Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 32:7

Judson Bible

သင့်​ကို ငါ​ဆုံး​စေ​သော​အ​ခါ မိုး​ကောင်း​ကင်​ကို ငါ​ဖုံး​လွှမ်း၍ ကြယ်​တို့​ကို မိုက်​စေ​မည်။ နေ​ကို​မိုး​အုံ့​စေ​၍ လ​သည်​လည်း အ​လင်း​ကို မ​ပေး​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

နေ​ကို​မှာ​ထား​တော်​မူ၍ သူ​သည်​မ​ထွက်​ရ။ ကြယ်​တို့​ကို​လည်း ကွယ်​ထား​တော်​မူ၏။

ဖြောင့်​မတ်​သော​သူ၏​အ​လင်း​သည် ရွှင်​လန်း၏။ မ​တ​ရား​သော​သူ၏​မီး​ခွက်​မူ​ကား၊ သေ​ရ​လိမ့်​မည်။

နေ​နှင့် အ​လင်း၊ လ​နှင့် ကြယ်​တို့​သည် ကွယ်၍​မိုး​ရွာ​ပြီး​မှ၊ အ​ထပ်​ထပ်​ရွာ​တတ်​သော​ကာ​လ​မ​ရောက်​မီ အောက်​မေ့​လော့။

မိုး​ကောင်း​ကင်​ကြယ်​န​က္ခတ်​တို့​သည် အ​လင်း​ကို​မ​ပေး။ နေ​သည်​လည်း ထွက်​သော​အ​ခါ​မိုက်​လျက်၊ လ​သည်​လည်း မ​ထွန်း​မ​လင်း​ဘဲ​လျက် ရှိ​လိမ့်​မည်။

ခပ်​သိမ်း​သော ကောင်း​ကင်​တန်​ဆာ​တို့​သည် ပြုတ်၍၊ မိုး​ကောင်း​ကင်​သည် စာ​လိပ်​ကဲ့​သို့ လိပ်​လျက်​ရှိ​လိမ့်​မည်။ စ​ပျစ်​နွယ်​ပင်​မှ အ​ရွက်​ကျ​သ​ကဲ့​သို့​လည်း​ကောင်း၊ သင်္ဘော​သ​ဖန်း​ပင်​မှ အ​သီး​ကျ​သ​ကဲ့​သို့​လည်း​ကောင်း၊ ခပ်​သိမ်း​သော ကောင်း​ကင်​တန်​ဆာ​တို့​သည် ကျ​ကြ​လိမ့်​မည်။

မိုး​မ​ချုပ်​မီ၊ မိုက်​သော​တောင်​ပေါ်​မှာ သင်​တို့​သည် ထိ​ခိုက်၍​မ​လဲ​မီ၊ အ​လင်း​ကို​မျှော်​လင့်​သော​အ​ခါ၊ သေ​မင်း​အ​ရိပ်၊ ထူ​ထပ်​သော မှောင်​မိုက်​ကို ဖြစ်​စေ​တော်​မ​မူ​မီ၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လော့။

တာ​ပ​နက်​မြို့၌ အဲ​ဂု​တ္တု​လှံ​တံ​တို့​ကို ငါ​ချိုး၍၊ သူ့​အ​စွမ်း​သ​တ္တိ၏​ဂုဏ်​အ​သ​ရေ​ဆုံး​သော​အ​ခါ နေ့​အ​ချိန်၌ အ​လင်း​ကွယ်​လိမ့်​မည်။ မိုး​အုံ့၍ မြို့​သ​မီး​တို့​သည် သိမ်း​သွား​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။

ထို​နေ့​နီး​ပြီ။ ထာ​ဝ​ရ​ဘု​ရား၏​နေ့၊ မိုး​အုံ့​သော​နေ့၊ တစ်​ပါး​အ​မျိုး​သား​ဖို့ ချိန်း​ချက်​သော​အ​ချိန်​နီး​ပြီ။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သူ​သည် မ​ရ​ဏနိုင်​ငံ​ထဲ​သို့​ဆင်း​သွား​သော​နေ့၌ နက်​နဲ​သော​အ​ရပ်​ကို သူ့​အ​ဖို့ မ​သာ​အ​ဝတ်​နှင့် ငါ​ဖုံး​လွှမ်း၏။ လှိုင်း​တံ​ပိုး​တို့​ကို ငါ​ကန့်​ကွက်၍ ကြီး​စွာ​သော​ရေ​ကို ချုပ်​ထား၏။ လေ​ဗ​နုန်​တောင်​ကို သူ့​အ​ဖို့ မ​သာ​အ​ဝတ်​ကို ဝတ်​စေ၍၊ တော​သစ်​ပင်​အ​ပေါင်း​တို့​သည် စိတ်​ပျက်​ကြ၏။

ကွဲ​ပြား​လျက်​ရှိ​သော မိ​မိ​သိုး​တို့​တွင် သိုး​ထိန်း​ရောက်​သော​အ​ခါ ကြိုး​စား၍​ရှာ​သ​ကဲ့​သို့၊ ငါ​သည်​လည်း ငါ့​သိုး​တို့​ကို ကြိုး​စား၍​ရှာ​မည်။ မိုး​အုံ့​၍ မိုက်​သော​နေ့၌ သူ​တို့​ကွဲ​ပြား​သော အ​ရပ်​ရပ်​တို့​က ငါ​နုတ်​ဆောင်​မည်။

သူ​တို့​ရှေ့​မှာ မြေ​ကြီး​လှုပ်​လိမ့်​မည်။ မိုး​ကောင်း​ကင်​လည်း တုန်​ခိုက်​လိမ့်​မည်။ နေ​နှင့် လ​သည် မိုက်၍၊ ကြယ်​တို့​သည် မ​ထွန်း​လင်း​ဘဲ နေ​ကြ​လိမ့်​မည်။

မိုက်​မဲ​သော​နေ့၊ မိုး​အုံ့၍ မှောင်​မိုက်​ထူ​ထပ်​သော နေ့​ဖြစ်၏။ နေ​အ​ရုဏ်​သည် တောင်​ထိပ်​တို့​ကို နှံ့​ပြား​သ​ကဲ့​သို့၊ အ​များ​ဖြစ်၍ အား​ကြီး​သော​အ​မျိုး​သည် လာ၏။ ရှေး​ကာ​လ၌ ထို​သို့ မ​ဖြစ်​စ​ဖူး။ နောင်​ကာ​လ အ​စဉ်​အ​ဆက်၌​လည်း မ​ဖြစ်​ရ​လ​တ္တံ့။

ထာ​ဝ​ရ​ဘု​ရား၏ ကြောက်​မက်​ဖွယ်​သော နေ့​ကြီး​မ​တိုင်​မီ၊ နေ​သည် မှောင်​မိုက်​အ​တိ ဖြစ်​လိမ့်​မည်။ လ​သည်​လည်း သွေး​ဖြစ်​လိမ့်​မည်။

နေ​နှင့် လ​သည် မိုက်​လိမ့်​မည်။ ကြယ်​တို့​သည်​လည်း မ​ထွန်း​လင်း​ဘဲ နေ​ကြ​လိမ့်​မည်။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​ကာ​လ​အ​ခါ မွန်း​တည့်​အ​ချိန်၌ ငါ​သည် နေ​ကို​ဝင်​စေ​မည်။ ကြည်​လင်​သော​နေ့၌ မြေ​ကြီး​ကို မိုက်​စေ​မည်။

ထို​ကာ​လ၏ ဒု​က္ခ​ဆင်း​ရဲ​ခြင်း​နောက် ရုတ်​ခ​နဲ နေ​သည်​မိုက်​လိမ့်​မည်။ လ​သည် အ​ရောင်​ကို​မ​ပေး။ ကြယ်​တို့​သည် ကောင်း​ကင်​မှ ကျ​ကြ​လိမ့်​မည်။ ကောင်း​ကင်​တန်​ခိုး​တို့​သည် တုန်​လှုပ်​ကြ​လိမ့်​မည်။-

ထို​ကာ​လ၏ ဒု​က္ခ​ဆင်း​ရဲ​ခြင်း​နောက်​မှ နေ​သည် မိုက်​လိမ့်​မည်။ လ​သည် အ​ရောင်​မ​ပေး။

ထို​အ​ခါ၊ နေ၊ လ၊ ကြယ်​န​က္ခတ်​တို့၌ ပု​ပ္ပ​နိ​မိတ် ထင်​ရှား​လိမ့်​မည်။ မြေ​ကြီး​ပေါ်​မှာ​လည်း လူ​အ​မျိုး​မျိုး မ​ငြိမ်​မ​သက် စိုး​ရိမ်​ကြောင့်​ကြ​ခြင်း၊ သ​မု​ဒ္ဒ​ရာ​လှိုင်း​တံ​ပိုး​ကြီး​ခြင်း၊-

စ​တု​တ္ထ​ကောင်း​ကင်​တ​မန်​သည် တံ​ပိုး​မှုတ်​သော​အ​ခါ၊ နေ​သုံး​စု​တစ်​စု၊ လ​သုံး​စု​တစ်​စု၊ ကြယ်​သုံး​စု​တစ်​စု​ကြတ်၍ သုံး​စု​တစ်​စု မိုက်​လေ၏။ နေ့​သုံး​စု​တစ်​စု၊ ည​သုံး​စု​တစ်​စု​သည် အ​လင်း​မ​ရှိ၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ