်​စား​တတ်​သော လျှာ​မ​ရှိ​ရ။ အ​ဘယ်​သူ​မျှ မ​ကြောက်​စေ​ဘဲ စား​သောက်​လျက်၊ အိပ်​လျက် နေ​ရ​ကြ​လိမ့်​မည်။

နံ​နက်​စာ​ကို စား​ကြ​သည်​နောက်၊ ယေ​ရှု​က၊ ယော​န၏​သား ရှိ​မုန်၊ ဤ​သူ​တို့​သည် ငါ့​ကို ချစ်​သည်​ထက် သင်​သည်​သာ၍​ချစ်​သ​လော​ဟု ရှိ​မုန်​ပေ​တ​ရု​အား မေး​တော်​မူ​လျှင်၊ ဟုတ်​ပါ၏​သ​ခင်။ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ချစ်​သည်​ကို ကိုယ်​တော်​သိ​တော်​မူ၏​ဟု လျှောက်​သော်၊ ငါ၏​သိုး​သ​ငယ်​တို့​ကို ကျွေး​မွေး​လော့​ဟု မိန့်​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ