Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 32:6

Judson Bible

သင်​မှ​ယို​သော အ​သွေး​ဖြင့် မြေ​ကို​တောင်​ထိပ်​တိုင်​အောင် စို​စေ​မည်။ မြစ်​တို့​သည် သင့်​အ​သွေး​နှင့် ပြည့်​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က၊ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​သည်​အ​ဘယ်​သို့ သိ​ရ​မည်​နည်း​ဟူ​မူ​ကား၊ ငါ​ကိုင်​သော​လှံ​တံ​နှင့် မြစ်​ရေ​ကို​ရိုက်၍ ထို​ရေ​သည် အ​သွေး​ဖြစ်​လိမ့်​မည်။

သူ​တို့​တွင် အ​သေ​ခံ​ရ​သော သူ​တို့​ကို ပြင်​သို့​ပစ်​လိုက်​သ​ဖြင့်၊ အ​သေ​ကောင်​တို့​သည် နံ​စော်၍၊ သူ​တို့၏​အ​သွေး​ဖြင့် တောင်​တို့​သည် အ​ရည်​ဖြစ်​ကြ​လိမ့်​မည်။

ကြံ့​များ​နှင့် နွား​လား​ဥ​သ​ဘ​များ​တို့​သည် လဲ​ကြ​သ​ဖြင့်၊ သူ​တို့​နေ​ရာ​မြေ​သည် သူ​တို့​အ​သွေး​နှင့် ယစ်​မူး၍၊ မြေ​မှုန့်​သည်​လည်း ဆီ​ဥ​နှင့် ဆူ​ဝ​လိမ့်​မည်။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​အ​သက်​ရှင်​သည်​အ​တိုင်း၊ အ​သက်​သတ်​ခြင်း​အ​မှု​ကို သင်၌​ငါ​ပြု၍၊ ထို​အ​မှု​သည် သင့်​ကို​လိုက်​မည်။ အ​သက်​သတ်​ခြင်း​အ​မှု​ကို သင်​မ​မုန်း​သော​ကြောင့်၊ ထို​အ​မှု​သည် သင့်​ကို​လိုက်​ရ​လိမ့်​မည်။

သင်၏​တောင်​တို့​ကို​လည်း သင်၏​သူ​ရဲ အ​သေ​ကောင်​တို့​နှင့် ငါ​ပြည့်​စေ​မည်။ သင့်​နေ​ရာ​ကုန်း၊ ချိုင့်၊ မြစ်​နား၌ ဓား​ဖြင့် အ​သေ​ခံ​ရ​သော သူ​တို့​သည် ရှိ​ကြ​လိမ့်​မည်။

မြို့​ပြင်၌ နယ်​ရာ​တန်​ဆာ​ကို ဖိ​နင်း၍ အ​သွေး​သည် တစ်​ဆယ်​ခြောက်​ယူ​ဇ​နာ​ခ​ရီး တစ်​လျှောက်​လုံး၌ မြင်း​ဇက်​ကြိုး​ကို မီ​သည်​တိုင်​အောင် နယ်​ရာ​တန်​ဆာ​ထဲ​က ထွက်​လေ၏။

ထို​သူ​တို့​သည် သန့်​ရှင်း​သူ​တို့၏ အ​သွေး၊ ပ​ရော​ဖက်​တို့၏ အ​သွေး​ကို သွန်း​လောင်း​ကြ​သည်​ဖြစ်၍၊ သူ​တို့​အား အ​သွေး​ကို တိုက်​တော်​မူ​ပြီ။ သူ​တို့​လည်း ခံ​ထိုက်​ကြ​ပါ၏​ဟု လျှောက်​ဆို​သည်​ကို ငါ​ကြား၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ