Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 3:17

Judson Bible

အ​ချင်း​လူ​သား၊ သင့်​ကို ဣ​သ​ရေ​လ​အ​မျိုး​တွင် ကင်း​စောင့်​အ​ရာ၌ ငါ​ခန့်​ထား​သော​ကြောင့်၊ ငါ​သ​တိ​ပေး​သော စ​ကား​ကို​နား​ထောင်၍ သူ​တို့​အား ဆင့်​ဆို​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

29 ပူးပေါင်းရင်းမြစ်များ  

အ​မြို့​မြို့၌​နေ​သော အ​မျိုး​သား​ချင်း​တို့​တွင်၊ လူ​အ​သက်​သတ်​ခြင်း​အ​မှု၊ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက် ပ​ညတ်​တ​ရား​ကို လွန်​ကျူး​ခြင်း​အ​မှု မည်​သည်​ကား၊ သင်​တို့​ရှေ့​သို့​ရောက်​လျှင်၊ သင်​တို့​နှင့် အ​မျိုး​သား​ချင်း​တို့​အ​ပေါ်​သို့ အ​မျက်​တော် သက်​ရောက်​စေ​ခြင်း​ငှာ၊ သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို မ​ပြစ်​မှား​ရ​မည်​အ​ကြောင်း သ​တိ​ပေး​ကြ​လော့။ သို့​ပြု​လျှင်၊ ကိုယ်​တိုင်​အ​ပြစ်​လွတ်​ကြ​လိမ့်​မည်။

မြို့​ကို​လည်​သော ကင်း​စောင့်​တို့​သည် ငါ့​ကို​တွေ့​ကြ​သော်၊ ငါ့​ဝိ​ညာဉ်​ချစ်​သော​သူ​ကို မြင်​ကြ​သ​လော​ဟု ငါ​မေး၏။

မြို့​တွင်​လည်​သော ကင်း​စောင့်​တို့​သည် ငါ့​ကို​တွေ့​သော်၊ နာ​ကျင်​စွာ ရိုက်​ကြ၏။ မြို့​ရိုး​စောင့်​တို့​သည် ငါ့​မျက်​နှာ​ဖုံး​ကို လု​ယူ​ကြ၏။

အ​ကြောင်း​မူ​ကား၊ ဘု​ရား​ရှင်​က၊ သင်​သွား၍ ကင်း​စောင့်​ကို​ထား​လော့။ မြင်​သည်​အ​တိုင်း ပြော​စေ​လော့​ဟု ငါ့​အား​မိန့်​တော်​မူ၏။

သ​ခင်၊ ကျွန်​တော်​သည် နေ့​အ​ချိန်၌ ကင်း​မျှော်​စင်​ပေါ်​မှာ​အ​စဉ်​ရပ်၍၊ တစ်​ည​လုံး၌​လည်း ကင်း​စောင့်​လျက်​နေ​ပါ၏။

သင်၏​ကင်း​စောင့်​တို့၏​အ​သံ​ကို နား​ထောင်​ကြ​လော့။ သူ​တို့​သည် အ​သံ​ကို​လွှင့်၍၊ ရွှင်​လန်း​သော​အ​သံ​နှင့် တ​ညီ​တ​ညွတ်​တည်း ကြွေး​ကြော်​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​မြို့​သို့ ပြန်​လာ​တော်​မူ​ကြောင်း​ကို ကိုယ်​တိုင်​မြင်​ရ​ကြ၏။

သူ၏​ကင်း​စောင့်​တို့​သည် မျက်​စိ​ကန်း​ကြ၏။ ရှိ​သ​မျှ​တို့​သည် မိုက်​ကြ၏။ အ၍ မ​ဟောင်​နိုင်​သော​ခွေး၊ ယောင်​ယမ်း​သော​ခွေး၊ အိပ်​လျက် အိပ်​ချင်​အား​ကြီး​သော​ခွေး ဖြစ်​ကြ၏။

အ​သံ​မ​လျော့​ဘဲ ကြွေး​ကြော်​လော့။ တံ​ပိုး​သံ​ကဲ့​သို့ အ​သံ​ကို​လွှင့်၍၊ ယာ​ကုပ်​အ​မျိုး​သား​ဖြစ်​သော ငါ၏​လူ​တို့​အား၊ သူ​တို့​ဒု​စ​ရိုက်​အ​ပြစ်​ကို ဖော်​ပြ​လော့။

အို ယေ​ရု​ရှ​လင်​မြို့၊ နေ့​ည​မ​ပြတ် တိတ်​ဆိတ်​စွာ​မ​နေ​ရ​သော လူ​စောင့်​တို့​ကို သင်၏​မြို့​ရိုး​ပေါ်​မှာ ငါ​ထား​ပြီ။ ထာ​ဝ​ရ​ဘု​ရား​ကို အောက်​မေ့​စေ​သော​သူ​တို့၊ တိတ်​ဆိတ်​စွာ မ​နေ​ကြ​နှင့်။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အ​ကျွန်ုပ်​သည်​သူ​ငယ်​ဖြစ်​ပါ၏​ဟု မ​ပြော​နှင့်။ အ​ကြင်​သူ​ရှိ​ရာ​သို့ သင့်​ကို​ငါ​စေ​လွှတ်၏။ ထို​သူ​ရှိ​ရာ​သို့ သင်​သွား​ရ​မည်။ အ​ကြင်​စ​ကား​ကို ငါ​မှာ​ထား၏။ ထို​စ​ကား​ကို သင်​ဆင့်​ဆို​ရ​မည်။

ဧ​ဖ​ရိမ်​တောင်​ပေါ်​မှာ ကင်း​စောင့်​တို့​က၊ ထ​ကြ​လော့။ ငါ​တို့ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှိ​တော်​မူ​ရာ ဇိ​အုန်​တောင်​သို့ သွား​ကြ​ကုန်​အံ့​ဟု ကြွေး​ကြော်​ရ​သော​အ​ချိန်​ကာ​လ​သည် ရောက်​လိမ့်​မည်။

သူ​တို့​သည် နား​ထောင်​မည်​အ​ကြောင်း၊ အ​ဘယ်​သူ​ကို ငါ​ပြော၍ သ​တိ​ပေး​ရ​မည်​နည်း။ သူ​တို့​နား​သည် အ​ရေ​ဖျား​လှီး​ခြင်း​မ​ခံ​သော နား​ဖြစ်၍၊ သူ​တို့​သည် နား​မ​ထောင်​နိုင်​ကြ။ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် သူ​တို့​ကဲ့​ရဲ့​စ​ရာ​ဖြစ်၏။ ထို​နှုတ်​က​ပတ်​တော်​ကို မ​နှစ်​သက်​ကြ။

ငါ​က​လည်း၊ တံ​ပိုး​မှုတ်​သံ​ကို​နား​ထောင်​ကြ​လော့​ဟု ဆို​လျက်၊ သင်​တို့​အ​ပေါ်၌ ကင်း​စောင့်​တို့​ကို ခန့်​ထား​သော​အ​ခါ၊ ငါ​တို့​သည် နား​မ​ထောင်​ဟု ပြန်​ပြော​ကြ၏။

ထာ​ဝ​ရ​ဘု​ရား ပြ​တော်​မူ​ခဲ့​ပြီး​သော အ​မှု​အ​ရာ​ရှိ​သ​မျှ​တို့​ကို ငါ​သည် သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော သူ​တို့​အား ကြား​ပြော​လေ၏။

သို့​ဖြစ်၍ အို​လူ​သား၊ သူ​တို့​တစ်​ဖက်၌ ပ​ရော​ဖက်​ပြု၍ ဟော​ပြော​လော့​ဟု မိန့်​တော်​မူ၏။

သူ​တို့​သည် အ​လွန်​ပုန်​ကန်​တတ်​သော​သ​ဘော​ရှိ​သည်​ဖြစ်၍၊ နား​ထောင်​သည်​ဖြစ်​စေ၊ နား​မ​ထောင်​သည် ဖြစ်​စေ၊ ငါ့​စ​ကား​ကို သူ​တို့​အား ဟော​ပြော​ရ​မည်။

ငါ​သည် ငါ့​လင့်​စင်​ပေါ်​မှာ ရပ်​လျက်၊ ရဲ​တိုက်၌ အ​မြဲ​နေ​လျက်၊ ငါ့​အား အ​ဘယ်​သို့​မိန့်​တော်​မူ​မည်​ကို​လည်း​ကောင်း၊ အ​ပြစ်​တင်​လျှင် အ​ဘယ်​သို့ ပြန်​လျှောက်​ရ​မည်​ကို​လည်း​ကောင်း ငါ​စောင့်၍ နေ​စဉ်​တွင်၊

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား၏​တ​မန်​ဟ​ဂ္ဂဲ​က၊ ငါ​သည် သင်​တို့​နှင့် အ​တူ​ရှိ၏​ဟု၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ကြောင်း​ကို လူ​များ​တို့​အား ဆင့်​ဆို​လေ၏။

ဖာ​ရိ​ရှဲ​နှင့် ဇ​ဒ္ဒု​ကဲ​အ​များ​တို့​သည် ဗ​တ္တိ​ဇံ​ကို ခံ​အံ့​သော​ငှာ လာ​ကြ​သည်​ကို ယော​ဟန်​သည်​မြင်​လျှင်၊ အ​ချင်း​မြွေ​ဆိုး​အ​မျိုး​တို့၊ ရောက်​လု​သော​ဘေး​ဒဏ်​မှ ပြေး​သွား​စိမ့်​သော​ငှာ၊ အ​ဘယ်​သူ​သည် သင်​တို့​ကို သ​တိ​ပေး​ဘိ​သ​နည်း။

ဘု​ရား​သ​ခင်​သည် ပ​ထ​မ​အ​ရာ၌ တ​မန်​တော်​တို့​ကို​လည်း​ကောင်း၊ ဒု​တိ​ယ​အ​ရာ၌ ပ​ရော​ဖက်​တို့​ကို​လည်း​ကောင်း၊ တ​တိ​ယ​အ​ရာ၌ ဆ​ရာ​တို့​ကို​လည်း​ကောင်း၊ ထို​နောက် တန်​ခိုး​ပြ​သော သူ​တို့​ကို​လည်း​ကောင်း၊ ထို​နောက် အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​နိုင်​သော အ​ခွင့်​ရှိ​သော​သူ​တို့​ကို​လည်း​ကောင်း၊ သင်း​ထောက်​တို့​ကို​လည်း​ကောင်း၊ စီ​ရင်​အုပ်​စိုး​သော သူ​တို့​ကို​လည်း​ကောင်း၊ အ​မျိုး​မျိုး​သော ဘာ​သာ​စ​ကား​ကို​ပြော​နိုင်​သော သူ​တို့​ကို​လည်း​ကောင်း၊ အ​သင်း​တော်၌ ခန့်​ထား​တော်​မူ၏။-

သင်​တို့​သည် ရှက်​စေ​ခြင်း​ငှာ ဤ​သို့​ငါ​ရေး​သည် မ​ဟုတ်။ သင်​တို့​ကို ချစ်​သား​ကဲ့​သို့​မှတ်၍ သ​တိ​ပေး၏။-

သို့​ဖြစ်၍ သ​ခင်​ဘု​ရား​နှင့်​ဆိုင်​သော ကြောက်​မက်​ဖွယ်​သော အ​ကြောင်း​အ​ရာ​တို့​ကို ငါ​တို့​သည် သိ​လျှင်၊ လူ​များ​ကို နှိုး​ဆော်​သွေး​ဆောင်​ရ​သည်​ဖြစ်၍၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ထင်​ရှား​ကြ၏။ သင်​တို့၏​စိတ်​ရှေ့၌​လည်း ထင်​ရှား​ကြ​သည်​ဟု ငါ​ထင်​မှတ်၏။-

ထို​ကြောင့် ငါ​တို့​သည်​ခ​ရစ်​တော်၏ သံ​တ​မန်​ဖြစ်​ကြ၏။ သင်​တို့​သည်​ရန်​ငြိမ်း၍ ဘု​ရား​သ​ခင်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ကြ​လော့​ဟု ဘု​ရား​သ​ခင်​သည် ငါ​တို့​အား​ဖြင့် နှိုး​ဆော် သွေး​ဆောင်​တော်​မူ​သ​ကဲ့​သို့၊ ငါ​တို့​သည် ခ​ရစ်​တော်၏ ကိုယ်​စား​ဖြစ်၍ သင်​တို့​ကို တောင်း​ပန် သွေး​ဆောင်​ကြ၏။-

ခ​ရစ်​တော်​အား​ဖြင့် လူ​တိုင်း​စုံ​လင်​ခြင်း​သို့ ရောက်၍ လူ​ခပ်​သိမ်း​တို့​ကို ဆက်​သ​အံ့​သော​ငှာ၊ ငါ​တို့​သည် လူ​ခပ်​သိမ်း​တို့​ကို သ​တိ​ပေး၍ ပ​ညာ​အ​မျိုး​မျိုး​နှင့် ဆုံး​မ​သွန်​သင်​လျက် ခ​ရစ်​တော်၏​တ​ရား​ကို ဟော​ပြော​ကြ၏။-

တစ်​ဖန်​တုံ၊ ညီ​အစ်​ကို​တို့၊ မ​တ​ရား​စွာ​ပြု​သော​သူ​တို့​ကို သ​တိ​ပေး​ကြ​လော့။ စိတ်​ငယ်​သော​သူ​တို့​ကို အား​ပေး​ကြ​လော့။ အား​နည်း​သော သူ​တို့​ကို ထောက်​မ​ကြ​လော့။ ခပ်​သိမ်း​သော​သူ​တို့​အား ရှည်​သော​စိတ် ရှိ​စေ​ကြ​လော့။-

သင်​တို့​ကို အုပ်​သော​သူ​တို့၏ စ​ကား​ကို နား​ထောင်၍ နှိမ့်​ချ​လျက်​နေ​ကြ​လော့၊ သူ​တို့​သည် ကိုယ်​တိုင် စစ်​ကြော​ခြင်း​ကို ခံ​ရ​သော​သူ​ကဲ့​သို့၊ သင်​တို့ စိတ်​ဝိ​ညာဉ်၏ အ​ကျိုး​အ​လို​ငှာ စောင့်​နေ​ကြ​၏။ သင်​တို့​အ​ကျိုး​ကို မ​ဖြစ်​စေ​တတ်​သော ဝမ်း​နည်း​ခြင်း​မ​ရှိ၊ ဝမ်း​မြောက်​ခြင်း​ရှိ၍၊ သူ​တို့​သည် စစ်​ကြော​ခြင်း​ကို ခံ​ရ​မည်​အ​ကြောင်း သ​တိ​ပြု​လျက်​နေ​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ