သက္ကရာဇ် တစ်ဆယ်တစ်ခု၊ တတိယလ တစ်ရက်နေ့တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
ထိုကာလ၌ အဲဂုတ္တုပြည်အလယ်တွင်၊ ထာဝရဘုရားကို ပူဇော်ရာယဇ်ပလ္လင်ရှိလိမ့်မည်။ ပြည်စွန်းနားတွင်လည်း ထာဝရဘုရားအဖို့ မှတ်တိုင်ရှိလိမ့်မည်။
တာပနက်မြို့၌ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်တော်မူသည်ကား၊
တစ်ပါးအမျိုးကိုရည်မှတ်၍ ပရောဖက်ယေရမိသို့ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်တည်းဟူသော၊
မိုးကောင်းကင်ပွင့်၍ ဘုရားသခင်၏ ဗျာဒိတ်ရူပါရုံတို့ကိုမြင်ရ၏။
သက္ကရာဇ် တစ်ဆယ်တစ်ခု၊ ပထမလ ခုနစ်ရက်နေ့တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
ထိုသို့ အဲဂုတ္တုလူတို့ကို အတိုင်းတိုင်းအပြည်ပြည်တို့၌ ငါကွဲပြားပျံ့လွင့်စေမည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
သက္ကရာဇ် တစ်ဆယ်နှစ်ခု၊ ဒွါဒသမလ တစ်ရက်နေ့တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
သက္ကရာဇ် တစ်ဆယ်နှစ်ခု၊ ပထမလ တစ်ဆယ်ငါးရက်နေ့တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
အသက်ရှင်သော သူတို့၏နေရာ၌ သူသည် သူတစ်ပါးတို့ကို ကြောက်စေသောအခွင့်ကို ငါပေးသော်လည်း၊ ဖာရောဘုရင်နှင့် သူ၏လူအလုံးအရင်း ရှိသမျှတို့သည် ဓားဖြင့် သေသောသူတို့နှင့်အတူ၊ အရေဖျားလှီးခြင်းကိုမခံသောလူတို့အလယ်၌ လဲ၍နေကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
သိမ်းသွားရာ သက္ကရာဇ်တစ်ဆယ်နှစ်ခု၊ ဒသမလ ငါးရက်နေ့တွင်၊ ယေရုရှလင်မြို့မှ ပြေး၍လွတ်သော သူတစ်ယောက်သည် ငါ့ထံသို့ရောက်လာ၍၊ မြို့ကိုလုပ်ကြံပြီဟု သတင်းကြားပြော၏။
သက္ကရာဇ်ခြောက်ခု၊ ဆဋ္ဌမလ၊ ငါးရက်နေ့တွင်၊ ငါသည်ကိုယ်အိမ်၌ထိုင်၍၊ ယုဒအမျိုးအသက်ကြီးသူတို့သည် ငါရှေ့မှာထိုင်ကြစဉ်၊ အရှင်ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်သို့ သက်ရောက်လေ၏။