တစ်ဖန်ဧဒုံပြည်သည် ချင်ရဲပြေစေခြင်းငှာ၊ ယုဒအမျိုးတစ်ဖက်၌နေ၍ အလွန်ပြစ်မှားသဖြင့်၊ အပြစ်ဒဏ်စီရင်သောကြောင့်၊
အိုထာဝရဘုရား၊ ယေရုရှလင်မြို့၏ နေ့ရက်အချိန်ရောက်သောအခါ၊ မြို့ရိုးကို အမြစ်တိုင်အောင် ရှင်းလိုက်ကြ၊ ရှင်းလိုက်ကြဟု ဆိုကြသော ဧဒုံအမျိုးသားတို့ကို အောက်မေ့တော်မူပါ။
ဒုမာပြည်နှင့်ဆိုင်သော ဗျာဒိတ်တော်ကား၊ အိုကင်းစောင့်၊ ညအမှုကား အဘယ်သို့နည်း။ အို ကင်းစောင့်၊ ညအမှုကား အဘယ်သို့နည်းဟု စိရတောင်ပေါ်က ငါ့ကို ဟစ်ခေါ်လေ၏။
အကြောင်းမူကား၊ ငါ့ဓားသည် မိုးကောင်းကင်၌ ရောင့်ရဲပြီးမှ၊ တစ်ဖန် ဧဒုံပြည်အပေါ်မှာလည်းကောင်း၊ ငါကျိန်သောလူများတို့ အပေါ်မှာလည်းကောင်း၊ ဒဏ်ပေးခြင်းငှာ ရောက်လိမ့်မည်။
တင့်တယ်သော အဝတ်တန်ဆာဆင်ခြင်း၊ ကြီးသောတန်ခိုးကြောင့် ဝါကြွားခြင်းရှိ၍၊ ပန်းဆိုးသော အဝတ်ကိုဝတ်လျက်၊ ဧဒုံပြည်ဗောဇရမြို့မှ လာသောဤသူကား၊ အဘယ်သူ ဖြစ်ပါလိမ့်မည်နည်း။ ဖြောင့်မတ်ခြင်းတရားကို ဟော၍၊ ကယ်တင်ခြင်းငှာ တန်ခိုးကြီးသော ငါပေတည်း။
မောဘပြည်ကိုလည်း ငါသည်အပြစ်ဒဏ်စီရင်၍၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
တစ်ဖန် ဖိလိတ္တိလူတို့သည် အငြိုးထား၍ မနာလိုသောစိတ်အားကြီးသည်နှင့် ဒေါသအလိုကိုပြည့်စုံစွာပြု၍၊ ရှင်းရှင်းဖျက်ဆီးခြင်းငှာ အပြစ်ဒဏ်ပေးသောကြောင့်၊
တစ်ဖန် မောဘပြည်နှင့် စိရမြို့က၊ ယုဒအမျိုးသည် တစ်ပါးအမျိုးသားအပေါင်းတို့နှင့် တူသည်ဟုဆိုသောကြောင့်၊
ထိုအရပ်၌ ဧဒုံလည်းရှိ၏။ ဧဒုံရှင်ဘုရင်နှင့် မှူးတော်မတ်တော်တို့သည် မိမိတို့တန်ခိုးပါလျက်၊ ဓားဖြင့်သေသော သူတို့နှင့်အတူ နေရာကျ၍၊ အရေဖျားလှီးခြင်းကို မခံသောလူ၊ မြေတွင်းထဲသို့ ဆင်းသွားသောသူတို့နှင့်အတူ အိပ်ရကြ၏။
အကယ်စင်စစ် ငါ့ပြည်ကိုလုယူစရာဖို့ ပစ်ထားခြင်းငှာ အလွန်ဝမ်းမြောက်သောစိတ်၊ အငြိုးထားသောစိတ်ရှိ၍၊ ကိုယ်တိုင်လုယူစရာဖို့ စီရင်သော ဧဒုံအမျိုးသားအပေါင်းတို့နှင့် ကျန်ကြွင်းသော တစ်ပါးအမျိုးသားတို့ တစ်ဖက်၌ ငါသည် ဒေါသမီးထွက်၍ ပြောထားပြီ။
အရှင်ထာဝရဘုရားသည် ဧဒုံပြည်ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ ထာဝရဘုရား ကြွေးကြော်တော်မူသံကို ငါတို့သည် ကြားကြ၏။ သင်တို့ထ၍ ဧဒုံပြည်ကို တိုက်ခြင်းငှာ စစ်ချီကြလော့ဟု၊ တစ်ပါးအမျိုးသားတို့ထံသို့ သံတမန်ကို စေလွှတ်တော်မူပြီ။