Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 29:5

Judson Bible

သင်​နှင့် သင့်​မြစ်၌​ရှိ​သ​မျှ​သော ငါး​တို့​ကို တော၌ ငါ​ပစ်​ထား​မည်။ လွင်​ပြင်၌​ကျ၍ နောက်​တစ်​ဖန် စု​ဝေး​ခြင်း​ကို​မ​ပြု​ရ။ တော​သား​ရဲ​များ၊ မိုး​ကောင်း​ကင်​ငှက်​များ စား​စ​ရာ​ဖို့ သင့်​ကို​ငါ​အပ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

လ​ဝိ​သန်၏​ဦး​ခေါင်း​တို့​ကို နှိပ်​စက်၍ တော​တွင်း​သား​တို့ စား​စ​ရာ​ဖို့ အပ်​ပေး​တော်​မူ​ပြီ။

ထို​သူ​တို့​သည် ဆိုး​သော​သေ​ခြင်း​ဖြင့် သေ​ရ​ကြ​လိမ့်​မည်။ သူ​တို့​ကို​မြည်​တမ်း၍ မ​သင်္ဂြိုဟ်​ရ။ မြေ​ပေါ်​မှာ မ​စင်​ကဲ့​သို့ ဖြစ်​ကြ​လိမ့်​မည်။ သူ​တို့​သည် ဓား​ဘေး​နှင့် မွတ်​သိပ်​ခြင်း​ဘေး​ဖြင့် ဆုံး​ခြင်း​သို့​ရောက်၍၊ အ​သေ​ကောင်​တို့​သည် မိုး​ကောင်း​ကင်​ငှက်​နှင့် တော​သား​ရဲ စား​စ​ရာ​ဖို့ ဖြစ်​ကြ​လိမ့်​မည်။

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား ကွပ်​မျက်​တော်​မူ​ခြင်း​ကို ခံ​ရ​သော​သူ​တို့​သည် မြေ​ကြီး​တစ်​ဖက်​မှ တစ်​ဖက်​တိုင်​အောင် နှံ့​ပြား​ကြ​လိမ့်​မည်။ သူ​တို့​ကို မ​မြည်​တမ်း​ရ။ မ​စု​မ​ပုံ​ရ။ မ​သင်္ဂြိုဟ်​ရ။ မြေ​ပေါ်​မှာ မ​စင်​ကဲ့​သို့ ဖြစ်​ကြ​လိမ့်​မည်။

သူ​တို့​ရန်​သူ​များ လက်​သို့​လည်း​ကောင်း၊ သတ်​ချင်​သော​သူ​များ လက်​သို့​လည်း​ကောင်း ငါ​အပ်​မည်။ သူ​တို့​အ​သေ​ကောင်​များ​တို့​သည် မိုး​ကောင်း​ကင်​ငှက်​နှင့် တော​သား​ရဲ​များ စား​စ​ရာ​ဖို့ ဖြစ်​ကြ​လိမ့်​မည်။

ဤ​လူ​မျိုး​အ​သေ​ကောင်​တို့​သည် မိုး​ကောင်း​ကင်​ငှက်​နှင့် တော​သား​ရဲ​စား​စ​ရာ​ဖို့ ဖြစ်​ကြ​လိမ့်​မည်။ ထို​တိ​ရ​စ္ဆာန်​တို့​ကို အ​ဘယ်​သူ​မျှ မ​မောင်း​ရ။

ထို​သူ​တို့​သည် ကြည်​ညို​ရာ၊ အ​မှု​ဆောင်​ရာ၊ လိုက်​သွား​ရာ၊ ရှာ​ဖွေ​ရာ၊ ကိုး​ကွယ်​ရာ​ဖြစ်​သော နေ၊ လ၊ ကောင်း​ကင်​တန်​ဆာ​ရှေ့​မှာ လှန်​ထား​ကြ​လိမ့်​မည်။ ထို​အ​ရိုး​တို့​ကို​မ​စု​မ​ပုံ၊ မ​သင်္ဂြိုဟ်​ရ။ မြေ​ပေါ်​မှာ မ​စင်​ကဲ့​သို့ ဖြစ်​ရ​ကြ​လိမ့်​မည်။

မိုး​ကောင်း​ကင်​ငှက်​နှင့် တော​တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​သည် ကျိုး​ပဲ့​သော အ​ကိုင်း​အ​ခက်​တို့​အ​ပေါ်​မှာ နေ​ရ​ကြ၏။

သင်​သည် ဘုန်း​တန်​ခိုး​အာ​နု​ဘော်​အား​ဖြင့် အ​ဘယ်​မည်​သော ဧ​ဒင်​သစ်​ပင်​နှင့် တူ​သ​နည်း။ သင်​သည် ဧ​ဒင်​သစ်​ပင်​တို့​နှင့်​အ​တူ မြေ​အောက်​အ​ရပ်​သို့ နှိမ့်​ချ​ခြင်း​ကို​ခံ​ရ​မည်။ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ၊ ဓား​ဖြင့်​အ​သေ​ခံ​ရ​သော သူ​တို့​နှင့်​အ​တူ လဲ၍​နေ​ရ​မည်။ ထို​သို့ ဖာ​ရော​ဘု​ရင်​နှင့် သူ့​အ​လုံး​အ​ရင်း​ရှိ​သ​မျှ​တို့​သည်​ဖြစ်​ရ​ကြ​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထို​အ​ခါ​ငါ​ကြည့်​လျှင်၊ မြင်း​မွဲ​တစ်​စီး​ရှိ၏။ မြင်း​စီး​သော​သူ​သည် မ​ရ​ဏ​ဟူ​သော​အ​မည်​ရှိ၏။ မ​ရ​ဏနိုင်​ငံ​သည် ထို​သူ​နောက်​သို့ လိုက်​လေ၏။ သူ​သည် မြေ​ကြီး လေး​စိတ်​တစ်​စိတ်​ကို အ​စိုး​ရ၍ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ နာ၍​သေ​ဘေး၊ မြေ​သား​ရဲ​ဘေး​အား​ဖြင့် သတ်​ပိုင်​သော အ​ခွင့်​ကို​ရ၏။

တစ်​ဖန် ဖိ​လိ​တ္တိ​လူ​က လာ​ခဲ့။ သင့်​အ​သား​ကို မိုး​ကောင်း​ကင်​ငှက်​နှင့် တော​သား​ရဲ​တို့​အား ငါ​ပေး​မည်​ဟု ဒါ​ဝိဒ်​ကို​ဆို၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ