ပြည့်တန်ဆာမိန်းမရှိရာသို့ ယောက်ျားဝင်တတ်သကဲ့သို့၊ သူတို့သည် ထိုအဓမ္မမိန်းမအဟောလနှင့် အဟောလိဗရှိရာသို့ ဝင်ကြ၏။
ဖောက်ပြန်သော ဣသရေလသည် မတရားသောမေထုန်ကိုပြု၍၊ မှားယွင်းသောအပြစ်များကြောင့်၊ သူနှင့်ငါကွာ၍ ဖြတ်စာကို အပ်သော်လည်း၊ သစ္စာပျက်သောညီမ ယုဒသည်လည်း၊ မကြောက်ဘဲသွား၍၊ ပြည့်တန်ဆာလုပ်ကြောင်းကို ငါမြင်ရ၏။
သူတို့သည် အသက်ငယ်စဉ်အခါ၊ အဲဂုတ္တုပြည်၌ မတရားသောမေထုန်ကို ပြုကြ၏။ ထိုပြည်၌ သူတို့၏သားမြတ်ကို ပွတ်နယ်၍ အပျိုမအသရေကို ရှုတ်ချကြ၏။
အစ်မကား၊ အဟောလ၊ ညီမကား အဟောလိဗ အမည်ရှိ၏။ ထိုသူနှစ်ယောက်တို့သည် ငါ၏ခင်ပွန်းဖြစ်၍ သားသမီးတို့ကို ဖွားမြင်ကြ၏။ အဟောလအမည်သည် ရှမာရိဟူ၍လည်းကောင်း၊ အဟောလိဗအမည်သည် ယေရုရှလင်ဟူ၍လည်းကောင်း ဆိုလိုသတည်း။
ငါကလည်း၊ ထိုသူတို့သည် ဤမိန်းမနှင့်ပင် အကယ်၍ မတရားသောမေထုန်ကို ပြုကြလိမ့်မည်လောဟု၊ အိုသည်တိုင်အောင် ပြည့်တန်ဆာလုပ်သော ထိုမိန်းမကို ရည်မှတ်၍ဆိုသော်၊
သို့ဖြစ်၍၊ မျောက်မထားသောမိန်းမ၊ လူအသက်ကိုသတ်သော မိန်းမဖြစ်သောကြောင့်၊ မျောက်မထားသောမိန်းမ၊ လူအသက်ကိုသတ်သော မိန်းမကို စီရင်သကဲ့သို့၊ ဖြောင့်မတ်သောသူတို့သည် စီရင်ကြလိမ့်မည်။