Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 28:18

Judson Bible

သင့်​အ​ပြစ်​သည် များ​ပြား၍ ကုန်​သွယ်​ခြင်း အ​ဓ​မ္မ​အား​ဖြင့်၊ သန့်​ရှင်း​ရာ​ဌာ​န​တို့​ကို ညစ်​ညူး​စေ​သော​ကြောင့်၊ သင့်​ကို​မီး​ရှို့​ဖို့ သင့်​အ​လယ်၌ မီး​ကို​ငါ​ညှိ​မည်။ သင့်​ကို​မြင်​သော သူ​အ​ပေါင်း​တို့​ရှေ့​မှာ၊ သင်၏​ပြာ​ကို မြေ​ပေါ်​သို့​ငါ​ချ​ထား​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည် မီး​နှင့်​ဓား​အား​ဖြင့်၊ လူ​သ​တ္တ​ဝါ​အ​ပေါင်း​တို့​ကို အ​ပြစ်​ပေး​တော်​မူ၍၊ ထာ​ဝ​ရ​ဘု​ရား ကွပ်​မျက်​တော်​မူ​သော သူ​တို့​သည် များ​ကြ​လိမ့်​မည်။

ဖွား​သော​နေ့​မှ​စ၍ သင့်​အ​ပြစ်​ထင်​ရှား​သော​နေ့​တိုင်​အောင်၊ ပြု​လေ​ရာ​ရာ၌ စုံ​လင်​လျက်​ရှိ၏။

သို့​ရာ​တွင်၊ ကုန်​သွယ်​ခြင်း များ​ပြား​သော​အား​ဖြင့်၊ အ​ဓ​မ္မ​အ​မှု​တို့​နှင့် ပြည့်​စုံ၍ ပြစ်​မှား​သော​အ​ပြစ် ရောက်​လေ​ပြီ။ ထို​ကြောင့်၊ ဆိုး​ယုတ်​သော​သူ​ကဲ့​သို့၊ သင့်​ကို​ဘု​ရား​သ​ခင်၏ တောင်​တော်​ပေါ်​က ငါ​နှင်​ထုတ်​မည်။ အို လွှမ်း​မိုး​သော ခေ​ရု​ဗိမ်၊ မီး​တောက်​သော ကျောက်​တို့​အ​ထဲ​က သင့်​ကို​ငါ​ပယ်​ရှင်း​မည်။

အ​ချင်း​လူ​သား၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို တု​ရု​ရှင်​ဘု​ရင်​အား ဆင့်​ဆို​ရ​မည်​မှာ၊ သင်​သည် ကိုယ်​ကို​ဘု​ရား​သ​ခင်​ကဲ့​သို့ ထင်​မှတ်​သော်​လည်း ဘု​ရား​သ​ခင်​မ​ဟုတ်၊ လူ​သက်​သက်​ဖြစ်​လျက်​နှင့် ငါ​သည် ဘု​ရား​ဖြစ်၏။ ပင်​လယ်​အ​လယ်၌ ဘု​ရား​ပ​လ္လင်​ပေါ်​မှာ ငါ​ထိုင်​သည်​ဟု ဝါ​ကြွား​သော​စိတ်​နှင့် ဆို​သည်​ဖြစ်၍၊

ထို​အ​နည်း​ငယ်​အ​ချို့​ကို​လည်း ယူ​ပြန်၍ မီး​ရှို့​လော့။ ထို​မီး​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို နှံ့​ပြား​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ရ​ဗ္ဗာ​မြို့​ရိုး​ကို​မီး​ရှို့၍ ဘုံ​ဗိ​မာန်​တို့​ကို လောင်​စေ​မည်။ စစ်​တိုက်​သော​နေ့၌ အော်​ဟစ်​ခြင်း၊ မိုး​သက်​မုန်​တိုင်း ရောက်​သော​နေ့၌ လွင့်​သွား​ခြင်း​ရှိ​လိမ့်​မည်။

မော​ဘ​ပြည်​အ​ပေါ်​သို့ မီး​ကို​လွှတ်၍၊ ကေ​ရုတ်​မြို့၏​ဘုံ​ဗိ​မာန်​တို့​ကို လောင်​စေ​မည်။ ကြီး​သော အ​သံ​ဗ​လံ​ပြု​ခြင်း၊ အော်​ဟစ်​ခြင်း၊ တံ​ပိုး​မှုတ်​ခြင်း​နှင့်​တ​ကွ မော​ဘ​ပြည်​သည် ဆုံး​ရှုံး​ရ​လိမ့်​မည်။

ယု​ဒ​ပြည်​အ​ပေါ်​သို့ မီး​ကို​လွှတ်၍၊ ယေ​ရု​ရှ​လင်​မြို့၏​ဘုံ​ဗိ​မာန်​တို့​ကို လောင်​စေ​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် သူ​တစ်​ပါး​လက်​သို့​သူ့​ကို​အပ်၍၊ သူ့​ခွန်​အား​ကို ပင်​လယ်​ထဲ​သို့ ချ​တော်​မူ​သ​ဖြင့်၊ မြို့​သည် မီး​ဖြင့် ကျွမ်း​လောင်​လိမ့်​မည်။

မ​တ​ရား​သော​သူ​တို့​ကို​လည်း နင်း​ကြ​လိမ့်​မည်။ ထို​သို့ ငါ​စီ​ရင်​သော နေ့​ရက်၌ သူ​တို့​သည် သင်​တို့ ခြေ​ဖ​ဝါး​အောက်၌ မြေ​မှုန့်​ကဲ့​သို့ ဖြစ်​ကြ​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

လူ​သည် ဤ​စ​ကြ​ဝ​ဠာ​ကို အ​ကြွင်း​မဲ့​အ​စိုး​ရ၍ မိ​မိ​အ​သက်​ဝိ​ညာဉ်​ရှုံး​လျှင် အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း။-

သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​တို့​ကို မီး​ရှို့၍ ဖျက်​ဆီး​ရာ၊ ဒဏ်​စီ​ရင်​တော်​မူ​သ​ဖြင့် နောင်၌ မ​တ​ရား​သော အ​ကျင့်​ကို ကျင့်​အံ့​သော​သူ​တို့​အား ပုံ​သက်​သေ​ကို ထား​တော်​မူ၏။-

ထို​ကြောင့်၊ သူ​ခံ​ရ​သော​သေ​ခြင်း​ဘေး၊ စိတ်​မ​သာ​ညည်း​တွား​ခြင်း​ဘေး၊ မွတ်​သိပ်​ခြင်း ဘေး​ဒဏ်​များ​တို့​နှင့် တစ်​နေ့​ချင်း​တွင်​တွေ့၍၊ မီး​ဖြင့်​လည်း ကျွမ်း​လောင်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ သူ့​ကို စီ​ရင်​တော်​မူ​သော ထာ​ဝ​ရ အ​ရှင်​ဘု​ရား​သ​ခင်​သည် ခွန်​အား​ဗ​လ ကြီး​တော်​မူ၏။

ဆူး​လေ​ပင်​က၊ သင်​တို့​သည် ငါ့​ကို သင်​တို့၏ ရှင်​ဘု​ရင်​ဖြစ်​စေ​ခြင်း​ငှာ ခန့်​ထား၍ ဧ​ကန်​အ​မှန် ဘိ​သိက်​ပေး​လို​လျှင်၊ လာ​ကြ၊ ငါ့​အ​ရိပ်​ကို ခို​လှုံ​ကြ။ သို့​မ​ဟုတ် ဆူး​လေ​ပင်​ထဲ​က မီး​ထွက်၍ လေ​ဗ​နုန်​အာ​ရစ်​ပင်​တို့​ကို လောင်​လိမ့်​မည်​ဟု သစ်​ပင်​တို့​အား ပြန်​ပြော၏။

သို့​မ​ဟုတ်​လျှင် အ​ဘိ​မ​လက်​ထဲ​က မီး​ထွက်၍၊ ရှေ​ခင်​မြို့​သား​နှင့် မိ​လ္လော​အ​ဆွေ​အ​မျိုး​ကို​လောင်​ပါ​စေ။ ရှေ​ခင်​မြို့​သား​နှင့် မိ​လ္လော​အ​ဆွေ​အ​မျိုး​ထဲ​က မီး​ထွက်၍ အ​ဘိ​မ​လက်​ကို လောင်​ပါ​စေ​ဟု ကြွေး​ကြော်​ပြီး​မှ၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ