Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 30:10

Judson Bible

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​အား​ဖြင့် အဲ​ဂု​တ္တု​ပြည်၏ အ​လုံး​အ​ရင်း​ကို ငါ​ဖြတ်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ထို​မင်း​သည် ရောက်​လာ​သော​အ​ခါ၊ အဲ​ဂု​တ္တု​ပြည်​ကို​လုပ်​ကြံ၍၊ သေ​တန်​သော​သူ​တို့​ကို သေ​ခြင်း​သို့​လည်း​ကောင်း၊ သိမ်း​သွား​ချုပ်​ထား​တန်​သော သူ​တို့​ကို သိမ်း​သွား​ချုပ်​ထား​ခြင်း​သို့​လည်း​ကောင်း၊ ကွပ်မျက်တန်သောသူတို့ကို ကွပ်မျက်ခြင်းသို့လည်းကောင်း အပ်​လိမ့်​မည်။

ကြောက်​မက်​ဖွယ်​သော တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​ကို သင်​ရှိ​ရာ​သို့ ငါ​ပို့​ဆောင်​သ​ဖြင့်၊ သူ​တို့​သည် သင်၏​ပ​ညာ​ဂုဏ်​ကို ဓား​နှင့်​ခုတ်၍၊ သင်၏​တင့်​တယ်​ခြင်း အ​သ​ရေ​ကို​ရှုတ်​ချ​ကြ​လိမ့်​မည်။

သို့​ဖြစ်၍၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အဲ​ဂု​တ္တု​ပြည်​ကို ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​အား ငါ​ပေး​မည်။ ထို​မင်း​သည် ပြည်​သား အ​လုံး​အ​ရင်း​ကို​လည်း​ကောင်း၊ လက်​ရ​ဥ​စ္စာ အ​မျိုး​မျိုး​ကို​လည်း​ကောင်း၊ သိမ်း​ယူ​ပြီး​လျှင်၊ မိ​မိ​စစ်​သူ​ရဲ​တို့ အ​ခ​ဖို့ ဝေ​ငှ​လိမ့်​မည်။

လူ​မျိုး​တို့​တွင် တန်​ခိုး​ကြီး၍ သူ့​ကို​ကျပ်​တည်း​စွာ စီ​ရင်​သော​သူ၏​လက်​သို့ ငါ​အပ်​လေ​ပြီ။ သူ​ပြု​သော အ​ဓ​မ္မ​အ​မှု​ကြောင့် နှင်​ထုတ်​လေ​ပြီ။

အ​ချင်း​လူ​သား၊ သင်​သည် အဲ​ဂု​တ္တု​ရှင်​ဘု​ရင် ဖာ​ရော​မင်း​နှင့် သူ၏​အ​လုံး​အ​ရင်း​အား​ဟော​ပြော​ရ​မည်​မှာ၊ သင်​သည် ဘုန်း​တန်​ခိုး​ကြီး၍ အ​ဘယ်​သူ​နှင့် တူ​သ​နည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ