Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 29:14

Judson Bible

သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော အဲ​ဂု​တ္တု​လူ​တို့​ကို ငါ​တစ်​ဖန်​ဆောင်​ခဲ့၍ သူ​တို့​နေ​ရင်း​ပြည်၊ ပါ​သ​ရု​ပြည်​သို့ ပြန်​စေ​မည်။ ထို​ပြည်၌ ယုတ်​သော​နိုင်​ငံ ဖြစ်​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ပါ​သ​ရု​သိမ်​လူ၊ ကာ​သ​လု​ဟိမ်​လူ၊ က​တ္တော​ရိမ်​လူ​တည်း။ ကာ​သ​လု​ဟိမ်​အ​မျိုး​ထဲ​က ဖိ​လိ​တ္တိ​လူ​ဖြစ်​သ​တည်း။

ပါ​သ​ရု​သိမ်​လူ၊ ကာ​သ​လု​ဟိမ်​လူ၊ က​တ္တော​ရိမ်​လူ​တည်း။ ကာ​သ​လု​ဟိမ်​အ​မျိုး​ထဲ​က ဖိ​လိ​တ္တိ​လူ​ဖြစ်​သ​တည်း။

ထို​ကာ​လ၌ ထာ​ဝ​ရ​ဘု​ရား​သည် လက်​တော်​ကို​ဆန့်၍၊ ကျန်​ကြွင်း​သော ကိုယ်​တော်၏​လူ​တို့​ကို အာ​ရှု​ရိ​ပြည်၊ အဲ​ဂု​တ္တု​ပြည်၊ ပါ​သ​ရု​ပြည်၊ ကု​ရှ​ပြည်၊ ဧ​လံ​ပြည်၊ ရှိ​နာ​ပြည်၊ ဟာ​မတ်​ပြည်၊ ပင်​လယ်​တစ်​ဖက်၌ ရှိ​သော​ပြည်​များ​တို့​မှ​ကယ်​ယူ​ခြင်း​ငှာ တစ်​ဖန် ပြု​တော်​မူ​လိမ့်​မည်။

အဲ​ဂု​တ္တု​ပြည်၊ မိ​ဂ​ဒေါ​လ​မြို့၊ တာ​ပ​နက်​မြို့၊ နော​ဖ​မြို့၊ ပါ​သ​ရု​အ​ရပ်၌​နေ​သော ယု​ဒ​လူ​အ​ပေါင်း​တို့​ကို ရည်​မှတ်၍ ယေ​ရ​မိ​သို့ ရောက်​လာ​သော နှုတ်​က​ပတ်​တော်​အား​ဖြင့်၊

ထို​အ​ခါ မိ​မိ​မ​ယား​တို့​သည် အ​ခြား​တစ်​ပါး​သော​ဘု​ရား​အား နံ့​သာ​ပေါင်း​နှင့် မီး​ရှို့​ကြောင်း​ကို သိ​သော​လူ​များ၊ အ​နား၌​ရပ်​နေ​သော မိန်း​မ​များ၊ ကြီး​စွာ​သော အ​လုံး​အ​ရင်း​တည်း​ဟူ​သော၊ အဲ​ဂု​တ္တု​ပြည် ပါ​သ​ရု​အ​ရပ်၌​နေ​သော​သူ​အ​ပေါင်း​တို့​သည် ယေ​ရ​မိ​ကို ပြန်​ပြော​ကြ​သည်​ကား၊

ထို​နိုင်​ငံ​သည်​ယုတ်​ညံ့၍ နောက်​တစ်​ဖန်​မ​ထ​မ​ကြွ​ဘဲ၊ သ​စ္စာ​တော်​ကို စောင့်​သော​အား​ဖြင့်​သာ​တည်​စေ​ခြင်း​ငှာ၊ အား​ကြီး​သော​နိုင်​ငံ​သား​တို့​ကို​လည်း သိမ်း​သွား​ပြီ။

ပါ​သ​ရု​ပြည်​ကို ငါ​ဖျက်​မည်။ ဇော​န​မြို့​ကို​လည်း မီး​ရှို့​မည်။ နော​မြို့​ကို​လည်း အ​ပြစ်​ဒဏ်​စီ​ရင်​မည်။

ပင်​လယ်​အ​လယ်၌ လျှောက်​သွား၍ ညှဉ်း​ဆဲ​လျက်၊ ပင်​လယ်​တံ​ပိုး​များ​ကို ဒဏ်​ခတ်​တော်​မူ​မည်။ မြစ်၌ နက်​နဲ​သော​အ​ရပ်​ရှိ​သ​မျှ​တို့​လည်း ခန်း​ခြောက်​ကြ​လိမ့်​မည်။ အာ​ရှု​ရိ​ပြည်၏​မာ​န​ကို နှိမ့်​ချ၍၊ အဲ​ဂု​တ္တု​မင်း၏​အာ​ဏာ​သည်​လည်း ကွယ်​ပျောက်​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ