Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 31:9

Judson Bible

ဧ​ဒင်​အ​ရပ်၊ ဘု​ရား​သ​ခင်၏​ဥ​ယျာဉ်​တော်၌ ရှိ​သ​မျှ​သော သစ်​ပင်​တို့​သည် ထို​အ​ပင်​ကို ငြူ​စူ​သည်​တိုင်​အောင် အ​ခက်​အ​လက် များ​ပြား​သော​အား​ဖြင့် သူ၏​အ​ဆင်း​ကို ငါ​လှ​စေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

26 ပူးပေါင်းရင်းမြစ်များ  

ထို​ကာ​လ​အ​ခါ၊ သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​ကို ထာ​ဝ​ရ​ဘု​ရား​ဖျက်​ဆီး​တော်​မ​မူ​မီ၊ ဇော​ရ​မြို့​သို့​သွား​သော​လမ်း၊ ယော်​ဒန်​မြစ်​ပတ်​ဝန်း​ကျင်​အ​ရပ်​ရပ်၌ ရေ​များ၍၊ ထာ​ဝ​ရ​ဘု​ရား၏​ဥ​ယျာဉ်​တော်​ကဲ့​သို့​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ပြည်​ကဲ့​သို့​လည်း​ကောင်း​ဖြစ်​သည်​ကို၊ လော​တ​မျှော်​ကြည့်၍​မြင်​လျှင်၊

သိုး​စု၊ နွား​စု​များ၊ ကျွန်​များ​နှင့်​ပြည့်​စုံ​ကြွယ်​ဝ၏။ ထို​ကြောင့်၊ ဖိ​လိ​တ္တိ​လူ​တို့​သည် သူ့​ကို​ငြူ​စူ​ကြ၏။

အစ်​ကို​တို့​သည် သူ့​ကို​ငြူ​စူ​ကြ၏။ အ​ဘ​သည် ထို​အ​ရာ​ကို​မှတ်​လေ၏။

အ​ကယ်​စင်​စစ် ငါ့​တန်​ခိုး​ကို သင်၌​ငါ​ပြ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ့​နာ​မ​ကို မြေ​ကြီး​တစ်​ပြင်​လုံး​တွင် ကျော်​စော​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင့်​ကို​ငါ​ချီး​မြှောက်​ခဲ့​ပြီ။

မာ​န​သည် ကြမ်း​ကြုတ်​သော​သ​ဘော​ရှိ၏။ ဒေါ​သ​သည် ပြင်း​ထန်​တတ်၏။ ငြူ​စူ​သော​စိတ်​ကို​ကား၊ အ​ဘယ်​သူ​ဆီး၍ ခံ​နိုင်​သ​နည်း။

တစ်​ဖန် ကြိုး​စား​အား​ထုတ်​ခြင်း​အ​မှု​နှင့်၊ ကောင်း​မွန်​စွာ ပြီး​စီး​သော​အ​မှု အ​လုံး​စုံ​တို့​ကို​လည်း​ကောင်း၊ ထို​သို့​သော​အ​မှု​တို့​ကြောင့် သူ​တစ်​ပါး​ငြူ​စူ​ကြောင်း​ကို​လည်း​ကောင်း ငါ​ဆင်​ခြင်၏။ ထို​အ​မှု​အ​ရာ​သည် အ​န​တ္တ​အ​မှု၊ လေ​ကို ကျက်​စား​သော​အ​မှု​ဖြစ်၏။

ထို​သို့​နှင့်​အ​ညီ၊ ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​မြို့​ကို ချမ်း​သာ​ပေး​တော်​မူ​မည်။ သူ၏​ဆိတ်​ညံ​ရာ အ​ရပ်​အ​လုံး​စုံ​တို့​ကို ချမ်း​သာ​ပေး​မည်။ သူ၏​တော​ကို ဧ​ဒင်​အ​ရပ်​ကဲ့​သို့​လည်း​ကောင်း၊ သူ၏​လွင်​ပြင်​ကို ထာ​ဝ​ရ​ဘု​ရား၏ ဥ​ယျာဉ်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​စေ​တော်​မူ​သ​ဖြင့်၊ ဇိ​အုန်​မြို့​သည် ဝမ်း​မြောက်​ရွှင်​လန်း​ခြင်း၊ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ခြင်း၊ သီ​ချင်း​ဆို​ခြင်း​နှင့် ပြည့်​စုံ​လိမ့်​မည်။

သင်​တို့​သည် ဝမ်း​မြောက်​သော စိတ်​နှင့်​ထွက်၍၊ ချမ်း​သာ​စွာ​ပို့​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ တောင်​ကြီး တောင်​ငယ်​တို့​သည် သင်​တို့​ရှေ့​မှာ သီ​ချင်း​ဆို​သံ​နှင့် ကြွေး​ကြော်၍၊ တော၌​ရှိ​သ​မျှ​သော အ​ပင်​တို့​သည် လက်​ခုပ်​တီး​ကြ​လိမ့်​မည်။

ငါ​သည် ကိုယ်​အ​သ​ရေ​ကို သင်၌ အပ်​ပေး​သော​ကြောင့်၊ သင်​သည် လှ​သော​အ​ဆင်း​နှင့် စုံ​လင်၍၊ အ​တိုင်း​တိုင်း​အ​ပြည်​ပြည်၌ ကျော်​စော​လေ၏။

တစ်​ဖန် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ မြင့်​သော​အာ​ရဇ်​ပင်၌ အ​မြင့်​ဆုံး​သော​အ​ညွန့်​ကို ငါ​ယူ၍​စိုက်​မည်။ အ​ညွန့်​ဖျား​တို့​တွင် နု​သော​အ​ညွန့်​ကို​ဆိတ်၍၊ မြင့်​မြတ်​သော​တောင်​ပေါ်​မှာ ငါ​စိုက်​ပျိုး​မည်။

ငါ​ထာ​ဝ​ရ​ဘု​ရား​သည် မြင့်​သော​အ​ပင်​ကို​နှိမ့်၍၊ နိမ့်​သော​အ​ပင်​ကို ချီး​မြှောက်​ကြောင်း၊ စိမ်း​လန်း​သော​အ​ပင်​ကို သွေ့​ခြောက်​စေ၍၊ သွေ့​ခြောက်​သော​အ​ပင်​ကို စိမ်း​လန်း​စေ​ကြောင်း​များ​ကို၊ တော​သစ်​ပင်​ရှိ​သ​မျှ​တို့​သည် သိ​ရ​ကြ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် စ​ကား​တော်​ရှိ​သည်​အ​တိုင်း ပြု​မည်​ဟု​မိန့်​တော်​မူ၏။

ဧ​ဒင်​အ​ရပ်၊ ဘု​ရား​သ​ခင်၏ ဥ​ယျာဉ်​တော်၌​နေ​ပြီ။ သင်၏​ခေါင်း​ပေါ်​မှာ ကျောက်​နီ၊ ဥဿ​ဖ​ရား၊ စိန်၊ မျက်​ရွဲ၊ ကြောင်၊ န​ဂါး​သွဲ့၊ နီ​လာ၊ မြ၊ ပ​တ္တ​မြား အ​စ​ရှိ​သော​ကျောက်​မြတ် အ​မျိုး​မျိုး​တို့​ကို ဆောင်း​လေ၏။ ရွှေ​ဖြင့်​လုပ်​သော ပတ်​သာ၊ ပု​လွေ​တို့​သည်​လည်း၊ သင်​ဖွား​သော​နေ့၌​ပင် သင့်​အ​ဖို့ ပြင်​ဆင်​လျက်​ရှိ​ကြ၏။

မြေ​တွင်း​ထဲ​သို့ ဆင်း​သွား​သော​သူ​တို့​နှင့်​အ​တူ သူ့​ကို မ​ရ​ဏ​နိုင်​ငံ​ထဲ​သို့ ငါ​နှိမ့်​ချ​သော​အ​ခါ၊ နှိမ့်​ချ​သံ​အား​ဖြင့် လူ​အ​မျိုး​မျိုး​တို့​ကို ငါ​တုန်​လှုပ်​စေ၏။ ဧ​ဒင်​သစ်​ပင်​ရှိ​သ​မျှ​တို့​နှင့် အ​ကောင်း​ဆုံး၊ အ​မြတ်​ဆုံး​သော လေ​ဗ​နုန်​သစ်​ပင်​မှ​စ၍၊ ရေ​ကို​သောက်​သ​မျှ​သော သစ်​ပင်​တို့​သည် မြေ​အောက်​အ​ရပ်​တို့၌ သက်​သာ​ခြင်း​သို့​ရောက်​ကြ၏။

သင်​သည် ဘုန်း​တန်​ခိုး​အာ​နု​ဘော်​အား​ဖြင့် အ​ဘယ်​မည်​သော ဧ​ဒင်​သစ်​ပင်​နှင့် တူ​သ​နည်း။ သင်​သည် ဧ​ဒင်​သစ်​ပင်​တို့​နှင့်​အ​တူ မြေ​အောက်​အ​ရပ်​သို့ နှိမ့်​ချ​ခြင်း​ကို​ခံ​ရ​မည်။ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ၊ ဓား​ဖြင့်​အ​သေ​ခံ​ရ​သော သူ​တို့​နှင့်​အ​တူ လဲ၍​နေ​ရ​မည်။ ထို​သို့ ဖာ​ရော​ဘု​ရင်​နှင့် သူ့​အ​လုံး​အ​ရင်း​ရှိ​သ​မျှ​တို့​သည်​ဖြစ်​ရ​ကြ​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထို​အ​ခါ သူ​တစ်​ပါး​တို့​က၊ အ​ရင်​စွန့်​ပစ်​သော ဤ​မြေ​သည် ဧ​ဒင်​ဥ​ယျာဉ်​ကဲ့​သို့ ဖြစ်​လေ​ပြီ။ သုတ်​သင် ပယ်​ရှင်း​ပျက်​စီး​သော မြို့​တို့​သည်​လည်း ခိုင်​ခံ့၍ မြို့​သား​တို့​နှင့် ပြည့်​စုံ​ကြ​ပြီ​ဟု ပြော​ကြ​လိမ့်​မည်။

ကာ​လ​အ​ချိန် ဥ​တု​များ​ကို ပြောင်း​လဲ​စေ​တော်​မူ၏။ ရှင်​ဘု​ရင်​တို့​ကို​လည်း နှိမ့်​ချ​ချီး​မြှောက်​တော်​မူ၏။ ပ​ညာ​ရှိ​တို့​အား​ပ​ညာ​ကို ပေး​တော်​မူ၏။ ဉာဏ်​ရှိ​သော​သူ​တို့​သည် ကျေး​ဇူး​တော်​အား​ဖြင့်​သာ၊ ထိုး​ထွင်း၍ နား​လည်​တတ်​ကြ၏။

အို ထင်း​ရှူး​ပင်၊ အာ​ရဇ်​ပင်​လဲ​သော​ကြောင့် မြည်​တမ်း​လော့။ မြတ်​သော​အ​ပင်​တို့​သည် ပျက်​စီး​ကြ​ပြီ။ အို ဗာ​ရှန်​သ​ပိတ်​ပင်​တို့၊ ခိုင်​ခံ့​သော​တော​ကို ခုတ်​လှဲ​သော​ကြောင့် မြည်​တမ်း​ကြ​လော့။

ထို​သို့ အ​လွန်​သ​တိ​ပ​ညာ​နှင့် ပြု​မူ​သည်​ကို ရှော​လု​သည်​မြင်​လျှင် သာ၍​ကြောက်​ရွံ့​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ