Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 32:19

Judson Bible

သင်​သည် သူ​တစ်​ပါး​ထက်​သာ၍ လှ​သ​လော။ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ​တို့​နှင့်​အ​တူ ဆင်း​သက်၍ နေ​ရာ​ကျ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

အ​ရေ​ဖျား​လှီး​ခြင်း မ​ခံ​သော​လူ​သေ​သ​ကဲ့​သို့၊ သင်​သည် တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့ လက်​ဖြင့်​သေ​ရ​မည်။ ငါ​ပြော​ပြီ​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။

သင်​သည် ဘုန်း​တန်​ခိုး​အာ​နု​ဘော်​အား​ဖြင့် အ​ဘယ်​မည်​သော ဧ​ဒင်​သစ်​ပင်​နှင့် တူ​သ​နည်း။ သင်​သည် ဧ​ဒင်​သစ်​ပင်​တို့​နှင့်​အ​တူ မြေ​အောက်​အ​ရပ်​သို့ နှိမ့်​ချ​ခြင်း​ကို​ခံ​ရ​မည်။ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ၊ ဓား​ဖြင့်​အ​သေ​ခံ​ရ​သော သူ​တို့​နှင့်​အ​တူ လဲ၍​နေ​ရ​မည်။ ထို​သို့ ဖာ​ရော​ဘု​ရင်​နှင့် သူ့​အ​လုံး​အ​ရင်း​ရှိ​သ​မျှ​တို့​သည်​ဖြစ်​ရ​ကြ​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အ​ချင်း​လူ​သား၊ သင်​သည် အဲ​ဂု​တ္တု​ရှင်​ဘု​ရင် ဖာ​ရော​မင်း​နှင့် သူ၏​အ​လုံး​အ​ရင်း​အား​ဟော​ပြော​ရ​မည်​မှာ၊ သင်​သည် ဘုန်း​တန်​ခိုး​ကြီး၍ အ​ဘယ်​သူ​နှင့် တူ​သ​နည်း။

ခွန်​အား​အ​ကြီး​ဆုံး​သော သူ​ရဲ​တို့​သည် မ​ရ​ဏ​နိုင်​ငံ​ထဲ​က သူ​နှင့် သူ၏​အ​ခြံ​အ​ရံ​တို့​ကို နှုတ်​ဆက်​ကြ​လိမ့်​မည်။ သူ​တို့​သည်​လည်း ဆင်း​သွား​ကြ​ပြီ။ ဓား​နှင့်​သေ၍၊ အ​ရေ​ဖျား​လှီး​ခြင်း​မ​ခံ​သော​အ​ဖြစ်၌ လဲ​နေ​လျက်​ရှိ​ကြ၏။

ထို​အ​ရပ်၌ ဧ​လံ​နှင့် သူ၏​သင်္ချိုင်း​ပတ်​လည်၌ သူ၏​လူ​အ​လုံး​အ​ရင်း​ရှိ​သ​မျှ​တို့​သည် ဓား​ဖြင့်​သေ၍ လဲ​လျက်​ရှိ​ကြ၏။ အ​သက်​ရှင်​သော သူ​တို့၏​နေ​ရာ၌ သူ​တစ်​ပါး​ကို ကြောက်​စေ​တတ်​သော်​လည်း၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ​ဖြစ်၍ မြေ​အောက်​အ​ရပ်​သို့​ဆင်း​သွား​ရ​သ​ဖြင့်၊ မြေ​တွင်း​ထဲ​သို့ ဆင်း​သွား​သော သူ​တို့​နှင့်​အ​တူ အ​ရှက်​ကွဲ​လျက် သေ​သော​သူ​တို့​နှင့်​အ​တူ နေ​ရာ​ကျ​ကြ၏။

ထို​အ​ရပ်၌ မိ​မိ​အ​လုံး​အ​ရင်း ရှိ​သ​မျှ​တို့​နှင့်​အ​တူ မေ​ရှက်​လည်း​ရှိ၏။ တု​ဗ​လ​လည်း​ရှိ၏။ သင်္ချိုင်း​တွင်း​တို့​သည် ပတ်​လည်၌ ရှိ​ကြ၏။ အ​သက်​ရှင်​သော​သူ​တို့၏​နေ​ရာ၌ သူ​တစ်​ပါး​ကို ကြောက်​စေ​တတ်​သော်​လည်း ထို​သူ​ရှိ​သ​မျှ​တို့​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​သူ​ဖြစ်၍ ဓား​ဖြင့် သေ​လျက်​နေ​ကြ၏။

ဒါ​ဝိဒ်​က​လည်း၊ ထို​ဖိ​လိ​တ္တိ​လူ​ကို​သတ်၍ ဣ​သ​ရေ​လ​အ​မျိုး​ခံ​သော အ​ရှက်​ကွဲ​ခြင်း​ကို ပယ်​ရှင်း​သော​သူ​သည် အ​ဘယ်​အ​ကျိုး​ကို ရ​လိမ့်​မည်​နည်း။ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏ ဗိုလ်​ခြေ​တို့​ကို ကြိမ်း​ပ​ရ​မည်​အ​ကြောင်း၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို​မ​ခံ​သော ထို​ဖိ​လိ​တ္တိ​လူ​သည် အ​ဘယ်​သို့​သော​သူ ဖြစ်​သ​နည်း​ဟု မိ​မိ​အ​နား​မှာ​ရှိ​သော​သူ​တို့​အား မေး​မြန်း​လျှင်၊

ကိုယ်​တော်​ကျွန်​သည် ခြင်္သေ့​နှင့်​ဝံ​နှစ်​ကောင်​လုံး​ကို သတ်​ပါ၏။ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော ထို​ဖိ​လိ​တ္တိ​လူ​သည် အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏​ဗိုလ်​ခြေ​တို့​ကို ကြိမ်း​ပ​သော​ကြောင့်၊ ထို​အ​ကောင်​တစ်​ကောင်​ကဲ့​သို့ ဖြစ်​ပါ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ