ယေဇကျေလ 31:18Judson Bibleသင်သည် ဘုန်းတန်ခိုးအာနုဘော်အားဖြင့် အဘယ်မည်သော ဧဒင်သစ်ပင်နှင့် တူသနည်း။ သင်သည် ဧဒင်သစ်ပင်တို့နှင့်အတူ မြေအောက်အရပ်သို့ နှိမ့်ချခြင်းကိုခံရမည်။ အရေဖျားလှီးခြင်းကို မခံသောလူ၊ ဓားဖြင့်အသေခံရသော သူတို့နှင့်အတူ လဲ၍နေရမည်။ ထိုသို့ ဖာရောဘုရင်နှင့် သူ့အလုံးအရင်းရှိသမျှတို့သည်ဖြစ်ရကြမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
အကြောင်းမူကား၊ ရေနားမှာရှိသမျှသော သစ်ပင်တို့တွင် တစ်ပင်မျှ အရပ်မြင့်သောကြောင့် မဝါကြွား။ ထူထပ်သော အခက်အလက်တို့တွင် မိမိထိပ်ဖျားကို မချီးမြှောက်မည်အကြောင်း၊ ရေကိုသောက်သမျှသော အပင်တစ်ပင်မျှ အရပ်မြင့်လျက် မပြိုင်ဝံ့မည်အကြောင်းတည်း။ ထိုအပင်အပေါင်းတို့သည် မြေတွင်းထဲသို့ဆင်းတတ်သော လူသားတို့နှင့်အတူ သေခြင်းသို့လည်းကောင်း၊ မြေအောက်အရပ်သို့လည်းကောင်း ရောက်စေခြင်းငှာ ငါအပ်လေပြီ။
မြေတွင်းထဲသို့ ဆင်းသွားသောသူတို့နှင့်အတူ သူ့ကို မရဏနိုင်ငံထဲသို့ ငါနှိမ့်ချသောအခါ၊ နှိမ့်ချသံအားဖြင့် လူအမျိုးမျိုးတို့ကို ငါတုန်လှုပ်စေ၏။ ဧဒင်သစ်ပင်ရှိသမျှတို့နှင့် အကောင်းဆုံး၊ အမြတ်ဆုံးသော လေဗနုန်သစ်ပင်မှစ၍၊ ရေကိုသောက်သမျှသော သစ်ပင်တို့သည် မြေအောက်အရပ်တို့၌ သက်သာခြင်းသို့ရောက်ကြ၏။
အကယ်စင်စစ် သင့်အမှုကြောင့် လူမျိုးများတို့ကို ငါမိန်းမောတွေဝေစေမည်။ ငါသည် ရှင်ဘုရင်တို့ရှေ့မှာ ဓားနှင့်ရွယ်သောအခါ၊ သူတို့သည် သင့်အမှုကြောင့် အလွန်ထိတ်လန့်ကြလိမ့်မည်။ သင်ဆုံးရှုံးသောနေ့၌ သူတို့သည် အသီးအသီး မိမိတို့အသက်ကြောင့် ခဏခဏ စိုးရိမ်တုန်လှုပ်ကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
ဒါဝိဒ်ကလည်း၊ ထိုဖိလိတ္တိလူကိုသတ်၍ ဣသရေလအမျိုးခံသော အရှက်ကွဲခြင်းကို ပယ်ရှင်းသောသူသည် အဘယ်အကျိုးကို ရလိမ့်မည်နည်း။ အသက်ရှင်တော်မူသော ဘုရားသခင်၏ ဗိုလ်ခြေတို့ကို ကြိမ်းပရမည်အကြောင်း၊ အရေဖျားလှီးခြင်းကိုမခံသော ထိုဖိလိတ္တိလူသည် အဘယ်သို့သောသူ ဖြစ်သနည်းဟု မိမိအနားမှာရှိသောသူတို့အား မေးမြန်းလျှင်၊