Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 23:48

Judson Bible

ထို​သို့ အ​ခြား​သော မိန်း​မ​ရှိ​သ​မျှ​တို့​သည် သင်​တို့​ကဲ့​သို့ အ​ဓ​မ္မ​အ​မှု​ကို​မ​ပြု​ဘဲ သ​တိ​ရ​စေ​ခြင်း​ငှာ၊ သင်​တို့ အ​ဓ​မ္မ​အ​မှု​ကို တစ်​ပြည်​လုံး၌ ငါ​ပယ်​ရှင်း​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ည​အ​ခါ အ​ကျွန်ုပ်​သည် စိတ်​နှ​လုံး​နှင့် ကိုယ်​တော်​ကို တောင့်​တ​ပါ၏။ နံ​နက်​အ​ခါ အ​ကျွန်ုပ်​သည် အ​တွင်း​ဝိ​ညာဉ်​အား​ဖြင့် ကိုယ်​တော်​ကို​ရှာ​ပါ၏။ မြေ​ပေါ်​မှာ အ​မှု​ကို​စစ်​ကြော​စီ​ရင်​တော်​မူ​သော​အ​ခါ၊ လော​ကီ​သား​တို့​သည် တ​ရား​ကို​သင်​ကြ၏။

သင့်​အိမ်​တို့​ကို​လည်း မီး​ရှို့၍ များ​စွာ​သော မိန်း​မ​တို့​ရှေ့​မှာ သင့်​ကို အ​ပြစ်​ဒဏ်​ပေး​ကြ​သ​ဖြင့်၊ သင်​သည် နောက်​တစ်​ဖန် ပြည့်​တန်​ဆာ​မ​လုပ်​ဘဲ နေ​စေ​ခြင်း​ငှာ ငါ​ပြု​မည်။ နောက်​တစ်​ဖန် သင်​သည် သူ​တစ်​ပါး​တို့​ကို မ​ငှား​ရ။

သင့်​ကို​လည်း အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​တို့​တွင်၊ အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ​မည်။ သင်၏​အ​ညစ်​အ​ကြေး​ကို​လည်း ပယ်​ရှင်း​မည်။

ထို​သို့​သင်​သည် နောက်​တစ်​ဖန် မျှော်​မ​ကြည့်၊ အဲ​ဂု​တ္တု​ပြည်​ကို မ​အောက်​မေ့​စေ​ခြင်း​ငှာ၊ သင်​ပြု​သောအ​ဓ​မ္မအမှုနှင့် အဲ​ဂု​တ္တု​ပြည်​မှပါသောအ​ဓမ္မမေ​ထုန်​ကို​ငါ​ငြိမ်း​စေ​မည်။

ထို​အ​လုံး​အ​ရင်း​သည် မိန်း​မ​တို့​ကို ခဲ​နှင့်​ပစ်၍၊ ဓား​နှင့်​ခုတ်​ကြ​လိမ့်​မည်။ သား​သ​မီး​တို့​ကို​သတ်၍ အိမ်​တို့​ကို​လည်း မီး​ရှို့​ကြ​လိမ့်​မည်။

လူ​အ​လုံး​အ​ရင်း​သည် သင်​တို့ အ​ဓ​မ္မ​အ​မှု၏​အ​ပြစ်​နှင့်​အ​လျောက်​စီ​ရင်၍၊ သင်​တို့​သည် ရုပ်​တု​များ​နှင့်​ဆိုင်​သော အ​ပြစ်​ကို​ခံ​ရ​လျက်၊ ငါ​သည် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

သင်​တို့​အ​ပေါ်​မှာ သန့်​ရှင်း​သော​ရေ​ကို ဖျန်း​သ​ဖြင့်၊ သင်​တို့​ကို ခပ်​သိမ်း​သော အ​ညစ်​အ​ကြေး​မှ​စ၍ ခပ်​သိမ်း​သော ရုပ်​တု​တို့​နှင့် ကင်း​စင်​စေ​မည်။

ဒေါ​သ​အ​မျက်​အ​ရှိန်​အား​ဖြင့် သင်၌ ပြင်း​စွာ​သော အ​ပြစ်​ဒဏ်​ကို ငါ​စီ​ရင်​သော​အ​ခါ၊ ပတ်​လည်၌ နေ​သော လူ​အ​မျို​မျိုး​တို့​တွင် သင်​သည် ကဲ့​ရဲ့​ပြစ်​တင်​ရာ၊ သ​တိ​ရ​ရာ၊ အံ့​ဩ​ဖွယ်​ရာ​ဖြစ်​လိမ့်​မည်။ ထို​သို့ ငါ​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သင်​တို့​နေ​ရာ​အ​ရပ်​ရပ်၌ ရှိ​သော​မြို့​တို့​သည် ပြို​ပျက်၍၊ မြင့်​သော အ​ရပ်​တို့​သည် လူ​ဆိတ်​ညံ​လျက်၊ ယဇ်​ပ​လ္လင်​တို့​သည် သုတ်​သင်​ပယ်​ရှင်း​လျက်၊ ရုပ်​တု​ဆင်း​တု အ​မျိုး​မျိုး​တို့​သည် ခုတ်​လှဲ​ချိုး​ဖဲ့​ခြင်း​ကို​ခံ​ရ​လျက်၊ သင်​တို့​လုပ်​သော အ​ရာ​တို့​သည် ပျောက်​ပျက်​လျက် ရှိ​ကြ​လိမ့်​မည်။

လူ​နှင့် တိ​ရ​စ္ဆာန်​တို့​ကို ပယ်​ရှင်း​မည်။ မိုး​ကောင်း​ကင်​ငှက်​နှင့် ပင်​လယ်​ငါး​တို့​ကို​လည်း​ကောင်း၊ အ​ဓ​မ္မ​လူ​တို့​နှင့်​တ​ကွ ပြစ်​မှား​စ​ရာ​အ​ကြောင်း​တို့​ကို​လည်း​ကောင်း ငါ​ပယ်​ရှင်း​မည်။ မြေ​တစ်​ပြင်​လုံး၌​ရှိ​သော လူ​သ​တ္တ​ဝါ​တို့​ကို​လည်း ငါ​ပယ်​ရှင်း​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထို​သ​တင်း​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ကြား၍၊ ထို​သို့​သော အ​ဓ​မ္မ​အ​မှု​ကို သင်​တို့​တွင် နောက်​တစ်​ဖန်​မ​ပြု​ဝံ့​ဘဲ နေ​ကြ​လိမ့်​မည်။

အ​ဓ​မ္မ​လူ​တို့​သည် သင်​တို့​အ​ထဲ​က​ထွက်၍၊ သင်​တို့​မ​သိ​သော၊

သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​တို့​ကို မီး​ရှို့၍ ဖျက်​ဆီး​ရာ၊ ဒဏ်​စီ​ရင်​တော်​မူ​သ​ဖြင့် နောင်၌ မ​တ​ရား​သော အ​ကျင့်​ကို ကျင့်​အံ့​သော​သူ​တို့​အား ပုံ​သက်​သေ​ကို ထား​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ