အချင်းလူသား၊ သင်သည် အဲဂုတ္တုရှင်ဘုရင် ဖာရောမင်းတစ်ဖက်၌ မျက်နှာထား၍၊ သူနှင့် အဲဂုတ္တုပြည် တစ်ပြည်လုံးတစ်ဖက်၌ ပရောဖက်ပြုလျက်၊
အဲသယောပိ မြစ်များအနားမှာ အသံမြည်တတ်သော အတောင်ရှိ၍၊
အဲဂုတ္တုပြည်နှင့်ဆိုင်သော ဗျာဒိတ်တော်ကား၊ ကြည့်ရှုလော့။ ထာဝရဘုရားသည် လျင်မြန်သောမိုးတိမ်ကိုစီး၍ အဲဂုတ္တုပြည်သို့ ကြွတော်မူ၏။ ရှေ့တော်၌ အဲဂုတ္တုပြည်၏ ရုပ်တုဆင်းတုတို့သည်လှုပ်ရှား၍၊ အဲဂုတ္တုပြည်၏နှလုံးသည် သူ၏အထဲမှာ အရည်ကျိုလျက် ရှိလိမ့်မည်။
ငါသည် ထာဝရဘုရား၏လက်တော်မှ ထိုဖလားကိုခံယူ၍၊ ထာဝရဘုရားသည် ငါ့ကို စေလွှတ်တော်မူသော လူမျိုးအပေါင်းတို့ကို သောက်စေ၏။
ယုဒရှင်ဘုရင်ဇေဒကိမင်း အသက်၏ရန်သူတည်းဟူသော ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာမင်း၏လက်သို့ ဇေဒကိမင်းကို ငါအပ်သည်နည်းတူ၊ အဲဂုတ္တုရှင်ဘုရင် ဖာရောဟောဖရာအသက်ကို ရှာသော ရန်သူလက်သို့ ထိုမင်းကိုငါအပ်သည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
အချင်းလူသား၊ တောင်ဘက်သို့မျက်နှာပြုလျက်၊ တောင်မျက်နှာတစ်ဖက်၌ မြွက်ဆို၍၊ တောင်ပြည်၌ရှိသော တောတစ်ဖက်၌ ဟောပြောလော့။
အချင်းလူသား၊ ယေရုရှလင်မြို့ကိုမျက်နှာပြုလျက်၊ သန့်ရှင်းသော အရပ်ဌာနတို့တစ်ဖက်၌ မြွက်ဆို၍ ဣသရေလပြည်တစ်ဖက်၌ ဟောပြောလော့။
အချင်းလူသား၊ သင်သည် အမ္မုန်အမျိုးသားတို့တစ်ဖက်၌ မျက်နှာထား၍ ပရောဖက်ပြုလျက်၊
တစ်ဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
အချင်းလူသား၊ သင်သည် ဣသရေလတောင်တို့ကို မျက်နှာပြု၍၊ သူတို့တစ်ဖက်၌ ပရောဖက်ပြုလော့။
ယုဒပြည်၌ အပြစ်မရှိသောသူတို့ကို သတ်၍ ယုဒအမျိုးသားတို့ကို ညှဉ်းဆဲသောကြောင့်၊ အဲဂုတ္တုပြည်သည် လူဆိတ်ညံလျက် ရှိလိမ့်မည်။ ဧဒုံပြည်သည်လည်း လူဆိတ်ညံသော တောဖြစ်လိမ့်မည်။