Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 30:25

Judson Bible

ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏​လက်​ရုံး​တို့​ကို ငါ​ခိုင်​မာ​စေ​မည်။ ဖာ​ရော​ဘု​ရင်၏​လက်​မူ​ကား၊ အောက်​သို့​ကျ​လိမ့်​မည်။ ငါ့​ဓား​ကို ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​လက်၌ ငါ​အပ်၍၊ သူ​သည် အဲ​ဂု​တ္တ​ပြည်​ကို ထို​ဓား​နှင့်​ခုတ်​သော​အ​ခါ၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သူ​တို့ သိ​ရ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​သည် မျှော်​ကြည့်၍၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ယေ​ရု​ရှ​လင်​မြို့​အ​ပေါ်​မှာ ဓား​ကို​မိုး​လျက် မိုး​ကောင်း​ကင်​နှင့် မြေ​ကြီး​ကြား​မှာ ရပ်​နေ​သည်​ကို​မြင်​လျှင်၊ ကိုယ်​တိုင်​မှ​စ၍ ဣ​သ​ရေ​လ​အ​မျိုး​သား အ​သက်​ကြီး​သူ​တို့​သည် လျှော်​တေ​အ​ဝတ်​ကို ဝတ်​လျက် မြေ​ပေါ်​မှာ ပျပ်​ဝပ်​လျက်​နေ​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ခြင်း​အား​ဖြင့် ထင်​ရှား​တော်​မူ၏။ မ​တ​ရား​သော​သူ​သည် မိ​မိ​လုပ်​သော အ​လုပ်​ထဲ​မှာ ကျော့​မိ​ခြင်း​ကို​ခံ​ရ၏။

ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​ကို အ​မျက်​တော်​ထွက်​လျက်၊ သူ​တို့၌​လက်​တော်​ကို​ဆန့်၍ ဒဏ်​ခတ်​တော်​မူ​သ​ဖြင့်၊ တောင်​တို့​သည် တုန်​လှုပ်၍၊ သူ​တို့၏​အ​သေ​ကောင်​တို့​သည် လမ်း​များ၌ မ​စင်​ကဲ့​သို့​ဖြစ်​ကြ၏။ သို့​သော်​လည်း အ​မျက်​တော်​သည် မ​ငြိမ်း၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထို​ပြည်​သား​တို့​ကို မျှော်​လင့်၍၊ မိ​မိ​အ​ပြစ်​ကို ငါ​အောက်​မေ့​စေ​သ​ဖြင့်၊ နောက်​တစ်​ဖန် ထို​ပြည်​သည် သူ​တို့​ခို​လှုံ​ရာ မ​ဖြစ်​ရာ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ထို​ကာ​လ၌ ဣ​သ​ရေ​လ​အ​မျိုး၏ ချို​ကို ငါ​ပေါက်​စေ၍၊ သူ​တို့​အ​ထဲ​မှာ သင်​ဟော​ပြော​ရ​သော အ​ခွင့်​ကို ငါ​ပေး​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သူ​တို့​သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ထို​သို့ အဲ​ဂု​တ္တု​ပြည်၌ ငါ​သည်​အ​ပြစ်​ဒဏ်​စီ​ရင်၍၊ ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သူ​တို့​သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ကို ငါ​ခိုင်​မာ​စေ၍၊ ငါ့​ဓား​ကို သူ့​လက်၌ အပ်​မည်။ ဖာ​ရော​မင်း၏ လက်​ရုံး​တို့​ကို ငါ​ချိုး​သ​ဖြင့်၊ သူ​သည် အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​သော​သူ အော်​ဟစ်​သ​ကဲ့​သို့၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ရှေ့​မှာ အော်​ဟစ်​ရ​လိမ့်​မည်။

ထို​သို့ အဲ​ဂု​တ္တု​လူ​တို့​ကို အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​တို့၌ ငါ​ကွဲ​ပြား​ပျံ့​လွင့်​စေ​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သူ​တို့​သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ငါ​သည် အဲ​ဂု​တ္တု​ပြည်၌ ဥ​စ္စာ​ရှိ​သ​မျှ​ကို ကုန်​စေ​ခြင်း​ငှာ သုတ်​သင်​ပယ်​ရှင်း၍၊ ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​ကို ဒဏ်​ခတ်​သော​အ​ခါ၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်။

ပြည်​ကို မိုး​အုံ့​သ​ကဲ့​သို့ ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို တက်၍​တိုက်​လာ​မည်။ နောင်​ကာ​လ​တွင် ငါ၏​ပြည်​တစ်​ဖက်၌ သင့်​ကို ငါ​ဆောင်​ခဲ့​မည် မ​ဟုတ်​လော။ အ​ကြောင်း​မူ​ကား၊ အို ဂေါ​ဂ၊ လူ​အ​မျိုး​မျိုး​တို့​မျက်​မှောက်၌ သင့်​အား​ဖြင့် ငါ​သည်​ချီး​မြှောက်​ရာ​သို့ ရောက်​သော​အ​ခါ၊ သူ​တို့​သည် ငါ့​ကို​သိ​ရ​ကြ​မည် အ​ကြောင်း​တည်း။

ထို​သို့​ငါ​သည် ကိုယ်​ကို​ချီး​မြှောက်၍ ရို​သေ​ဖွယ်​သော ဂုဏ်​လ​က္ခ​ဏာ​တို့​ကို​ပြ​လျက်၊ များ​စွာ​သော လူ​မျိုး​တို့​ရှေ့​မှာ ထင်​ရှား​သော​အ​ခါ၊ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​ကြောင်း​ကို သူ​တို့​သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​ကိုင်​သော​လှံ​ကို အာ​ဣ​မြို့​သို့​ရွယ်​လော့။ ထို​မြို့​ကို သင့်​လက်​သို့​ငါ​အပ်​မည်​ဟု ယော​ရှု​အား မိန့်​တော်​မူ​သည်​အ​တိုင်း၊ ယော​ရှု​သည် မိ​မိ​ကိုင်​သော​လှံ​ကို ထို​မြို့​သို့​ရွယ်​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ