Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 23:43

Judson Bible

ငါ​က​လည်း၊ ထို​သူ​တို့​သည် ဤ​မိန်း​မ​နှင့်​ပင် အ​ကယ်၍ မ​တ​ရား​သော​မေ​ထုန်​ကို ပြု​ကြ​လိမ့်​မည်​လော​ဟု၊ အို​သည်​တိုင်​အောင် ပြည့်တန်​ဆာ​လုပ်​သော ထို​မိန်း​မ​ကို ရည်​မှတ်၍​ဆို​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

ဘိုး​ဘေး​လက်​ထက်​မှ​စ၍ ယ​နေ့​တိုင်​အောင်၊ အ​လွန်​ပြစ်​မှား​ပါ​ပြီ။ ကိုယ်​အ​ပြစ်​ကြောင့် ရှင်​ဘု​ရင်​နှင့် ယဇ်​ပု​ရော​ဟိတ်​မှ​စ၍၊ အ​ကျွန်ုပ်​တို့​သည် ယ​နေ့​တိုင်​အောင် ခံ​သ​ကဲ့​သို့၊ တစ်​ပါး​အ​မျိုး​သား ရှင်​ဘု​ရင်​လက်​သို့ အပ်​ခြင်း၊ အ​သေ​သတ်​ခြင်း၊ သိမ်း​သွား​ခြင်း၊ လု​ယက်​ခြင်း၊ မျက်​နှာ​ပျက်​ခြင်း​ကို ခံ​ရ​ပါ၏။

အ​ကျွန်ုပ်​တို့​သည် ဘိုး​ဘေး​တို့​နှင့်​အ​တူ ပြစ်​မှား​ကြ​ပါ​ပြီ။ ဒု​စ​ရိုက်​ကို ပြု​ကြ​ပါ​ပြီ။ မ​တ​ရား​သော​အ​မှု​ကို ပြု​ကြ​ပါ​ပြီ။

အဲ​သ​ယော​ပိ​လူ​သည် မိ​မိ​အ​ရေ၏​အ​ဆင်း​ကို​လည်း​ကောင်း၊ ကျား​သစ်​သည် မိ​မိ​အ​ကွက်​အ​ကျား​တို့​ကို​လည်း​ကောင်း ပြောင်း​လဲ​နိုင်​သ​လော။ ပြောင်း​လဲ​နိုင်​လျှင်၊ ဒု​စ​ရိုက်​ကို ပြု​လေ့​ရှိ​သော​သူ​တို့​သည်၊ သု​စ​ရိုက်​ကို​ပြု​ခြင်း​ငှာ တတ်​နိုင်​ကြ​လိမ့်​မည်။

သူ​တို့​သည် အ​သက်​ငယ်​စဉ်​အ​ခါ၊ အဲ​ဂု​တ္တု​ပြည်၌ မ​တ​ရား​သော​မေ​ထုန်​ကို ပြု​ကြ၏။ ထို​ပြည်၌ သူ​တို့၏​သား​မြတ်​ကို ပွတ်​နယ်၍ အ​ပျို​မ​အ​သ​ရေ​ကို ရှုတ်​ချ​ကြ၏။

ပြည့်​တန်​ဆာ​မိန်း​မ​ရှိ​ရာ​သို့ ယောက်ျား​ဝင်​တတ်​သ​ကဲ့​သို့၊ သူ​တို့​သည် ထို​အ​ဓ​မ္မ​မိန်း​မ​အ​ဟော​လ​နှင့် အ​ဟော​လိ​ဗ​ရှိ​ရာ​သို့ ဝင်​ကြ၏။

အို​ဘု​ရား​ရှင်၊ ဖြောင့်​မတ်​တော်​မူ​ခြင်း တ​ရား​တော်​ရှိ​သ​မျှ​တို့​နှင့် အ​ညီ၊ သန့်​ရှင်း​သော တောင်​တော်​တည်း​ဟူ​သော ကိုယ်​တော်၏ ယေ​ရု​ရှ​လင်​မြို့​မှ ပြင်း​စွာ​သော ဒေါ​သ​အ​မျက်​တော်​ကို လွှဲ​တော်​မူ​ပါ​ဟု အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏။ အ​ကြောင်း​မူ​ကား၊ အ​ကျွန်ုပ်​တို့ အ​ပြစ်​များ​မှ​စ၍ ဘိုး​ဘေး​တို့၏​အ​ပြစ်​များ​ကြောင့်၊ ယေ​ရု​ရှ​လင်​မြို့​နှင့် ကိုယ်​တော်၏​လူ​စု​သည် ပတ်​ဝန်း​ကျင်၌​ရှိ​သော သူ​တို့​တွင် ကဲ့​ရဲ့​စ​ရာ​အ​ကြောင်း ဖြစ်​ပါ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ