Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 25:4

Judson Bible

သင့်​ကို အ​ရှေ့​ပြည်​သား​တို့​အား ငါ​အ​ပိုင်​ပေး​မည်။ သူ​တို့​သည် သင်၏​အ​ထဲ၌ ဘုံ​ဗိ​မာန်​တို့​ကို တည်​ဆောက်၍ နေ​ရာ​ကျ​ကြ​လိမ့်​မည်။ သင်၏​အ​သီး​အ​နှံ​ကို​စား၍ သင်၏​နို့​ကို​သောက်​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန်​ယာ​ကုပ်​သည် ခ​ရီး​သွား၍၊ အ​ရှေ့​ပြည်​သား​တို့​နေ​ရာ​အ​ရပ်​သို့ ရောက်​ပြီး​လျှင်၊

ယွာ​ဘ​သည်​လည်း အ​မ္မုန်​ပြည်၊ ရ​ဗ္ဗာ​မြို့​ကို​တိုက်၍ မြို့​တော်​ကို​ရ​ပြီး​မှ၊

ပ​ညာ​တော်​သည် အ​ရှေ့​ပြည်​သား​ပ​ညာ​နှင့် အဲ​ဂု​တ္တု​ပြည်​သား​ပ​ညာ​ကို​လွန်​ကဲ၏။

သင်​တို့​ပြည်​သည် လူ​ဆိတ်​ညံ​လျက်​ရှိ​၏။ သင်​တို့ မြို့​များ​ကို မီး​လောင်​ပြီ။ သင်​တို့​မြေ​ကို​လည်း တ​စ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​သည် သင်​တို့​မျက်​မှောက်​၌​စား​ကြ​၏။ ရန်​သူ​ဖျက်​ပြီး​သ​ကဲ့​သို့၊ လူ​ဆိတ်​ညံ​လျက်​ရှိ​၏။

ဖြောင့်​မတ်​ခြင်း​မင်္ဂ​လာ လိုက်​တတ်​သော​သူ​ကို အ​ရှေ့​ပြည်​က၊ အ​ဘယ်​သူ ပေါ်​လာ​စေ​သ​နည်း။ လူ​အ​မျိုး​မျိုး​တို့​ကို သူ၌​အပ်၍၊ ရှင်​ဘု​ရင်​တို့​ကို အုပ်​စိုး​စေ​ခြင်း​ငှာ၊ အ​ဘယ်​သူ​စီ​ရင်​သ​နည်း။ ရန်​သူ​တို့​ကို သူ၏​ဓား​ရှေ့​မှာ မြေ​မှုန့်​ကဲ့​သို့​လည်း​ကောင်း၊ သူ၏​လေး​ရှေ့​မှာ လွင့်​သော​ဖွဲ​ကဲ့​သို့​လည်း​ကောင်း အ​ဘယ်​သူ​ဖြစ်​စေ​သ​နည်း။

သူ​တို့​သည် အိမ်​ကို​ဆောက်၍ အ​ခြား​သော​သူ နေ​ရ​မည်​မ​ဟုတ်။ သူ​တို့​သည် စ​ပျစ်​ဥ​ယျာဉ်​ကို​စိုက်၍ အ​ခြား​သော​သူ စား​ရ​မည်​မ​ဟုတ်။ ငါ၏​လူ​တို့​အ​သက်​သည် သစ်​ပင်၏​အ​သက်​ကဲ့​သို့​ဖြစ်၍၊ သူ​တို့​သည် ကိုယ်​ပြု​စု​သော​အ​ရာ​ကို ကြာ​မြင့်​စွာ သုံး​ဆောင်​ရ​ကြ​လိမ့်​မည်။

ငါ​ပြစ်​မှား​သော အ​ပြစ်​ထမ်း​ပိုး​ကို လက်​တော်​နှင့် ငါ့​လည်​ပင်း​ပေါ်၌​တပ်၍ ချည်​နှောင်​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​အား​လျော့​စေ၍၊ ငါ​မ​ဆီး​တား​နိုင်​သော သူ့​တို့​လက်​သို့ ရောက်​စေ​တော်​မူ​ပြီ။

ထို​မြို့​တို့​ကို အ​မ္မုန်​အ​မျိုး​သား​တို့​နှင့်​တ​ကွ အ​ရှေ့​ပြည်​သား​တို့​အား အ​ပိုင်​ပေး​မည်။ အ​မ္မုန်​ပြည်​သား​တို့​ကို တိုင်း​နိုင်​ငံ​စု​တွင် မ​မှတ်​ရ။

သင်​တို့၌​ငါ​ပြု​လ​တ္တံ့​သော အ​မှု​ဟူ​မူ​ကား၊ သင်​တို့၌​မျက်​စိ​ပျက်​လျက်၊ စိတ်​ပူ​ပန်​လျက်​ရှိ​စေ​ခြင်း​ငှာ၊ ထိတ်​လန့်​သော​သ​ဘော၊ တူ​လာ၊ ဖျား​နာ​တို့​ကို သင်​တို့​အ​ပေါ်​မှာ​ငါ​ခန့်​ထား​မည်။ သင်​တို့​သည် မျိုး​စေ့​ကို​ကြဲ​သော်​လည်း အ​ကျိုး​မ​ရှိ။ ရန်​သူ​တို့​သည် အ​သီး​အ​နှံ​ကို​စား​ကြ​လိမ့်​မည်။

ထို​အ​ခါ​ဗာ​လမ်​သည်၊ ပ​ရော​ဖက်​စ​ကား​အား​ဖြင့် မြွက်​ဆို​သည်​ကား၊ မော​ဘ​ရှင်​ဘု​ရင်​ဗာ​လက်​က၊ လာ​ပါ။ ငါ့​အ​ဖို့ ယာ​ကုပ်​အ​မျိုး​ကို​ကျိန်​ဆဲ​ပါ။ လာ​ပါ။ ဣ​သ​ရေ​လ​အ​မျိုး​ကို ပျက်​စီး​ခြင်း​သို့​အပ်​လိုက်​ပါ​ဟု​ခေါ်၍ ငါ့​ကို အာ​ရံ​ပြည်​အ​ရှေ့​တောင်​ရိုး​မှ ဆောင်​ခဲ့​ပြီ။

သင်​မ​သိ​မ​ကျွမ်း​သော​လူ​မျိုး​သည် သင့်​နေ​ရာ​ပြည်၏ အ​သီး​အ​နှံ​ကို​လည်း​ကောင်း၊ သင်​လုပ်​ဆောင်၍​ရ​သော ဥ​စ္စာ​ကို​လည်း​ကောင်း စား​လိမ့်​မည်။ သင်​သည် ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​ကို​သာ အ​စဉ်​မ​ပြတ်​ခံ​ရ​လိမ့်​မည်။

သင်​သည် မ​ပျက်​စီး​မီ​တိုင်​အောင်၊ ထို​ရန်​သူ​သည် သင်၏​သိုး​သ​ငယ်၊ နွား​သ​ငယ်၊ မြေ​အ​သီး​အ​နှံ​ကို စား​ရ​လိမ့်​မည်။ သင့်​ကို မ​ဖျက်​ဆီး​မီ​တိုင်​အောင်၊ ဆန်​စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ၊ သိုး​နွား​အ​စီး​အ​ပွား​ကို သင့်​အ​ဖို့ မ​ချန်​မ​ထား​ရ။

ထို​အ​ခါ မိ​ဒျန်​ပြည်​သား၊ အာ​မ​လက်​ပြည်​သား၊ အ​ရှေ့​ပြည်​သား​အ​ပေါင်း​တို့​သည် စည်း​ဝေး​သ​ဖြင့်၊ ယေ​ဇ​ရေ​လ​ချိုင့်​သို့ ကူး​သွား၍ တပ်​ချ​ကြ၏။

မိ​ဒျန်​ပြည်​သား၊ အာ​မ​လက်​ပြည်​သား၊ အ​ရှေ့​ပြည်​သား​အ​ပေါင်း​တို့​သည် ချိုင့်၌​အိပ်​လျက်၊ ကျိုင်း​ကောင်​နှင့်​အ​မျှ များ​ကြ၏။ ကု​လား​အုတ်​တို့​သည်​လည်း၊ သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ အ​တိုင်း​မ​သိ​များ​ကြ၏။

ထို​အ​ခါ ဓား​ကိုင်​သော လူ​တစ်​သိန်း​နှစ်​သောင်း သေ​သော​ကြောင့်၊ အ​ရှေ့​မျက်​နှာ​အ​ရပ်​သား​အ​ပေါင်း​တို့​တွင် ကျန်​ကြွင်း​သော လူ​တစ်​သောင်း​ငါး​ထောင်​ခန့်​မျှ​သာ ပါ​လျက်၊ ဇေ​ဘ​ဟ​နှင့် ဇာ​လ​မု​န္န​တို့​သည် ကာ​ကော်​မြို့၌ ရှိ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ