ငါသည် ထ၍ လွင်ပြင်သို့သွား၏။ ရောက်သောအခါခေဗာမြစ်နားမှာ ငါမြင်ဖူးသော ထာဝရဘုရား၏ဘုန်းတော်သည် ရပ်တော်မူ၍၊ ငါသည် ပျပ်ဝပ်လျက်နေ၏။
ထိုသို့ ထွန်းတောက်သော အရောင်သည် မိုးရွာသောနေ့တွင်၊ မိုးတိမ်၌ပေါ်သော သက်တံ၏ အရောင်ကဲ့သို့ ဖြစ်၏။ ဤရွေ့ကား၊ ထာဝရဘုရား၏ဘုန်းတော်သဏ္ဌာန် အဆင်းအရောင်ဖြစ်သတည်း။
ထိုအခါ ထာဝရဘုရား၏ ဘုန်းတော်သည် အိမ်တော်တံခါးခုံမှ ရွှေ့၍ခေရုဗိမ်အပေါ်မှာ တည်လေ၏။
ဣသရေလအမျိုး၏ ဘုရားသခင့်ဘုန်းတော်သည် အရှေ့မျက်နှာမှလာ၍၊ အသံသည် သမုဒ္ဒရာသံကဲ့သို့ ဖြစ်၏။ ရောင်ခြည်တော်အားဖြင့် မြေတစ်ပြင်လုံး လင်း၏။
ငါမြင်သော ရူပါရုံသည် မြို့တော်ကိုဖျက်ဆီးခြင်းငှာ လာသောအခါ၊ ငါမြင်သော ရူပါရုံနှင့်တူ၏။ ထင်ရှားသောအရာတို့သည် ခေဗာမြစ်နားမှာ ငါမြင်ဖူးသော အရာများကဲ့သို့ဖြစ်၍၊ ငါသည် ပျပ်ဝပ်လျက်နေ၏။
ထိုအခါ အိမ်တော်ရှေ့၊ မြောက်တံခါးလမ်းဖြင့် ငါ့ကိုဆောင်သွား၍ ထာဝရဘုရား၏ဘုန်းတော်သည် ထာဝရဘုရား၏အိမ်တော်ကို ဖြည့်တော်မူသဖြင့်၊ ငါသည်ပျပ်ဝပ်လျက်နေ၏။
လွင်ပြင်၌ အရင်ငါမြင်ဖူးသော ဗျာဒိတ်ရူပါရုံကဲ့သို့၊ ဣသရေလအမျိုး၏ဘုရားသခင်ဘုန်းတော်သည် ထင်ရှား၏။
ဣသရေလအမျိုး၏ ဘုရားသခင်ဘုန်းတော်သည် ကျိန်းဝပ်ရာခေရုဗိမ်မှ အိမ်တော်တံခါးခုံသို့ တက်၍၊ ပိတ်အဝတ်ကိုဝတ်လျက်၊ နံပါး၌ မင်အိုးပါသောသူကိုခေါ်၍၊
ထိုသူသည် ငါရပ်နေရာအပါးသို့လာလျှင်၊ ငါသည် ကြောက်ရွံ့၍ ပျပ်ဝပ်လျက်နေ၏။ ထိုသူက၊ အချင်းလူသား၊ နားလည်လော့။ ဤဗျာဒိတ်ရူပါရုံသည် အမှုကုန်ရသောကာလနှင့် ဆိုင်သည်ဟု ငါ့အား ပြောဆို၏။
ကောရသည်လည်း၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝ၌ ပရိသတ်အပေါင်းတို့ကို မောရှေနှင့် အာရုန်တစ်ဖက်၌စုဝေးစေပြီးမှ၊ ထာဝရဘုရား၏ ဘုန်းတော်သည် ပရိသတ်အပေါင်းတို့၌ ထင်ရှားလေ၏။
ပရိသတ်အပေါင်းတို့သည် မောရှေနှင့် အာရုန်တစ်ဖက်၌ စုဝေးကြသောအခါ၊ ပရိသတ်စည်းဝေးရာတဲတော်သို့ မျှော်ကြည့်၍၊ မိုးတိမ်သည် တဲတော်ကိုလွှမ်းမိုး၍၊ ထာဝရဘုရား၏ဘုန်းတော်သည် ထင်ရှားလေ၏။
သူသည်လည်း သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်သဖြင့်၊ ကောင်းကင်သို့ စေ့စေ့ကြည့်မျှော်၍ ဘုရားသခင်၏ ဘုန်းတော်ကိုလည်းကောင်း၊ ဘုရားသခင်၏ လက်ယာတော်ဘက်၌ ယေရှုရပ်နေသည်ကိုလည်းကောင်း မြင်လျှင်၊-
ထိုသူက၊ ထိုသို့မဟုတ်၊ ထာဝရဘုရား၏ ဗိုလ်ခြေကိုအုပ်စိုးသောဗိုလ်မှူးဖြစ်၍ ယခုငါလာသည်ဟုဆို၏။ ယောရှုသည်လည်း မြေပေါ်မှာပျပ်ဝပ်ကိုးကွယ်လျက်၊ ကိုယ်တော်ကျွန်အား အဘယ်သို့မိန့်တော်မူမည်နည်းဟု မေးလျှောက်သော်၊
ထိုသူကိုငါမြင်သောအခါ၊ သေမတတ်ဖြစ်၍ ခြေတော်ရင်း၌ လဲလျက်နေ၏။ ထိုသူသည် လက်ယာလက်တော်ကို ငါ့အပေါ်သို့ တင်လျက်၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ ငါသည် အဦးဆုံးသောသူ၊ နောက်ဆုံးသောသူ ဖြစ်၏။-
အသက်ကြီးသူ နှစ်ဆယ်လေးပါးတို့သည် ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူရှေ့၌ ပျပ်ဝပ်လျက်၊ ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသော သူကို ကိုးကွယ်လျက်၊-
သတ္တဝါလေးပါးတို့ကလည်း အာမင်ဟု ခေါ်ဝေါ်ကြ၏။ အသက်ကြီးသူတို့သည်လည်း ပျပ်ဝပ်၍ ကိုးကွယ်ကြ၏။
ထိုစာစောင်ကို ခံယူသောအခါ၊ သတ္တဝါလေးပါးနှင့် အသက်ကြီးသူ နှစ်ဆယ်လေးပါးတို့သည်၊ သန့်ရှင်းသူတို့၏ ပတ္ထနာတည်းဟူသော မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်သော ရွှေဖလားတို့ကိုလည်းကောင်း၊ စောင်းတို့ကိုလည်းကောင်း၊ အသီးအသီးကိုင်၍ သိုးသငယ်ရှေ့၌ ပျပ်ဝပ်လျက်၊-