သို့ရာတွင်၊ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ အနှစ်လေးဆယ်စေ့သောအခါ၊ ကွဲပြားလျက်နေရသော လူမျိုးတို့မှ အဲဂုတ္တုလူတို့ကို ငါခေါ်၍ စုဝေးစေမည်။
ထာဝရဘုရားသည်လည်း အဲဂုတ္တုပြည်ကို ဒဏ်ခတ်၍၊ ခတ်ပြီးသောဒဏ်ရာကို ပျောက်စေတော်မူမည်။ သူတို့သည်လည်း၊ ထာဝရဘုရားထံတော်သို့ ပြောင်းလဲကြသည်ကာလ၊ သူတို့တောင်းပန်ခြင်းကို နားထောင်၍ ဒဏ်ရာကို ပျောက်စေတော်မူမည်။
သူတို့အသက်ကို ရှာသောသူတည်းဟူသော ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာမင်းနှင့် သူ၏ကျွန်တို့လက်သို့ သူတို့ကိုငါအပ်မည်။ ထိုနောက်မှတစ်ဖန် အဲဂုတ္တုပြည်သည် အရင်ကဲ့သို့စည်ပင်လိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။