သင်သည် လဲပျက်သောအခါ သင်၏ဥစ္စာ၊ ဝိုင်း၊ ကုန်၊ သင်္ဘောသား၊ လမ်းပြမာလိန်၊ ပြုပြင်သူ၊ ကုန်သည်၊ စစ်သူရဲအလုံးအရင်း ပါသမျှတို့သည် ပင်လယ်အလယ်၌ကျရကြလိမ့်မည်။
အမျက်ဒေါသထွက်သောကာလ၌ စည်းစိမ်ဥစ္စာသည် အကျိုးမပေးနိုင်။ ဖြောင့်မတ်ခြင်းပါရမီမူကား၊ သေခြင်းမှ ကယ်တင်တတ်၏။
တုရုမင်းအပေါင်း၊ ဇိဒုန်မင်းအပေါင်း၊ ပင်လယ်တစ်ဖက်၌ အစိုးရသောမင်းများ၊
သက္ကရာဇ်ဆယ်တစ်ခု၊ ပထမတစ်ရက်နေ့တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
သင်၏ဥစ္စာကို လုယူ၍ သင်၏ကုန်များကိုလည်း သိမ်းယူကြလိမ့်မည်။ သင်၏အုတ်ထရံတို့ကို ဖြို၍ဘုံဗိမာန်တို့ကို ဖျက်ပြီးလျှင်၊ သင်၏ကျောက်၊ သစ်သား၊ မြေတို့ကို ရေထဲမှာချပစ်ကြလိမ့်မည်။
သင်သည် ရှင်းလင်းသောကျောက်ကဲ့သို့ ပိုက်ကွန်လှန်းရာအရပ်ဖြစ်ရလိမ့်မည်။ နောက်တစ်ဖန် မတည်ပြန်ရ။ ငါထာဝရဘုရားပြောပြီဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
သင်မူကား၊ ကြောက်မက်ဖွယ်သောအရာဖြစ်၍၊ နောက်တစ်ဖန် အဘယ်သူမျှ ရှာ၍မတွေ့နိုင်အောင်၊ ပျောက်ကုန်ရာသို့ ရောက်လိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
သင်၌ကုန်သွယ်ရန်ဥစ္စာများသောကြောင့်၊ တာရှုမြို့သည် ငွေ၊ သံ၊ သံဖြူ၊ ခဲတို့ကို သင့်ဝိုင်းသို့ယူခဲ့၍ သင်နှင့် ကုန်သွယ်ခြင်းကို ပြုလေ၏။
ရှေဘကုန်သည်၊ ရာဂမကုန်သည်တို့သည် သင်နှင့် ကုန်သွယ်၍ အမြတ်ဆုံးသော နံ့သာမျိုး၊ အဖိုးကြီးသော ကျောက်မျိုး၊ ရွှေမျိုးကို သင့်ဝိုင်း၌ သွင်းကြ၏။
ထူးဆန်းသော ဥစ္စာ၊ ပြာသောအထည်၊ ခြယ်လှယ်သောအထည်၊ အဖိုးထိုက်သော အဝတ်တန်ဆာပါ၍၊ ကြိုးနှင့်ပတ်ရစ်သော အာရဇ်သေတ္တာတို့ကို သင်၏ကုန်ထဲသို့ သွင်းကြ၏။
ယခုမူကား၊ သင်၏တက်ခတ်သားတို့သည် သင့်ကို ကြီးစွာသောရေထဲသို့ ဆောင်သွား၍၊ အရှေ့လေသည်လည်း ပင်လယ်အလယ်၌ ချိုးလေပြီ။
သင်၏လမ်းပြမာလိန်တို့အော်ဟစ်သံကြောင့်၊ ပတ်ဝန်းကျင်အရပ်တို့သည် လှုပ်ရှားကြလိမ့်မည်။
ယခုမူကား၊ သင်သည် ပင်လယ်၌လည်းကောင်း၊ သင့်ကုန်သွယ်ရန် ဥစ္စာတို့သည် လှိုင်းတံပိုးအလယ်၌လည်းကောင်း၊ ကျိုးပဲ့၍၊ သင်နှင့်ပါသောသူ အပေါင်းတို့သည် ဆုံးရှုံးကြပြီ။
တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
သင့်ကို မြေတွင်းထဲသို့နှိမ့်ချ၍၊ ပင်လယ်အလယ်၌ ဆုံးရှုံးသောသူကဲ့သို့ သင့်အသက်သည် ဆုံးရှုံးရလိမ့်မည်။
တစ်ဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ တုရုမြို့သည် ညီအစ်ကိုချင်းဖွဲ့သော မိတ်သဟာယကို မစောင့်၊ ချုပ်ထားသော သူအပေါင်းတို့ကို ဧဒုံမင်း၌အပ်သော အပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။
တုရုမြို့သည် မိမိအဖို့ ရဲတိုက်ကိုတည်ဆောက်၍၊ ငွေကို မြေမှုန့်ကဲ့သို့လည်းကောင်း၊ ရွှေစင်ကို လမ်း၌ရှိသော ရွှံ့ကဲ့သို့လည်းကောင်း စုပုံသော်လည်း၊