Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 33:8

Judson Bible

ငါ​သည် လူ​ဆိုး​အား၊ အို လူ​ဆိုး၊ အ​ကယ်​စင်​စစ် သင်​သည် အ​သေ​ခံ​ရ​မည်​ဟု ဆို​သော​အ​ခါ ဆိုး​သော​သူ​ကို သူ၏​လမ်း​မှ လွှဲ​စေ​ခြင်း​ငှာ သင်​သည် သ​တိ​မ​ပေး​လျှင်၊ ထို​လူ​ဆိုး​သည် မိ​မိ​အ​ပြစ်​ကြောင့် အ​သက်​ဆုံး​လိမ့်​မည်။ သို့​ရာ​တွင်၊ သူ၏​အ​သက်​ကို သင်၌​ငါ​တောင်း​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ပင်၏​အ​သီး​ကို​ကား မ​စား​ရ။ စား​သော​နေ့​တွင် ဧ​ကန်​အ​မှန်​သေ​ရ​မည်​ဟု လူ​ကို​ပ​ညတ်​ထား​တော်​မူ​၏။

မြွေ​က​လည်း၊ သင်​တို့​သည် ဧ​ကန်​အ​မှန်​သေ​ရ​မည်​မ​ဟုတ်။

လူ​ဆိုး​တို့​သည် အ​သင်း​ဖွဲ့​သော်​လည်း၊ အ​ပြစ်​ဒဏ်​နှင့် မ​လွတ်​ရ​ကြ။ ဖြောင့်​မတ်​သော​သူ​တို့၏ အ​မျိုး​အ​နွယ်​မူ​ကား လွတ်​ရ၏။

အ​ဓ​မ္မ​လူ​ကား၊ ဘု​ရား​သ​ခင်​ရှေ့​တော်၌ မ​ကြောက်​ရွံ့​သော​ကြောင့်၊ ကောင်း​သော​အ​ကျိုး​ကို မ​ခံ​ရ။ အ​ရိပ်​နှင့်​တူ​သော မိ​မိ​အ​သက်​သည်​လည်း မ​ရှည်​ရ။

မ​တ​ရား​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ၏။ မ​ကောင်း​သော​အ​မှု​နှင့် တွေ့​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သူ​ကျင့်​သော အ​ကျင့်​တို့၏​အ​ပြစ်​ကို သူ၌​ဆပ်​ပေး​ရ​လိမ့်​မည်။

အ​ဘ​မူ​ကား၊ မိ​မိ​ညီ​အစ်​ကို​ကို အ​ထပ်​ထပ်​ညှဉ်း​ဆဲ​လျက်၊ သူ့​ဥ​စ္စာ​ကို အ​နိုင်​အ​ထက်​လု​ယူ​လျက်၊ မိ​မိ​အ​မျိုး​သား​ချင်း​တို့​တွင် မ​ကောင်း​သော​အ​မှု​ကို ပြု​သော​အ​ပြစ်​ကြောင့်၊ အ​သေ​သတ်​ခြင်း​ကို ခံ​ရ​မည်။

ပြစ်​မှား​သော​သူ​သည် အ​သေ​ခံ​ရ​မည်။ သား​သည် အ​ဘ၏​အ​ပြစ်​ကို မ​ခံ​ရ။ အ​ဘ​သည် သား၏​အ​ပြစ်​ကို မ​ခံ​ရ။ တ​ရား​သော​သူ​သည် တ​ရား​စွာ​ပြု​ခြင်း အ​ကျိုး​ကို​လည်း​ကောင်း၊ မ​တ​ရား​သော​သူ​သည် မ​တ​ရား​စွာ​ပြု​ခြင်း အ​ပြစ်​ကို​လည်း​ကောင်း ခံ​ရ​လိမ့်​မည်။

ဝိ​ညာဉ်​အ​ပေါင်း​တို့​ကို​ငါ​ပိုင်၏။ အ​ဘ၏​ဝိ​ညာဉ်​ကို ငါ​ပိုင်​သ​ကဲ့​သို့ သား၏​ဝိ​ညာဉ်​ကို​လည်း ငါ​ပိုင်၏။ ပြစ်​မှား​သော​ဝိ​ညာဉ်​သည် အ​သက်​သေ​ရ​မည်။

သင်​သည် အ​မှန်​သေ​လိမ့်​မည်​ဟု၊ လူ​ဆိုး​အား ငါ​ပြော​လျက်​နှင့် သင်​သည် သ​တိ​မ​ပေး၊ လူ​ဆိုး၏ အ​သက်​ကို ချမ်း​သာ​စေ​ခြင်း​ငှာ၊ လူ​ဆိုး​အား သ​တိ​ပေး​သော​စ​ကား​ကို မ​ပြော​ဘဲ​နေ​လျှင် ထို​လူ​ဆိုး​သည် မိ​မိ​အ​ပြစ်၌ သေ​လိမ့်​မည်။ သူ၏​အ​သက်​ကို​ကား၊ သင်၌​ငါ​တောင်း​မည်။

တစ်​ဖန်​ဆိုး​သော​သူ​အား သင်​သည် စင်​စစ်​အ​သေ​ခံ​ရ​လိမ့်​မည်​ဟု ငါ​ဆို​သော်​လည်း၊ ထို​သူ​သည် မိ​မိ​ဒု​စ​ရိုက်​ကို​ရှောင်၍၊ တ​ရား​သော​အ​မှု၊ ဖြောင့်​မတ်​သော​အ​မှု​ကို ပြု​လျက်၊

သို့​မ​ဟုတ် ကင်း​စောင့်​ထား​သော​သူ​သည် ဓား​ဘေး​ရောက်​ကြောင်း​ကို မြင်​လျက် တံ​ပိုး​မ​မှုတ်၊ ပြည်​သား​တို့​အား အ​သိ​မ​ပေး​သော​ကြောင့် ဓား​ဘေး​ရောက်၍ တစ်​စုံ​တစ်​ယောက်​သော​သူ အ​သက်​ဆုံး​လျှင်၊ ထို​သူ​သည် မိ​မိ​အ​ပြစ်​ကြောင့် အ​သက်​ဆုံး​သော်​လည်း၊ သူ၏​အ​သက်​ကို ကင်း​စောင့်​သော​သူ၌ ငါ​တောင်း​မည်။

အ​ကျွန်ုပ်​တို့၏​အ​ဘ​သည် တော၌​သေ​ပါ၏။ ထာ​ဝ​ရ​ဘု​ရား​တစ်​ဖက်၌ စု​ဝေး​သော​အ​ပေါင်း​အ​သင်း၊ ကော​ရ၏​အ​ပေါင်း​အ​သင်း၌ မ​ပါ။ မိ​မိ​အ​ပြစ်​ကြောင့် သေ​ပါ၏။ သူ၌​သား​ယောက်ျား မ​ရှိ​ပါ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ