ယေဇကျေလ 23:40Judson Bibleထိုမှတစ်ပါး၊ သင်သည် တမန်တို့ကို စေလွှတ်၍၊ ဝေးသောအရပ်မှ ယောက်ျားတို့ကိုခေါ်၍ သူတို့သည် လာကြ၏။ သူတို့အဖို့ သင်သည် ရေချိုးခြင်း၊ မျက်စိ၌ ဆေးထိုးခြင်း၊ တန်ဆာဆင်ခြင်းကိုပြုပြီးလျှင်၊ အခန်းကိုကြည့်ပါ။ |
ထိုအပျိုတော်တို့ ထုံးစံအတိုင်း၊ တစ်နှစ်စေ့သောအခါ တစ်ယောက်နောက်တစ်ယောက် အလှည့်သင့်သည်အတိုင်း၊ ရှင်ဘုရင်အာရွှေရုထံသို့ ဝင်ရ၏။ ခြောက်လပတ်လုံး မုရန်ဆီ၊ ခြောက်လပတ်လုံး နံ့သာမျိုး အစရှိသော စင်ကြယ်စေသော ဆေးမျိုးကိုသုံး၍၊ စင်ကြယ်ခြင်းအမှု ပြီးသည်တိုင်အောင် ထိုမျှကာလကို လွန်စေရ၏။
သင်သည် ပျက်စီးခြင်းသို့ရောက်သောအခါ အဘယ်သို့ ပြုလိမ့်မည်နည်း။ နီမောင်းသောအဝတ်ကို ဝတ်သော်လည်းကောင်း၊ ရွှေတန်ဆာကို ဆင်သော်လည်းကောင်း၊ သင်၏မျက်နှာစုတ်ပဲ့သည်တိုင်အောင် ဆေးသုတ်သော်လည်းကောင်း၊ သင်၏တင့်တယ်ခြင်းကို အချည်းနှီးပြ၏။ သင်၏ရည်းစားတို့သည် သင့်ကိုစွန့်၍၊ သင်၏အသက်ကို သတ်ခြင်းငှာ ရှာကြံကြ၏။