Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 25:9

Judson Bible

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ မော​ဘ​နံ​ပါး၊ ပြည်​စွန်း​နား​မှာ နိုင်​ငံ၏​ဘုန်း​ဖြစ်​သော ဗက်​ယေ​ရှိ​မုတ်​မြို့၊ ဗာ​လ​မောင်​မြို့၊ ကိ​ရ​ယ​သိမ်​မြို့​တို့​ကို ငါ​လှန်​ထား​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ထို​အ​တူ ယော​လ၊ ရှေ​မ၊ အာ​ဇတ်​တို့​မှ​ဆင်း​သက်​သော ဗေ​လ​သည်​လည်း မင်း​ဖြစ်​လျက်၊ အာ​ရော်​မြို့​မှ​စ၍ နေ​ဗော​မြို့၊ ဗာ​လ​မောင်​မြို့​တိုင်​အောင် နေ​ရာ​ကျယ်၏။

ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် မော​ဘ​ပြည်​ကို ရည်​မှတ်၍ မိန့်​တော်​မူ​သည်​ကား၊ နေ​ဗော​မြို့​သည် အ​မင်္ဂ​လာ​ရှိ၏။ ပျက်​စီး​ခြင်း​သို့ ရောက်​လေ၏။ ကိ​ရ​ယ​သိမ်​မြို့​သည် ရှုံး၍ လု​ယူ​ခြင်း​ကို ခံ​ရ၏။ မိ​သ​ဂပ်​မြို့​သည်​လည်း​ရှုံး၍ စိတ်​ပျက်​လေ၏။

ကိ​ရ​ယ​သိမ်​မြို့၊ ဗက်​ဂ​မု​လ​မြို့၊ ဗက်​မောင်​မြို့၊

အ​တ​ရုတ်၊ ဒိ​ဘုန်၊ ယာ​ဇာ၊ နိ​မ​ရ၊ ဟေ​ရှ​ဘုန်၊ ဧ​လာ​လေ၊ ရှေ​ဘံ၊ နေ​ဗော၊ ဗော​န​တည်း​ဟူ​သော၊

ထို​သို့​မော​ဘ​လွင်​ပြင်၊ ယော်​ဒန်​မြစ်​နား​မှာ ဗက်​ယေ​ရှိ​မုတ်​မြို့​မှ အာ​ဗေ​လ​ရှိ​တ္တိမ်​မြို့​တိုင်​အောင် စ​ခန်း​ချ​ကြ၏။

အ​ရှေ့​မျက်​နှာ၌​လွင်​ပြင်​မှ​စ၍ ဂင်္နေ​သ​ရက်​အိုင်​နှင့် လွင်​ပြင်​အိုင်​တည်း​ဟူ​သော သော​ဒုံ​အိုင်​အ​ရှေ့​ဘက် ဗက်​ယေ​ရှိ​မုတ်​မြို့​သို့ သွား​ရာ​လမ်း၊ အာ​ဇုတ်​ပိ​သ​ဂါ​မြို့​အ​နား၊ တောင်​မျက်​နှာ​မှ လာ​ရာ​လမ်း​တိုင်​အောင်​လည်း​ကောင်း အ​စိုး​ရ၍၊ ဟေ​ရှ​ဘုန်​မြို့၌​နေ​သော အာ​မော​ရိ​ရှင်​ဘု​ရင်​ရှိ​ဟုန်​တစ်​ပါး၊

ဟေ​ရှ​ဘုန်​မြို့​နှင့်​တ​ကွ လွင်​ပြင်၌ ရှိ​သ​မျှ​သော​မြို့၊ ဒိ​ဘုန်​မြို့၊ ဗာ​မုတ်​ဗာ​လ​မြို့၊ ဗက်​ဗာ​လ​မောင်​မြို့၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ