Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 27:17

Judson Bible

ယု​ဒ​ပြည်​နှင့် ဣ​သ​ရေ​လ​ပြည်​သည် သင်​နှင့်​ကုန်​သွယ်၍၊ ဂျုံ​စ​ပါး၊ မု​ရန်​စေး၊ ပ​နက်​စေး၊ ဗာ​လ​စံ​စေး၊ ဆီ၊ ပျား​ရည်​တို့​ကို​သင့်​ဈေး၌ သွင်း​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

အ​ဘ​ဣ​သ​ရေ​လ​က​လည်း၊ သို့​ဖြစ်​လျှင် ဤ​သို့​ပြု​ကြ​လော့။ ထို​သူ​အား ဆက်​စ​ရာ​ဖို့ သင်​တို့​အိတ်​ဝ​တို့​တွင် ခါ​နာန်​ပြည်​၏​အ​သီး​မျိုး အ​ကောင်း​ဆုံး​တည်း​ဟူ​သော ဗာ​လ​စံ​စေး​အ​နည်း​ငယ်၊ ပျား​ရည်​အ​နည်း​ငယ်၊ နံ့​သာ​မျိုး၊ မု​ရန်​စေး၊ သစ်​အယ်​သီး၊ ဗာ​တံ​သီး​တို့​ကို​ယူ​ကြ​လော့။

ငါ့​ကျွန်​တို့​သည် လေ​ဗ​နုန်​တောင်​မှ ပင်​လယ်​သို့​ချ​ပြီး​လျှင်၊ ဘောင်​လုပ်၍ မင်း​ကြီး​စီ​ရင်​သော​အ​ရပ်​သို့ ပင်​လယ်​လမ်း​ဖြင့် ဆောင်​ခဲ့၍၊ ထို​အ​ရပ်၌​အပ်​သ​ဖြင့် မင်း​ကြီး​ခံ​ယူ​ရ​မည်။ မင်း​ကြီး​သည်​လည်း၊ ငါ၏​နန်း​တော်​သား စား​စ​ရာ​ရိ​က္ခာ​ကို​ပေး၍ ငါ့​အ​လို​ကို​လည်း ပြည့်​စုံ​စေ​ရ​မည်​ဟု ရှော​လ​မုန်​ထံ​သို့ လူ​ကို​စေ​လွှတ်၍ ပြန်​ပြော၏။

သစ်​ခုတ်​သော မင်း​ကြီး​ကျွန်​တို့​အား ဂျုံ​ဆန် ကော​ရ​နှစ်​သောင်း၊ မု​ယော​ဆန် နှစ်​သောင်း၊ စ​ပျစ်​ရည် ဗတ်​နှစ်​သောင်း၊ ဆီ နှစ်​သောင်း​ကို ငါ​ပေး​မည်​ဟု မှာ​လိုက်​လေ၏။

ပန်း​ရန်​သ​မား​နှင့် လက်​သ​မား​တို့​အား​လည်း ငွေ​ကို​ပေး​ကြ၏။ ပေ​ရ​သိ​ရှင်​ဘု​ရင်​ကု​ရု အ​ခွင့်​ပေး​တော်​မူ​သည်​အ​တိုင်း၊ အာ​ရဇ်​သစ်​သား​ကို လေ​ဗ​နုန်​တောင်​မှ ယု​ပ္ပေ​ဆိပ်​သို့ ဆောင်​စေ​ခြင်း​ငှာ၊ ဇိ​ဒုန်​မြို့​သား​နှင့် တု​ရု​မြို့​သား​တို့​အား၊ စား​စ​ရိတ်​နှင့် ဆီ​များ​ကို ပေး​ကြ၏။

ဂိ​လဒ်​ပြည်၌ ဗာ​လ​ဇံ​ပင်​အ​စေး​မ​ရှိ​သ​လော။ ထို​ပြည်၌ ဆေး​သ​မား​မ​ရှိ​သ​လော။ ရှိ​လျက်​ပင် ငါ၏​လူ​မျိုး​သ​တို့​သ​မီး​သည် အ​ဘယ်​ကြောင့် အ​နာ​မှ မ​ထ​မြောက်​သ​နည်း။

ထို​နောက်၊ ဟေ​ရုဒ်​မင်း​သည် ယု​ဒ​ပြည်​မှ ကဲ​သ​ရိ​မြို့​သို့​သွား၍ နေ​သည်​ရှိ​သော်၊ တု​ရု​မြို့​သား​နှင့် ဇိ​ဒုန်​မြို့​သား​တို့​ကို အ​မျက်​ထွက်​လေ၏။ ထို​သူ​တို့​သည် တ​ညီ​တ​ညွတ်​တည်း​လာ​ကြ၍၊ ဗ​လ​တ္တု​အ​မည်​ရှိ​သော အ​တွင်း​ဝန်​ကို ဖျောင်း​ဖျ​ပြီး​မှ၊ အ​မျက်​တော်​ပြေ​မည်​အ​ကြောင်း တောင်း​ပန်​ကြ၏။ အ​ကြောင်း​မူ​ကား၊ သူ​တို့​ပြည်​သည် ပြည်​တော်​ကို​မှီ၍ ကျွေး​မွေး​ခြင်း​ကို​ခံ​ရ၏။-

သိုး​သ​ငယ်​ဆီ​ဥ၊ ဗာ​ရှန်​အ​မျိုး၏​သိုး​ထီး၊ ဆိတ်​ထီး​ဆီ​ဥ၊ ဂျုံ​စ​ပါး၊ ကျောက်​ကပ်​ဆီ​ဥ​နှင့်​တ​ကွ နွား​နို့​ဓမ်း​နှင့် သိုး​နို့​ကို​လည်း​ကောင်း စို့​မည်​အ​ကြောင်း​စီ​ရင်​တော်​မူ၍၊ သင်​သည် စ​ပျစ်​သီး​အ​သွေး​စစ်​ကို သောက်​ရ၏။

ဂျုံ၊ မု​ယော၊ စ​ပျစ်​ပင်၊ သင်္ဘော​သ​ဖန်း​ပင်၊ သ​လဲ​ပင်​နှင့် ပြည့်​စုံ​သော​ပြည်၊ သံ​လွင်​ဆီ၊ ပျား​ရည်​နှင့်​ပြည့်​စုံ​သော​ပြည်၊

အာ​ရော်​မြို့​မှ​စ၍ မိ​န္နိတ်​မြို့​တိုင်​အောင်​လည်း​ကောင်း၊ အာ​ဗေ​လ​ခေ​ရ​မိမ်​မြို့​တိုင်​အောင်​လည်း​ကောင်း၊ မြို့​နှစ်​ဆယ်​တို့​ကို ကြီး​စွာ​သော လုပ်​ကြံ​ခြင်း​အား​ဖြင့် သူ​တို့​ကို တိုက်​သတ်​လေ၏။ ထို​သို့ အ​မ္မုန်​အ​မျိုး​သား​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ရှေ့​မှာ ရှုံး​ရ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ