ယေဇကျေလ 33:6Judson Bibleသို့မဟုတ် ကင်းစောင့်ထားသောသူသည် ဓားဘေးရောက်ကြောင်းကို မြင်လျက် တံပိုးမမှုတ်၊ ပြည်သားတို့အား အသိမပေးသောကြောင့် ဓားဘေးရောက်၍ တစ်စုံတစ်ယောက်သောသူ အသက်ဆုံးလျှင်၊ ထိုသူသည် မိမိအပြစ်ကြောင့် အသက်ဆုံးသော်လည်း၊ သူ၏အသက်ကို ကင်းစောင့်သောသူ၌ ငါတောင်းမည်။ အခန်းကိုကြည့်ပါ။ |
ထိုမျှမက လူဆိုးတို့သည် ဖြောင့်မတ်သောသူကို သူ၏အိမ်အတွင်း အိပ်ရာပေါ်မှာသတ်လျှင်၊ သာ၍ ပြုသင့်သည်မဟုတ်လော။ ယခုပင် သူ၏အသွေးကို သင်တို့၌ ငါတောင်း၍ သင်တို့ကိုမြေကြီးပေါ်က ပယ်ရှားသင့်သည် မဟုတ်လောဟု ဗေရောသိအမျိုး၊ ရိမ္မုန်၏သား ရေခပ်နှင့် ညီဗာနာအား ဆိုပြီးလျှင်၊
သို့ရာတွင် တရားသောသူသည် ဖောက်ပြန်၍၊ အဓမ္မအမှုကိုလည်းကောင်း၊ မတရားသောသူပြုသမျှသော စက်ဆုပ်ရွံရှာဖွယ် အမှုတို့ကိုလည်းကောင်းပြုလျှင်၊ အသက်ရှင်ရမည်လော။ အရင်ပြုသမျှသော ဖြောင့်မတ်ခြင်းအမှုတို့ကို မမှတ်၊ သူသည် လွန်ကျူးသောအမှု၊ ပြစ်မှားသောအပြစ်ကြောင့် အသေသတ်ခြင်းကို ခံရလိမ့်မည်။