Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 31:16

Judson Bible

မြေ​တွင်း​ထဲ​သို့ ဆင်း​သွား​သော​သူ​တို့​နှင့်​အ​တူ သူ့​ကို မ​ရ​ဏ​နိုင်​ငံ​ထဲ​သို့ ငါ​နှိမ့်​ချ​သော​အ​ခါ၊ နှိမ့်​ချ​သံ​အား​ဖြင့် လူ​အ​မျိုး​မျိုး​တို့​ကို ငါ​တုန်​လှုပ်​စေ၏။ ဧ​ဒင်​သစ်​ပင်​ရှိ​သ​မျှ​တို့​နှင့် အ​ကောင်း​ဆုံး၊ အ​မြတ်​ဆုံး​သော လေ​ဗ​နုန်​သစ်​ပင်​မှ​စ၍၊ ရေ​ကို​သောက်​သ​မျှ​သော သစ်​ပင်​တို့​သည် မြေ​အောက်​အ​ရပ်​တို့၌ သက်​သာ​ခြင်း​သို့​ရောက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

သို့​သော်​လည်း၊ သင်​သည်​မ​ရ​ဏ​နိုင်​ငံ၊ သင်္ချိုင်း​တွင်း​ထဲ​သို့ နှိမ့်​ချ​ခြင်း​ကို ခံ​ရ​လေ​ပြီ။

ထင်း​ရှူး​ပင်​နှင့် လေ​ဗ​နုန်​အာ​ရဇ်​ပင်​တို့​က၊ သင်​တို့​သည် လဲ​ပြီး​သည်​နောက်၊ ငါ​တို့​ကို ခုတ်​လှဲ​သော​သူ​သည် မ​တက်​မ​လာ​ရ​ဟု သင့်​ကို​ရည်​ဆောင်၍ ဝမ်း​မြောက်​ကြ၏။

ဗာ​ဗု​လုန်​မြို့​ကို တိုက်​ယူ​သော​အ​သံ​ကြောင့် မြေ​ကြီး​လှုပ်​ရှား၏။ အော်​ဟစ်​သော​အ​သံ​ကို လူ​အ​မျိုး​မျိုး​တို့​သည် ကြား​ရ​ကြ၏။

သို့​ရာ​တွင်၊ လွတ်၍ ထွက်​မြောက်​ရ​သော အ​ကျန်​အ​ကြွင်း သား​သ​မီး​အ​ချို့ ရှိ​ကြ​လိမ့်​မည်။ သူ​တို့​သည် သင်​တို့​ရှိ​ရာ​သို့ ထွက်​လာ၍၊ ကျင့်​ကြံ​ပြု​မူ​သော အ​မှု​အ​ရာ​တို့​ကို သင်​တို့​သိ​ကြ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့၌ ငါ​ရောက်​စေ​သ​မျှ​သော အ​မှု​များ​ကြောင့် စိတ်​ပူ​ပန်​ခြင်း​မ​ရှိ၊ သက်​သာ​ခြင်း​ရှိ​ကြ​လိမ့်​မည်။

သူ​တို့ ကျင့်​ကြံ​ပြု​မူ​သော အ​မှု​အ​ရာ​တို့​ကို သင်​တို့​သည် မြင်​သော​အ​ခါ သက်​သာ​ရ​ကြ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​ကို ငါ​ပြု​လေ​သ​မျှ​တို့၌၊ အ​ကြောင်း​မ​ရှိ​ဘဲ မ​ပြု​သည်​ကို သိ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

မြင်း​များ​သော​ကြောင့် မြေ​မှုန့်​သည် သင့်​ကို​ဖုံး​လွှမ်း​လိမ့်​မည်။ တိုက်​ဖျက်​သော​မြို့​ထဲ​သို့ ဝင်​တတ်​သ​ကဲ့​သို့ သင်၏​မြို့​တံ​ခါး​သို့ ဝင်​သော​အ​ခါ၊ လှည်း​ရ​ထား​မျိုး မြည်​သံ၊ မြင်း​စီး​သူ​ရဲ​တို့​အ​သံ​ကြောင့် သင်၏​မြို့​ရိုး​လှုပ်​ရှား​လိမ့်​မည်။

တု​ရု​မြို့​ကို ရည်​မှတ်၍ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင့်​အ​လယ်၌ ကြီး​စွာ​သော လုပ်​ကြံ​ခြင်း​အ​မှု​ဖြစ်၍၊ ထိ​ခိုက်​သော​သူ​တို့​သည် အော်​ဟစ်​သော​အ​ခါ၊ သင်​ပြို​လဲ​ခြင်း​အ​သံ​ကြောင့် တစ်​ကျွန်း​တစ်​နိုင်​ငံ အ​ရပ်​တို့​သည် တုန်​လှုပ်​ကြ​လိမ့်​မည်။

သင်၏​လမ်း​ပြ​မာ​လိန်​တို့​အော်​ဟစ်​သံ​ကြောင့်၊ ပတ်​ဝန်း​ကျင်​အ​ရပ်​တို့​သည် လှုပ်​ရှား​ကြ​လိမ့်​မည်။

အ​ကြောင်း​မူ​ကား၊ ရေ​နား​မှာ​ရှိ​သ​မျှ​သော သစ်​ပင်​တို့​တွင် တစ်​ပင်​မျှ အ​ရပ်​မြင့်​သော​ကြောင့် မ​ဝါ​ကြွား။ ထူ​ထပ်​သော အ​ခက်​အ​လက်​တို့​တွင် မိ​မိ​ထိပ်​ဖျား​ကို မ​ချီး​မြှောက်​မည်​အ​ကြောင်း၊ ရေ​ကို​သောက်​သ​မျှ​သော အ​ပင်​တစ်​ပင်​မျှ အ​ရပ်​မြင့်​လျက် မ​ပြိုင်​ဝံ့​မည်​အ​ကြောင်း​တည်း။ ထို​အ​ပင်​အ​ပေါင်း​တို့​သည် မြေ​တွင်း​ထဲ​သို့​ဆင်း​တတ်​သော လူ​သား​တို့​နှင့်​အ​တူ သေ​ခြင်း​သို့​လည်း​ကောင်း၊ မြေ​အောက်​အ​ရပ်​သို့​လည်း​ကောင်း ရောက်​စေ​ခြင်း​ငှာ ငါ​အပ်​လေ​ပြီ။

သင်​သည် ဘုန်း​တန်​ခိုး​အာ​နု​ဘော်​အား​ဖြင့် အ​ဘယ်​မည်​သော ဧ​ဒင်​သစ်​ပင်​နှင့် တူ​သ​နည်း။ သင်​သည် ဧ​ဒင်​သစ်​ပင်​တို့​နှင့်​အ​တူ မြေ​အောက်​အ​ရပ်​သို့ နှိမ့်​ချ​ခြင်း​ကို​ခံ​ရ​မည်။ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ၊ ဓား​ဖြင့်​အ​သေ​ခံ​ရ​သော သူ​တို့​နှင့်​အ​တူ လဲ၍​နေ​ရ​မည်။ ထို​သို့ ဖာ​ရော​ဘု​ရင်​နှင့် သူ့​အ​လုံး​အ​ရင်း​ရှိ​သ​မျှ​တို့​သည်​ဖြစ်​ရ​ကြ​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အာ​ရှု​ရိ​လူ​သည် အ​ဆင်း​လှ၍ လွှမ်း​မိုး​သော​အ​ကိုင်း၊ မြင့်​သော​အ​ရပ်၊ ထူ​ထပ်​သော အ​ခက်​အ​လက်​တို့​နှင့် ပြည့်​စုံ​သော ထိပ်​ဖျား​ရှိ​သော လေ​ဗ​နုန်​အာ​ရဇ်​ပင်​ဖြစ်၏။

ဘု​ရား​သ​ခင်၏ ဥ​ယျာဉ်​တော်၌ အာ​ရဇ်​ပင်​တို့​သည် ထို​အ​ပင်​ကို မ​ကွယ်​နိုင်။ ထင်း​ရှူး​ပင်​နှင့် အာ​ရ​မုန်​ပင်​တို့​သည် ထို​သို့​သော အ​ကိုင်း​အ​ခက်​နှင့် မ​ပြည့်​စုံ​ကြ။ ဘု​ရား​သ​ခင်၏​ဥ​ယျာဉ်​တော်၌ သစ်​ပင်​တစ်​ပင်​မျှ ထို​အ​ပင်​ကဲ့​သို့ အ​ဆင်း​မ​လှ။

ဧ​ဒင်​အ​ရပ်၊ ဘု​ရား​သ​ခင်၏​ဥ​ယျာဉ်​တော်၌ ရှိ​သ​မျှ​သော သစ်​ပင်​တို့​သည် ထို​အ​ပင်​ကို ငြူ​စူ​သည်​တိုင်​အောင် အ​ခက်​အ​လက် များ​ပြား​သော​အား​ဖြင့် သူ၏​အ​ဆင်း​ကို ငါ​လှ​စေ၏။

သူ​ရဲ​တို့​သည် နီ​သော ဒိုင်း​လွှား​ကို​ဆောင်၍၊ နီ​သော​အ​ဝတ်​ကို ဝတ်​ကြ၏။ ခင်း​ကျင်း​သော​နေ့၌ ရ​ထား​တို့​သည် သံ​လက်​နက်​နှင့် တောက်​ပ၍၊ လှံ​တံ​တို့​သည် အ​လွန်​လှုပ်​ရှား​ကြ၏။

လေ​ဗ​နုန်​တောင်​ကို အ​နိုင်​အ​ထက်​ပြု​သော အ​ပြစ်၊ တိ​ရ​စ္ဆာန်​များ​ကို ကြောက်​မက်​ဖွယ်​သော​အ​ခြင်း​အ​ရာ​နှင့် ဖျက်​ဆီး​သော​အ​ပြစ်​သည် သင့်​ကို လွှမ်း​မိုး​လိမ့်​မည်။ လူ​အ​သက်​ကို သတ်​သော​အ​ပြစ်၊ ပြည်​သူ​မြို့​သား အ​ပေါင်း​တို့​ကို ညှဉ်း​ဆဲ​သော အ​ပြစ်​ရှိ၏။

လူ​မျိုး​အ​ပေါင်း​တို့​ကို​လည်း ငါ​လှုပ်​ဦး​မည်။ လူ​မျိုး​အ​ပေါင်း​တို့ နှစ်​သက်​ဖွယ်​သော​အ​ရာ​သည် ရောက်၍၊ ဤ​အိမ်​ကို​ဘုန်း​နှင့် ငါ​ပြည့်​စုံ​စေ​မည်​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။

ထို​အ​ချိန်​နာ​ရီ၌ ကြီး​စွာ​သော မြေ​လှုပ်​ခြင်း ဖြစ်၍၊ မြို့​ရိုး ဆယ်​စု​တစ်​စု​ပြို​လေ၏။ ထို​မြေ​လှုပ်​ခြင်း၌ လူ​ခု​နစ်​ထောင်​သေ​ကြ၏။ ကြွင်း​သော​သူ​တို့​သည် ကြောက်​ရွံ့၍ ကောင်း​ကင်​ဘုံ၏ အ​ရှင်​ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ