Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 32:31

Judson Bible

ဖာ​ရော​ဘု​ရင်​သည် ထို​လူ​များ​တို့​ကို​မြင်၍၊ ဓား​ဖြင့်​သေ​သော မိ​မိ​လူ​အ​လုံး​အ​ရင်း​ရှိ​သ​မျှ​တို့​ကြောင့် ပူ​ပန်​သော​စိတ်​လျော့၍၊ ဖာ​ရော​ဘု​ရင်​နှင့် မိ​မိ​ဗိုလ်​ခြေ​အ​ပေါင်း​တို့​သည် သက်​သာ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

4 ပူးပေါင်းရင်းမြစ်များ  

အို ယေ​ရု​ရှ​လင်​သ​တို့​သ​မီး၊ သင်၏​အ​မှု၌​အ​ဘယ်​သက်​သေ​ကို ငါ​ပြ​ရ​မည်​နည်း။ အို​ဇိ​အုန်​သ​တို့ သ​မီး​က​ညာ၊ သင့်​ကို​နှစ်​သိမ့်​စေ​ခြင်း​ငှာ၊ သင်​နှင့်​အ​ဘယ်​သူ​ကို ငါ​ခိုင်း​နှိုင်း​ရ​မည်​နည်း။ သင်၏​ပြို​ပျက်​ရာ​သည် သ​မု​ဒ္ဒ​ရာ​ကဲ့​သို့ ကျယ်​သော​ကြောင့် အ​ဘယ်​သူ ပြု​ပြင်​နိုင်​သ​နည်း။

သို့​ရာ​တွင်၊ လွတ်၍ ထွက်​မြောက်​ရ​သော အ​ကျန်​အ​ကြွင်း သား​သ​မီး​အ​ချို့ ရှိ​ကြ​လိမ့်​မည်။ သူ​တို့​သည် သင်​တို့​ရှိ​ရာ​သို့ ထွက်​လာ၍၊ ကျင့်​ကြံ​ပြု​မူ​သော အ​မှု​အ​ရာ​တို့​ကို သင်​တို့​သိ​ကြ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့၌ ငါ​ရောက်​စေ​သ​မျှ​သော အ​မှု​များ​ကြောင့် စိတ်​ပူ​ပန်​ခြင်း​မ​ရှိ၊ သက်​သာ​ခြင်း​ရှိ​ကြ​လိမ့်​မည်။

မြေ​တွင်း​ထဲ​သို့ ဆင်း​သွား​သော​သူ​တို့​နှင့်​အ​တူ သူ့​ကို မ​ရ​ဏ​နိုင်​ငံ​ထဲ​သို့ ငါ​နှိမ့်​ချ​သော​အ​ခါ၊ နှိမ့်​ချ​သံ​အား​ဖြင့် လူ​အ​မျိုး​မျိုး​တို့​ကို ငါ​တုန်​လှုပ်​စေ၏။ ဧ​ဒင်​သစ်​ပင်​ရှိ​သ​မျှ​တို့​နှင့် အ​ကောင်း​ဆုံး၊ အ​မြတ်​ဆုံး​သော လေ​ဗ​နုန်​သစ်​ပင်​မှ​စ၍၊ ရေ​ကို​သောက်​သ​မျှ​သော သစ်​ပင်​တို့​သည် မြေ​အောက်​အ​ရပ်​တို့၌ သက်​သာ​ခြင်း​သို့​ရောက်​ကြ၏။

အ​သက်​ရှင်​သော သူ​တို့၏​နေ​ရာ၌ သူ​သည် သူ​တစ်​ပါး​တို့​ကို ကြောက်​စေ​သော​အ​ခွင့်​ကို ငါ​ပေး​သော်​လည်း၊ ဖာ​ရော​ဘု​ရင်​နှင့် သူ၏​လူ​အ​လုံး​အ​ရင်း ရှိ​သ​မျှ​တို့​သည် ဓား​ဖြင့် သေ​သော​သူတို့နှင့်အတူ၊ အရေဖျားလှီးခြင်းကိုမခံသောလူ​တို့​အ​လယ်၌ လဲ၍​နေ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ