Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 27:16

Judson Bible

သင်​လုပ်​သော ဥ​စ္စာ​များ​သော​ကြောင့် ရှု​ရိ​ပြည်​သည် သင်​နှင့်​ကုန်​သွယ်၍၊ န​ပက်​ကျောက်၊ ပြာ​သော​အ​ထည်၊ ခြယ်​လှယ်​သော​အ​ဝတ်၊ ပိတ်​ချော၊ သ​န္တာ၊ ကျောက်​နီ​တို့​ကို သင့်​ဝိုင်း၌ သွင်း​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ရှေ​မ​သား​ကား၊ ဧ​လံ၊ အာ​ရှုရ၊ အာ​ဖာ​ဇဒ်၊ လု​ဒ၊ အာ​ရံ​တည်း။

ထို​သို့​ယာ​ကုပ်​နှင့် ဧ​သော၏​အ​မိ၊ ရေ​ဗ​က္က၏​မောင်၊ ရှု​ရိ​လူ​ဗေ​သွေ​လ​သား လာ​ဗန်​နေ​ရာ ပါ​ဒ​နာ​ရံ​ပြည်​သို့ ယာ​ကုပ်​သွား​လေ၏။

အ​မ္မုန်​အ​မျိုး​သား​တို့​က၊ ငါ​တို့​သည်​ဒါ​ဝိဒ်​ရှေ့​မှာ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ဖြစ်​လိမ့်​မည်​ဟု သိ​လျှင်၊ လူ​တို့​ကို​စေ​လွှတ်၍ ဗက်​ရ​ဟော​ဘ​မြို့​နှင့် ဇော​ဘ​မြို့၌​နေ​သော ရှု​ရိ​လူ​ခြေ​သည် သူ​ရဲ​နှစ်​သောင်း၊ မာ​ခ​မင်း​ကြီး၏ လူ​တစ်​ထောင်၊ တော​ဘ​မြို့​သား တစ်​သောင်း​နှစ်​ထောင်​တို့​ကို ငှား​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​ကို တစ်​ဖန်​ယေ​ရု​ရှ​လင်​မြို့​သို့ ဆောင်​တော်​မူ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​ဝတ်​ကို အ​ကျွန်ုပ်​ပြု​ပါ​မည်​ဟု ကိုယ်​တော်​ကျွန်​သည် ရှု​ရိ​ပြည် ဂေ​ရှု​ရ​မြို့၌​နေ​သော​အ​ခါ သ​စ္စာ​က​တိ​ပြု​ပါ​ပြီ။ သို့​ဖြစ်၍ ကျွန်​တော်​သည် ထာ​ဝ​ရ​ဘု​ရား​အား သ​စ္စာ​က​တိ​ပြု​သည်​အ​တိုင်း၊ ဟေ​ဗြုန်​မြို့​သို့​သွား၍ သ​စ္စာ​ဝတ်​ကို​ဖြေ​ရ​မည်​အ​ကြောင်း အ​ခွင့်​ပေး​တော်​မူ​ပါ​ဟု​လျှောက်​လျှင်၊

ဒ​မာ​သက်​မြို့​နေ ရှု​ရိ​လူ​တို့​သည် ဇော​ဘ​မင်း​ကြီး ဟာ​ဒ​ဒေ​ဇာ​ကို စစ်​ကူ​သော​အ​ခါ၊ ဒါ​ဝိဒ်​သည် ရှု​ရိ​လူ နှစ်​သောင်း​နှစ်​ထောင်​တို့​ကို​သတ်​ပြီး​မှ၊

ချယ်​လှယ်​သော အ​ဝတ်​ကို​ဝတ်​စေ၏။ တ​ဟာ​ရှ​သား​ရေ​ခြေ​နင်း​ကို စီး​စေ၏။ ဖဲ၊ ပိတ်​ချော​နှင့် ခြုံ​စေ၏။

ထို​သို့ သင်​သည် ရွှေ​ငွေ​နှင့်​တ​ကွ၊ ဖဲ၊ ပိတ်​ချော၊ ချယ်​လှယ်​သော အ​ဝတ်​တန်​ဆာ​တို့​ကို ဆင်​လျက်၊ မုန့်​ညက်၊ ပျား​ရည်၊ ဆီ​ကို​စား​လျက်၊ အ​လွန်​တ​ရာ​လှ​သော​အ​ဆင်း​နှင့် ပြည့်​စုံ၍၊ မိ​ဖု​ရား​အ​ရာ​ကို ခံ​ရ၏။

ချယ်​လှယ်​သော​အ​ဝတ်​ကို​လည်း ယူ၍၊ ထို​ရုပ်​တု​တို့​ကို​ခြုံ​ပြီး​လျှင်၊ ငါ့​ဆီ​နှင့် ငါ့​နံ့​သာ​ပေါင်း​ကို သူ​တို့​ရှေ့​မှာ တင်​ထား​လေ​ပြီ။

ဧ​ဒင်​အ​ရပ်၊ ဘု​ရား​သ​ခင်၏ ဥ​ယျာဉ်​တော်၌​နေ​ပြီ။ သင်၏​ခေါင်း​ပေါ်​မှာ ကျောက်​နီ၊ ဥဿ​ဖ​ရား၊ စိန်၊ မျက်​ရွဲ၊ ကြောင်၊ န​ဂါး​သွဲ့၊ နီ​လာ၊ မြ၊ ပ​တ္တ​မြား အ​စ​ရှိ​သော​ကျောက်​မြတ် အ​မျိုး​မျိုး​တို့​ကို ဆောင်း​လေ၏။ ရွှေ​ဖြင့်​လုပ်​သော ပတ်​သာ၊ ပု​လွေ​တို့​သည်​လည်း၊ သင်​ဖွား​သော​နေ့၌​ပင် သင့်​အ​ဖို့ ပြင်​ဆင်​လျက်​ရှိ​ကြ၏။

တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍၊ ဗာ​လ​ဘု​ရား၊ အာ​ရှ​တ​ရက်​ဘု​ရား၊ ရှု​ရိ​ဘု​ရား၊ ဇိ​ဒုန်​ဘု​ရား၊ မော​ဘ​ဘု​ရား၊ အ​မ္မုန်​ဘု​ရား၊ ဖိ​လိ​တ္တိ​ဘု​ရား​တို့​ကို ဝတ်​ပြု၍ ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​မ​ပြု စွန့်​ထား​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ