ယေဇကျေလ 32:32Judson Bibleအသက်ရှင်သော သူတို့၏နေရာ၌ သူသည် သူတစ်ပါးတို့ကို ကြောက်စေသောအခွင့်ကို ငါပေးသော်လည်း၊ ဖာရောဘုရင်နှင့် သူ၏လူအလုံးအရင်း ရှိသမျှတို့သည် ဓားဖြင့် သေသောသူတို့နှင့်အတူ၊ အရေဖျားလှီးခြင်းကိုမခံသောလူတို့အလယ်၌ လဲ၍နေကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
သူတို့သည် ရှေးကာလ၌ လဲ၍သေသော၊ အရေဖျားလှီးခြင်းကို မခံသော လူကြီးတို့နှင့် အတူအိပ်၍ နေရကြလိမ့်မည် မဟုတ်လော။ ထိုလူကြီးတို့သည် အသက်ရှင်သောသူတို့၏နေရာ၌ လူကြီးတို့ကို ကြောက်စေတတ်သော်လည်း၊ စစ်တိုက်လက်နက်ပါလျက် မရဏနိုင်ငံထဲသို့ ဆင်းသွား၍၊ မိမိဓားကို မိမိခေါင်းအောက်မှာ ထားလျက်၊ မိမိတို့အရိုးပေါ်မှာ မိမိတို့အပြစ် တည်လျက်ရှိကြ၏။