ယေဇကျေလ 27:10Judson Bibleပေရသိလူ၊ လုဒလူ၊ ဖုတလူတို့သည် သင်၏တပ်သား၊ စစ်သူရဲ လုပ်ကြ၏။ ဒိုင်း၊ လွှား၊ သံခမောက်လုံးတို့ကို ပြင်ဆင်၍၊ သင်၏ဂုဏ်အသရေကို ထင်ရှားစေကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုသူတို့တွင် အလံကို ငါထူမည်။ ဘေးလွတ်သော သူတို့ကို တာရှုပြည်၊ ဖုလပြည်၊ လေးလက်နက်ကို သုံးတတ်သော လုဒပြည်၊ တုဗလပြည်၊ ယာဝန်ပြည်မှစ၍၊ ငါ၏နာမကိုမကြား၊ ငါ၏ဘုန်းကို မမြင်၊ ဝေးစွာသော တစ်ကျွန်းတစ်နိုင်ငံအရပ်သို့ စေလွှတ်သဖြင့်၊ တစ်ပါးအမျိုးသားတို့တွင် ငါ၏ဘုန်းကို ဟောပြောကြလိမ့်မည်။