Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 32:21

Judson Bible

ခွန်​အား​အ​ကြီး​ဆုံး​သော သူ​ရဲ​တို့​သည် မ​ရ​ဏ​နိုင်​ငံ​ထဲ​က သူ​နှင့် သူ၏​အ​ခြံ​အ​ရံ​တို့​ကို နှုတ်​ဆက်​ကြ​လိမ့်​မည်။ သူ​တို့​သည်​လည်း ဆင်း​သွား​ကြ​ပြီ။ ဓား​နှင့်​သေ၍၊ အ​ရေ​ဖျား​လှီး​ခြင်း​မ​ခံ​သော​အ​ဖြစ်၌ လဲ​နေ​လျက်​ရှိ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​ကို သေ​မင်း​ဖမ်း​ဆီး​ပါ​စေ။ အ​သက်​ရှင်​လျက် မ​ရ​ဏ​နိုင်​ငံ​သို့ ဆင်း​သက်​ကြ​ပါ​စေ။ အ​ကြောင်း​မူ​ကား၊ ဒု​စ​ရိုက်​တို့​သည် သူ​တို့​နေ​ရာ​တွင် သူ​တို့​အ​ထဲ၌​ရှိ​ကြ၏။

မ​တ​ရား​သော​သူ​တို့​နှင့် ဘု​ရား​သ​ခင်​ကို မေ့​လျော့​သော​လူ​မျိုး​အ​ပေါင်း​တို့​သည် မ​ရ​ဏ​နိုင်​ငံ​သို့ နှင်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။

မ​တ​ရား​သော​သူ​သည် မ​တ​ရား​သ​ဖြင့် ပြု​စဉ်​အ​ခါ၊ လှဲ​ခြင်း​ကို​ခံ​ရ၏။ ဖြောင့်​မတ်​သော​သူ​မူ​ကား၊ သေ​သော​အ​ခါ၌​ပင် မျှော်​လင့်​စ​ရာ​ရှိ၏။

ခွန်​အား​ကြီး​သော​သူ​သည် ပိုက်​ဆန်​လျှော်​ဖြစ်​လျက်၊ သူ​၏​အ​မှု​သည် မီး​ပွား​ဖြစ်​လျက်၊ ထို​နှစ်​ပါး​သည် အ​တူ​လောင်​ကြ​လိမ့်​မည်။ ထို​မီး​ကို​အ​ဘယ်​သူ​မျှ မ​သတ်​ရ။

သင်​သည် ဘုန်း​တန်​ခိုး​အာ​နု​ဘော်​အား​ဖြင့် အ​ဘယ်​မည်​သော ဧ​ဒင်​သစ်​ပင်​နှင့် တူ​သ​နည်း။ သင်​သည် ဧ​ဒင်​သစ်​ပင်​တို့​နှင့်​အ​တူ မြေ​အောက်​အ​ရပ်​သို့ နှိမ့်​ချ​ခြင်း​ကို​ခံ​ရ​မည်။ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ၊ ဓား​ဖြင့်​အ​သေ​ခံ​ရ​သော သူ​တို့​နှင့်​အ​တူ လဲ၍​နေ​ရ​မည်။ ထို​သို့ ဖာ​ရော​ဘု​ရင်​နှင့် သူ့​အ​လုံး​အ​ရင်း​ရှိ​သ​မျှ​တို့​သည်​ဖြစ်​ရ​ကြ​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သင်​သည် သူ​တစ်​ပါး​ထက်​သာ၍ လှ​သ​လော။ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ​တို့​နှင့်​အ​တူ ဆင်း​သက်၍ နေ​ရာ​ကျ​လော့။

သူ​တို့​သည် ရှေး​ကာ​လ၌ လဲ၍​သေ​သော၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော လူ​ကြီး​တို့​နှင့် အ​တူ​အိပ်၍ နေ​ရ​ကြ​လိမ့်​မည် မ​ဟုတ်​လော။ ထို​လူ​ကြီး​တို့​သည် အ​သက်​ရှင်​သော​သူ​တို့၏​နေ​ရာ၌ လူ​ကြီး​တို့​ကို ကြောက်​စေ​တတ်​သော်​လည်း၊ စစ်​တိုက်​လက်​နက်​ပါ​လျက် မ​ရ​ဏ​နိုင်​ငံ​ထဲ​သို့ ဆင်း​သွား၍၊ မိ​မိ​ဓား​ကို မိ​မိ​ခေါင်း​အောက်​မှာ ထား​လျက်၊ မိ​မိ​တို့​အ​ရိုး​ပေါ်​မှာ မိ​မိ​တို့​အ​ပြစ် တည်​လျက်​ရှိ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ