ယေဇကျေလ 30:6Judson Bibleအဲဂုတ္တုပြည်ကို ထောက်မသောသူတို့သည် လဲ၍သေကြသဖြင့်၊ အဲဂုတ္တုအစွမ်းသတ္တိ၏ ဂုဏ်အသရေသည် ဆုံးလိမ့်မည်။ မိဂဒေါလမြို့မှစ၍ သုဏေမြို့တိုင်အောင် အဲဂုတ္တုပြည်သားတို့သည် ဓားဖြင့်လဲ၍ သေကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
အဲဂုတ္တုပြည်သားတို့သည် ဘုရားမဖြစ်၊ လူသက်သက် ဖြစ်ကြ၏။ သူတို့မြင်းသည်လည်း ဝိညာဉ်မဖြစ်၊ အသားသက်သက် ဖြစ်၏။ ထာဝရဘုရားသည် လက်တော်ကို ဆန့်တော်မူသောအခါ၊ မစတတ်သောသူသည် လဲလိမ့်မည်။ မစအပ်သောသူလည်း ဆုံးလိမ့်မည်။ အလုံးစုံတို့သည် အတူပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။