ယေဇကျေလ 34:1Judson Bibleတစ်ဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ အခန်းကိုကြည့်ပါ။ |
ငါသည်လည်း၊ သင်တို့အတွေ့ကိုခံမည်။ အထက်က ငါနှင်ထုတ်၍ သင်တို့ခံရသော သိမ်းသွားခြင်းအမှုကို ငါသည်ဖြေရှင်းခြင်းငှာ၊ တိုင်းနိုင်ငံအရပ်ရပ်တို့မှ သင်တို့ကို ငါစုသိမ်းပြီးလျှင်၊ အထက်က ငါနှင်ထုတ်၍ သင်တို့ရှုံးသောပြည်သို့ တစ်ဖန် ငါဆောင်ခဲ့ဦးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
ရှေးလူဟောင်းတို့နေရာ မြေတွင်းထဲသို့ ဆင်းသောသူတို့နှင့်အတူ သင့်ကိုငါနှိမ့်ချ၍၊ သင်၌ လူမနေစေခြင်းငှာ မြေတွင်းထဲသို့ ဆင်းသောသူတို့နှင့်အတူ၊ ရှေးကာလမှစ၍ ဆိတ်ညံရာအရပ်၊ မြေအောက်အရပ်တို့၌ ငါချထားမည်။ ထိုအခါ အသက်ရှင်သောသူတို့၏ နေရာ၌ ငါ့ဘုန်းကို ငါဖွင့်မည်။
အချင်းလူသား၊ သင်သည် ဣသရေလအမျိုး သိုးထိန်းတို့တစ်ဖက်၌ ပရောဖက်ပြု၍ ဟောပြောလျက်၊ သိုးထိန်းတို့အား အရှင်ထာဝရဘုရား မိန့်တော်မူသောစကားကိုဆင့်ဆိုရမည်မှာ၊ ကိုယ်ကိုသာ ကျွေးမွေးသော ဣသရေလအမျိုး သိုးထိန်းတို့သည် အမင်္ဂလာရှိကြ၏။ သိုးထိန်းသည် သိုးတို့ကို မကျွေးမွေးရသလော။